ခုမှတော့ နောက်ပြန်လှည့်လို့မရတော့ဘူး...
🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋
သူတို့ ခုနကဘားကို ပြန်ရောက်တော့ နောက်ထပ်သော ဇီဝရုပ်ရှိတဲ့သက်ရှိအမျိုးအစားတွေကို ဖိန်ရှာ ထပ်တွေ့လိုက်ရပါတယ်။
သူတွေ့ဖူးပြီးသွားတဲ့ ဟီရူး၊ ဂျင်နဲ့ အေစ အပြင် အဲ့မှာနောက်ထပ် မျက်နှာအပြည့် မှဲ့ခြောက်တွေနဲ့လူပုတယောက်ရယ်၊ နားရွက်ချွန်ချွန်လေးကို ကြည့်ခြင်းအားဖြင့်သိနိုင်တဲ့ ဆံပင်အနီရောင်နဲ့ နတ်သူငယ်လေးတယောက်ရယ်၊ ပြီးတော့ တွန့်လိမ်ရှည်လျားတဲ့ ဆံပင်ညိုညိုကိုပိုင်ဆိုင်ထားတဲ့ ထီမထင်မျက်နှာထားနဲ့လို့ ထင်ရတဲ့လူတယောက်ရယ်ပါ။ ဘာလို့ ထင်မြင်ချက်ပေးရတာလဲဆိုတော့ ထိုလူဟာ သူတို့တွေအားလုံးနဲ့ ၁၀ မီတာလောက် ဝေးရာနေရာမှာ ထိုင်နေလို့ပါ။
"ဒါက ဒီမှာအလုပ်လုပ်တဲ့ဝန်ထမ်းတွေ အကုန်လုံးလား"
"အဖွဲ့ထဲ မင်းကို သွင်းလိုက်တာကို ငါတို့ကြိုဆိုပါတယ်"
ဖိန်ရှာလည်း တခုခုတော့ ဝင်အကြံပေးကိုပေးသင့်တယ်လို့ ခံစားမိလာရတာနဲ့ပဲ
"မင်းတို့ရဲ့ လူရှာတဲ့ကြေညာမှာ ဟိုတယ်ဆိုတဲ့စကားလုံးကို မထည့်ကြဖို့ မစဉ်းစားမိကြဘူးလား၊ ပြီးတော့ ဒီနေရာကြီးကို ဟိုတယ်လို့ခေါ်မယ့်အစား အဆောင်လို့ပဲခေါ်တာ ပိုမကောင်းဘူးလား"
"အဲလိုကြေညာရင်ရော မင်းက ဒီအလုပ်ကို လျှောက်ဦးမှာပဲလား"
အိုက်စဖယ်က မေးပါတယ်။
"မလျှောက်ပါဘူး"
သူ ဒီနေရာကို မျက်လုံးနဲ့တောင် စွေမကြည့်ဘူး။
"အဲဒါကြောင့် ငါထည့်မစဉ်းစားခဲ့တာပဲလေ"
ဒီလူကတော့ တကယ်ကို ရိုက်စားကောင်ကြီးပဲလို့ ဖိန်ရှာ တထစ်ချကို တွေးလိုက်ပါတော့တယ်။
✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️✳️
ဟီရူးရဲ့မိတ်ဆက်ပေးခြင်းနဲ့အတူပဲ သူ နောက်ဆုံးတော့ ဒီဟိုတယ်ကြီးရဲ့အလုံးစုံသော ဖွဲ့စည်းပုံအဖြာဖြာကို နားလည်သွားရပါတော့တယ်။
YOU ARE READING
ဝိဉာဉ်ဟိုတယ် (Myanmar Translation)
Fantasyအချိန်အကြာကြီး အလုပ်လက်မဲ့ဖြစ်ခဲ့ပြီး နောက်ဆုံးမှာတော့ "ဖိန်ရှာရှီ" အလုပ်တခုကို ရှာတွေ့ခဲ့လေသည်။ ထိုအလုပ်ကတော့ စင်္ကြာဝဠာတခုလုံးမှာ ရှေးအကျဆုံးဖြစ်တဲ့ ဟိုတယ်ကြီးတခုရဲ့ ဧည့်ကြိုကောင်တာထိုင်ရန်ပင် ဖြစ်သည်။ ထိုဟိုတယ်ကြီးမှာ မိုးကျရွှေကိုယ် တမန်တော်တပါ...