4

345 17 22
                                    

( Unicode )

Mean သူရှေ့က သိချင်စိတ်ကြောင့်အရောင်လက်နေတဲ့မျက်ဝန်းတွေနဲ့ငေးကြည့်နေတဲ့ Plan ကိုကြည့်ရင်းဘာပြောရမလဲတွေးနေမိသည်။

ကျွန်တော်မှတ်မိတဲ့ ကျွန်တော့်ကလေးဘဝကလှမှမလှခဲ့ဘဲ။ သုံးလေးနှစ်အရွယ်ကတည်းက အဖေဆိုတဲ့လူကြီးက အိမ်ကိုဘယ်ကမှန်းမသိတဲ့အန်တီကြီးတွေခဏခဏခေါ်လာတတ်တယ်။နေမကောင်းတဲ့မေမေကိုလည်းဘာဆေးမှမတိုက်ဘူး။အင်း....မေမေက အဲ့တုန်းကဘာစားစားအမြဲအန်နေတာ.....ပြီးတော့ မေမေ့အသားတွေကပူကျစ်ပြီးဖျားနေတတ်တာ နောက်တော့မေမေကအဝေးကြီးကိုထွက်သွားတာလေ.....အဖေကတော့ '' မင်းအမေဆုံးပြီတဲ့ ''
အဲ့ဒါကြောင့် ကျွန်တော့်ကို မိဘမဲ့ဂေဟာမှာလာထားသွားတာခဲ့တာဆိုပြီး စပြောပြရမလား?

မဖြစ်သေးပါဘူး........
ရုတ်တရက်ကြီးအစွန့်ပစ်ခံလိုက်ရတဲ့ ငါးနှစ်သားကလေးတစ်ယောက်ရဲ့အကြောင်းကိုတော့ Planသိချင်မှာမဟုတ်ဘူး ~
မိဘမဲ့ဂေဟာက လူတွေတောင် အရေးစိုက်ခဲ့တာမှမဟုတ်ဘဲ? မေမေ့ကိုသတိရလို့ငိုမိတဲ့ရက်တွေဆို အထိန်းဆရာ၊ဆရာမတွေရဲ့အဆူအရိုက်ခံရတာမျိုး၊အဲ့တုန်းကခန္ဓာကိုယ်သေးသေးလေးနဲ့မလို့ တခြားကလေးတွေရဲ့အနိုင်ကျင့်ခံရတာတွေ၊သူငယ်ချင်းဆိုလို့ အစိမ်းလုံးလေးကလွဲလို့ဘယ်သူမှမရှိခဲ့တာတွေ......ဘယ်သူကသိချင်မှာလဲ?မမှတ်မိတော့ဘူးဆိုတဲ့ မင်းကဒါတွေကိုသိဖို့မလိုတော့ဘူး Plan

" အစိမ်းလုံး? ငါကအစိမ်းလုံး?အဲ့နာမည်ကဘယ်ကရတာလဲ Mean.... ငါမေးနေတာကြားရဲ့လား '' Plan ရဲ့အသံစူးစူးလေးကြောင့် Mean အတွေးလွန်နေရာကနေ သတိပြန်ဝင်လာတယ်။

" လွန်ခဲ့တဲ့ဆယ့်ငါးနှစ်လောက်က ငါတို့ Chingmai က မိဘမဲ့ဂေဟာမှာတွေ့ခဲ့တာ။ အဲ့တုန်းက အလှူလာလုပ်တဲ့မင်းကငါ့ကိုသူငယ်ချင်းလုပ်ချင်လားလို့မေးခဲ့တာ Plan ။ မင်းအဲ့တုန်းကလည်း အခုလိုပဲဆိုးတဲ့ကလေးဖြစ်ခဲ့တာပဲ အတင်းသူငယ်ချင်းလုပ်မလားလိုက်မေးနေခဲ့တာလေ အဟက်..... ''

" Aiii Mean, အဲ့တုန်းကတော့ မင်းငါ့သူငယ်ချင်းလုပ်ခဲ့တယ်မလား?ဟုတ်တယ်မလား? "

" ဘယ်သိမလဲ? "

" ငါတော့သိတယ်။ ငါတို့သူငယ်ချင်းဖြစ်ခဲ့ကြလို့ မင်းက အစိမ်းလုံးလို့ငါ့ကိုခေါ်တာပေါ့။ ဟီး ဘာ​လို့အဲ့လိုခေါ်တာလဲငါ့ကိုပြောပြပါလားဟင်? "

~မောင်~ (MeanPlan)Where stories live. Discover now