(Unicode)
" Plan....ဒီညနေအတန်းပြီးရင် ဟိုလမ်းကြားထဲကခေါက်ဆွဲဆိုင်မှာသွားစားကြမယ် ''
Botanyဆရာ မလာသေးလို့ Ipad နဲ့ Digital Art ထိုင်ဆွဲနေတဲ့ Plan ကို Yacht လှမ်းပြောနေပေမဲ့ ကြားတဲ့ပုံလည်းမပေါ်။ Plan က သူစိတ်ဝင်စားတဲ့အရာတစ်ခုလုပ်နေရရင် အမြဲထမင်းမေ့၊ဟင်းမေ့ ငြိမ်နေတတ်တဲ့လူဆိုတော့လည်း ။
" ကြားကောကြားရဲ့လား Plan ရယ် Plan ရေ သွားစားမယ်လိုက်မယ်မလား? " Sammy က အသံစူးစူးနဲ့ကုန်းအော်မှ...
" မလိုက်ချင်ပါဘူး နင်တို့အတွဲကြားထဲကန့်လန့်ကန့်လန့်နဲ့ အိမ်ရောက်မှပဲစားတော့မယ် ''
" Plannnn နင်ကလည်း First MB ကတည်းကအမြဲလိုက်နေတာကို ဒီနေ့မှဘာဖြစ်တာလဲ ဆိုင်မှာ menu အသစ်ရောက်နေတယ်လို့ရေးထားတယ် သွားစားမယ် ''
" စားနေကျကိုကွာ နင်တို့နှစ်ယောက်မရိုးသေးဘူးလား ငါကတော့ Third Wheel ဘဝနဲ့သွားစားရလွန်းလို့ ရိုးနေပြီ ''
" Third wheel ဘဝမဖြစ်ချင်ရင် ရည်းစားထားပါလားကွ မင်းကိုသဘောကျတဲ့လူတွေထဲမှာ ကောင်လေးဆိုလဲတကယ်အမိုက်စား ကောင်မလေးတွေဆိုလဲချစ်စရာလေးတွေ တခါတလေ အပျော်လေးဘာလေး Date ကြည့်ပါလား? "
3rd MB ရောက်တဲ့အထိ ဘယ်သူနဲ့မှမပတ်သက်ဘဲ တစ်ယောက်ထဲနေနေတဲ့ Plan ကို အားမလိုအားမရဖြစ်လွန်းလို့ Yacht ဝင်ပြောမိသည်။
" ငါ....ငါကတကယ်ချစ်တဲ့လူနဲ့ပဲတွဲချင်တာ ''
" မဟုတ်မှလွဲရော..... မင်း First Mb တုန်းကကြောင်လေး Rocky ကားရှေ့ထွက်ပြေးတုန်းဝင်ကူခဲ့တဲ့တစ်ယောက်ကို မင်းမျှော်နေသေးတာလား? မင်းနောက်ကျောပဲ မြင်လိုက်ရတယ်ဆိုတဲ့တစ်ယောက်ကိုလေ? "
" မျှော်တယ်လည်းမဟုတ်ပါဘူးကွာ....ဒါပေမဲ့ သူ့နောက်ကျောကိုမြင်လိုက်ရုံနဲ့ ငါအကြာကြီးသိခဲ့ဖူးတဲ့လူလိုရင်းနှီးနေတဲ့ခံစားချက်ကိုရလိုက်တာ ဒီတိုင်းသူ့ကျောလေးကိုက နွေးထွေးနေသလိုမျိုး ငါသူ့ကိုတနေရာရာမှာသိဖူးနေတယ်လို့ခံစားရတော့ ဒီတိုင်း တစ်ခါလောက်ထပ်တွေ့ချင်ရုံပါပဲ... ''
" အင်းပါကွာ ညနေကျသွားစားမယ်နော် '' စကားစဖြတ်လိုက်ပေမဲ့ Plan က သူဆွဲထားတဲ့ကောင်းကင်ပုံလေးကိုဆက်အာရုံမစိုက်နိုင်တော့တဲ့ပုံဖြစ်သွားလေရဲ့ ! Plan ကအစွဲအလမ်းနဲ့သံယောဇဥ်သိပ်ကြီးတဲ့ကောင်လေးမှန်း ပေါင်းခဲ့တဲ့သုံးနှစ်အတွင်းသူတို့အတွဲသိပြီးသားမလို့ ဒီကောင်လေးစိတ်ထဲအနာတရဖြစ်မှာတော့ စိတ်ပူမိတာအမှန်ပါပဲ !
YOU ARE READING
~မောင်~ (MeanPlan)
Fanfictionမောင်က ငါ့ကို ဘယ်တုန်းကမှမချစ်ခဲ့ဘူးထင်ပါရဲ့~ Main Couple - " MeanPlan " (TinCan from Love By Chance, A Chance To Love) / Side couple - " PerthSaint " (AePete)