အခန်း (၅) အတွက်မှားခြင်း (အပိုင်း ၁)

5.5K 959 12
                                    

ကံခေသော ဖြစ်ရပ်များ

🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋

ဖိန်ရှာဟာ ဆာလောင်မွတ်သိပ်နေရင်းနဲ့ပဲ စုစုပေါင်း ခုနှစ်ကြိမ်တိတိ နိုးခဲ့ပါတယ်။ ပြီးတော့ သူမျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါတိုင်းမှာလည်း အပြင်ဘက်ဟာ ပိန်းပိတ်အောင်ကို မှောင်နေဆဲပါ။ ခုနစ်ကြိမ်မြောက်မှာတော့ သူလုံးဝသည်းခံမနေနိုင်တော့ပါဘူး။

"ဒီနေရာမှာ ဘယ်လိုအချိန်မှ နေကထွက်လာမှာလဲကွာ"

ဘယ်သူမှမရှိတဲ့ လျှောက်လမ်းမတလျှောက် သူ အော်ချပစ်လိုက်ပါတယ်။

"ဒီဟိုတယ်ကနေ နေကိုမမြင်နိုင်ဘူး"

သူ့နောက်ကျောဘက်ကနေ အိုက်စဖယ်ရဲ့ အေးစက်စက်လေသံကြောင့် ဖိန်ရှာတယောက် ထခုန်မိသွားပြီး တဖက်ကို လှည့်ကြည့်လိုက်ပါတယ်။

"လမ်းလျှောက်တဲ့အချိန်မှာ အသံတသံမှ မထွက်အောင်တောင် ခင်ဗျားဘာလ့ိုလျှောက်လာတာလဲ"

"ဘာလို့ဆို မင်းနားမှာ နားဖာချေးတွေများနေလို့ပေါ့"

အိုက်စဖယ်ဟာ ဖိန်ရှာ့နားကိုကြည့်ရင်း ပြောပါတယ်။ ဖိန်ရှာသူ့ကို လျစ်လျူရှုထားလိုက်ကာ

"ဘယ်အချိန်ရှိနေပြီလဲ"

"နေ့လယ် ၃နာရီ"

"ကျွန်တော်အဲလောက်တောင်ကြာအောင် အိပ်မိသွားတာလား"

ဖိန်ရှာ အနည်းငယ်တော့ အံ့သြသွားမိပါတယ်။

"မဟုတ်ဘူး၊ သုံးရက်ထဲပါ" အိုက်စဖယ်က ပေါ့ပေါ့ပါးပါးပြောပါတယ်။

"........."

သူ ခေါင်းတွေ ဒါကြောင့်ကိုက်နေရတာကိုး။

"ဟို၊ ဒီမှာ ချက်ပြီးသားအစားအစာတွေရှိလား"

"စားသောက်ဆိုင်ကို သွားလိုက်ပါ"

အတွေးတခုက ဖိန်ရှာ့ခေါင်းထဲကို ဝင်လာလျှက်

"ကျွန်တော် ၃ရက်တောင် အစာမစားဘူးဆိုတော့ ကျွန်တော့်ပိုက်ဆံတွေကို နုတ်ထားပေးလို့ရလား"

သုံးရက်ဆို ၅၀ လေ ပြီးတော့ ၅၀ ဒေါ်လာဆိုတာ အများကြီးပဲ။

ဝိဉာဉ်ဟိုတယ် (Myanmar Translation)Where stories live. Discover now