အခန်း (၆၅) တိုက်မိခြင်း (အပိုင်း ၁)

850 201 15
                                    

နောက်တနေ့မနက်ငါးနာရီထိုး၌ ဖိန်ရှာအိပ်မပျော်သလိုဖြစ်လာသည်။ ဟိုလှိမ့်ဟိုလှည့်တနာရီလောက်လုပ်ပြီး နောက်ဆုံးတော့သူမတတ်နိုင်တော့ဘဲ ငုတ်တုတ်ထထိုင်ကာ တိတ်တိတ်လေးအိပ်ယာဘေးမီးအိမ်လေးကို ဖွင့်လိုက်တော့သည်။

အဖြူအမည်းအခန်းကြီးက မှိန်ပျသည့်အလင်းရောင်ဖြင့် နွေးထွေးစွာတောက်ပမှုရရှိလို့လာသည်။ သူစောင်ကိုဆွဲလုံးခြုံလိုက်ပြီး သူ့ခန္ဓာကိုယ်ကို အိပ်ယာအစွန်းသို့ရောက်အောင် ဖြည်းဖြည်းချင်းရွှေ့သွားလိုက်သည်။ အိုက်စဖယ်ကတော့ သူ့နောက်ဘက်တွင်အိပ်မောကျလျက်ရှိသည်။ သူ့ရဲ့ရှည်လျားသည့်မျက်တောင်များက အောက်မျက်ခမ်းထိအောင်ဖုံးထားနိုင်ပြီး အခုသူ့ပုံစံမှာ အပြစ်ကင်းစင်ပြီးနူးညံ့လေသည်။ (ဖိန်ရှာက ကြမ်းပြင်ပေါ်မှာအိပ်ရတာပါ)

ပထမဆုံးအကြိမ် ဖိန်ရှာသိလိုက်ရသည်မှာ အိုက်စဖယ့်တွင်လဲ ထိုကဲ့သို့ချစ်ဖို့ကောင်းကာ ဖြူစင်သည့်ဘက်ခြမ်းရှိသည်ကိုဖြစ်သည်။

မျက်တောင်ရှည်ကြီးများ ရုတ်တရက်အပေါ်သို့လန်သွားပြီး မင်လိုမျက်ဆံများက မျက်နှာကြတ်ကိုကြည့်လိုက်ပြီးနောက် ဖိန်ရှာရှိရာဘက်ကို ဖြည်းညင်းစွာခေါင်းလှည့်ပြီးကြည့်လေသည်။

လက်ပေါ်မေးတင်ထားပြီး ဖိန်ရှာက အိပ်ယာအစွန်းမှာ ခြေပစ်လက်ပစ်လဲနေသည်။ သူပြုံးလိုက်ပြီးပြောလိုက်သည်။ "ကောင်းသောမနက်ခင်းပါ"

အချိန်သိဖို့အတွက် အိုက်စဖယ်ကနံရံပေါ်ကနာရီကိုလှမ်းကြည့်လိုက်ပြီးနောက် နောက်ပြန်လှည့်သွားပြီး မျက်လုံးများကိုမှိတ်ကာ ဆက်အိပ်ဖို့လုပ်တော့သည်။

"မအိပ်ပါနဲ့၊ စကားပြောရအောင်" ဖိန်ရှာက သူ့အပေါ်ပိုင်းကိုယ်လုံးကို မွေ့ယာပေါ်တင်လှဲလိုက်သည်။

အိုက်စဖယ်ကမလှုပ်ပါ။

"လွတ်မြောက်ရေးအတိုက်အခံအုပ်စုအကြောင်းပြောကြမလား" ဖိန်ရှာ့ခန္ဓာကိုယ်က ရှေ့ကိုပိုပို၍သာတိုးသွားတော့သည်။ "ငရဲရဲ့သမိုင်းကြောင်းဆိုလဲ အိုကေတယ်နော်" အခုသူအဲလိုပြောလိုက်မိတော့မှ သူ့ကိုအိပ်မောကျသွားစေမဲ့သမိုင်းသင်ရိုးအတန်းတခုတက်လိုက်ရရင်လဲ ကောင်းဦးမယ်လို့တွေးလိုက်မိသည်။

ဝိဉာဉ်ဟိုတယ် (Myanmar Translation)Where stories live. Discover now