[ Unicode ]
- မင်းနှလုံးသားထဲကိုငါရောက်အောင် ဘယ်လောက်ထိကြိုးစားရင်လုံလောက်မလဲ Mean? -
Bar မှာတွေ့ခဲ့ပြီးနောက်ပိုင်း Plan အလုပ်ရှုပ်နေခဲ့တယ် ~ ကျောင်းစာတွေရယ်၊ပြီးတော့ သူမေ့နေခဲ့တဲ့အတိတ်ရယ်ကိုပြန်ရှာဖွေနေရတာရယ်နဲ့ မအားမလပ်ဖြစ်နေခဲ့တာကြောင့် ဆေးကျောင်းနဲ့အိမ်ပဲကူးရင်းနဲ့ Mean ရှိလောက်မဲ့ KFood ဆိုင်လေးတောင်မသွားဖြစ်ဘူး * ငါမင်းကိုတွေ့ချင်လိုက်တာ * ~
တသက်လုံးပြန်ရှာဖို့စိတ်မကူးမိခဲ့တဲ့အရာတွေက အကုန်အံ့သြစရာတွေပဲ ငယ်ငယ်တုန်းကမိဘမဲ့ဂေဟာကိုတူတူသွားလှူဖူးတဲ့အထိမိသားစုချိန်လေးတွေရှိခဲ့တာ ဒါပေမဲ့စီးပွားရေးကအောင်မြင်လာတာနဲ့အမျှ အလုပ်တွေရှုပ်ပြီးအချိန်မပေးနိုင်တဲ့မိဘတွေဖြစ်လာတော့တာ ထားပါတော့~ Childhood Photo Album တွေတစ်ခုပြီးတစ်ခုပြန်လှန်ရှာနေမိတယ်။ ဘယ်နေရာမှာတစွန်းတစအနေနဲ့ Mean အကြောင်းလေးတွေသိနိုင်မလဲလို့လေ! ဓာတ်ပုံတွေတိုင်းမှာတွေ့တာက သူကအမြဲတမ်းဝက်ဝံရုပ်Keychain လေးကိုကိုင်ထားခဲ့တာ မှတ်မိပြီသူအဲ့အရုပ်ကလေးကိုအရမ်းသဘောကျခဲ့တာ ~
Plan က တခုခုဆိုအရမ်းအစွဲလမ်းကြီးတဲ့သူမလို့ ကလေးဘဝတုန်းကအရုပ်တွေကိုအခုထိသိမ်းထားတုန်း ဒါပေမဲ့အဲ့ဝက်ဝံကီးချိန်းလေးကတော့မရှိဘူး
မိဘမဲ့ဂေဟာမှာလှူတုန်းကရိုက်ထားတဲ့ပုံလေးကိုထုတ်ရင်းသူတွေးလိုက်မိတယ်။ အမေတို့နဲ့အရင်ကလောက်စကားမပြောဖြစ်ပေမယ့်မေးကြည့်ရင်တော့ ပြန်ဖြေလောက်မှာပါ။ တခုခုတော့သိရမှာTong ~ message ဝင်တဲ့အသံမလို့ Plan အတွေးကမ္ဘာထဲမျောနေရင်းကနေ ဖုန်းကိုအမြန်ကောက်ကြည့်လိုက်တယ်။ သူအကို Saint ဆီကနေ Mean အကြောင်းမေးထားတာ ပြန်ဖြေပြီထင်တယ်။
📨 သူက နည်းနည်းအေးတိအေးစက်နဲ့မလို့ အကိုလည်းသူ့အကြောင်းမသိဘူးရယ် Perth ငဆိုးကောင်ပြောတာတော့ သူကအလုပ်တွေအများကြီးပတ်လုပ်နေရတာတဲ့ Fb,Twitter လည်းသုံးပုံမရဘူးတဲ့ သူ့ဖုန်းနံပါတ်က ****
📨 ကျေးဇူးပါအကို
ဖုန်းနံပါတ်လေးကို Contact List ထဲမှာ "💙'' လို့မှတ်လိုက်မိတယ်။ Plan ဘာကြောင့် Mean ကိုဒီလောက်စွဲလမ်းနေရလဲကိုယ့်ကိုယ်ကိုမသိ
YOU ARE READING
~မောင်~ (MeanPlan)
Fanfictionမောင်က ငါ့ကို ဘယ်တုန်းကမှမချစ်ခဲ့ဘူးထင်ပါရဲ့~ Main Couple - " MeanPlan " (TinCan from Love By Chance, A Chance To Love) / Side couple - " PerthSaint " (AePete)