အခန်း (၅၅) ကံကောင်းခြင်း (အပိုင်း ၁)

786 197 14
                                    

အခြေခံအားဖြင့်ဆိုရလျှင် ၂၅ ထပ်နှင့်အပေါ်ထပ်များက အရာရာတိုင်းဟာ ဝန်ထမ်းများသီးသန့်သာဖြစ်သည်။ ထို့ကြောင့် ဒီလိုဧည့်သည်အနည်းငယ်လေးအတွက် အောက်ထပ် အထပ်၂၀မှာရှိသည့်အခန်းများသည်ပင် ပိုတာထက်လွန်လို့နေပြီဖြစ်သည်။ သို့သော် တည်းခိုသူဦးစားပေးဟူသောစည်းမျဉ်းကိုထိန်းသိမ်းကာ လန်ကာ၏တောင်းဆိုချက်ကို အလွန်အရဲစွန့်ပြီး ဖိန်ရှာသဘောတူပေးလိုက်ရသည်။

အခန်းကိုသွားသည့်လမ်းတွင် အေစက ဖိန်ရှာ့ဘေးတွင် ကိုယ်ရံတော်သဖွယ်လိုက်လံပေးသည်။ ပထမဆုံးအကြိမ်ဧည့်သည်ကိုစတင်နှုတ်ဆက်စဉ် ဖိန်ရှာခြိမ်းခြောက်ခံခဲ့ရသည့်အချိန်ကတည်းက သူ့လုံခြုံရေးကို အေစကအထူးအလေးပေးထားခဲ့ခြင်းဖြစ်သည်။

လေတွန်ကတော့ လန်ကာ့ဘေးပတ်လည်တွင် ဝီရိယရှိရှိဖြင့် ရစ်သီရစ်သီလုပ်နေသည့်လက်ထောက်နှင့်တူသည်။ ထိုရစ်သီရစ်သီလုပ်ခြင်းဟာ လန်ကာတယောက် ဖိန်ရှာရှိရာဘက်သို့ ထောင့်ချိုးတခုတွင် ပြန်လှည့်လျှောက်လိုက်သည့်အချိန် လန်ကာက လေတွန့်ဖင်ကို မတော်တဆကန်ထည့်လိုက်မိသည့်အခိုက်ထိသာဖြစ်သည်။

"ဟီရူးက ဒီမှာနေနေကြလား" လန်ကာကမေးသည်။

ဒါဖြင့်သူအသစ်ကလေးမလို့လား...

ထိုမေးခွန်းနဲ့ပတ်သတ်ပြီး ဖိန်ရှာဘာပြန်ပြောရမှန်းကို မသိဖြစ်သွားကာ "သူကကျွန်တော့်ကြီးကြပ်သူ၊ သင့်တော်အောင်စီစဉ်တာနဲ့ပတ်သတ်လာရင်တော့ သူကကျွန်တော့်ထက်ပိုတော်သင့်တယ်လို့ ကျွန်တော်ထင်တယ်"

လန်ကာကပြောသည်။ "မင်းကြည့်ရတာ ငါ့ကိုမကြိုဆိုချင်ပုံပဲ"

ဖိန်ရှာပြန်ဖြေသည်။ "အရှင့်သားကတည့်တိုးပြောလွန်းနေပါပြီ"

လန်ကာပြုံးလျက် ပြန်ထေ့လိုက်သည်။ "ဒါဖြင့် ငါ့စကားကိုပြောင်းလိုက်မယ်၊ ငါဒီကိုရောက်လာတာနဲ့ပတ်သတ်ပြီး မင်းကြည့်ရတာ အလွန်ကိုမပျော်မရွှင်ဖြစ်နေပုံပဲလို့"

သေချာပေါက်ပေါ့... အဲ့အကြောင်းကိုစကားလုံးနဲ့ပြောဖို့ တခြားနည်းလမ်းပေါ့လေ... စာကြောင်းကပိုရှည်သွားပြီး စကားလုံးတွေအများကြီးသုံးထားသော်လည်း အဓိပ္ပာယ်ကတော့ ပြောင်းမှမသွားတာပဲ...

ဝိဉာဉ်ဟိုတယ် (Myanmar Translation)Where stories live. Discover now