3

369 15 11
                                    

(Unicode)

သူက Plan ရဲ့နာမည်အပြည့််အစုံကိုသိတယ်တဲ့။ ပြီးတော့ထပ်မေးပြန်ပြီဆိုတဲ့စကားကိုလည်းပြောတယ် ။ ဒါဆို ကျွန်တော့်ကို Mean ကသိခဲ့တာလား ? ကျွန်တော်တို့နှစ်ယောက်သိဖူးကြတာလား ?

Plan ဒီတပတ်လုံး ဒါကိုပဲစဥ်းစားနေမိတာ။
ဒါပေမဲ့ ခေါင်းထဲမှာဘယ်လိုမှပြန်မပေါ်လာဘူး။အဲ့နေ့ကသူ့အပြောကြောင့် ကြောင်အမိနေတုန်းမှာပဲ ဆိုင်ထဲဝင်သွားပြီးအလုပ်တောင်လုပ်နေတဲ့ Mean ကို လိုက်ဝင်​မေးချင်ခဲ့တာ။ အဖေ့ကားရောက်လာလို့ မမေးခဲ့ရဘူး။ ဒီတပတ်လုံး သူ့ကိုဆိုင်မှာသွားသွားရှာကြည့်နေပေမဲ့ ကိုကြီး Mean ခွင့်ယူထားတယ်ဆိုတဲ့ စကားပဲ ပြန်ကြားခဲ့ရတာ။.......

* ငါမင်းကိုတွေ့ချင်လိုက်တာ Mean ရာ ။ အဲ့စကားတခွန်းက ငါ ဘယ်အရာကိုမှအာရုံစိုက်မရအောင်လိုက်နှောင့်ယှက်နေတယ်။ မင်းကိုတွေ့ချင်နေတဲ့စိတ်ကြီးက ငါ့ကိုအကြီးအကျယ်စိတ်ရှုပ်စေတယ် သိရဲ့လား *

______

Weekend မလို့ ကျောင်းပိတ်တာရော၊စာကျက်မရတာရောကြောင့် Plan ဟိုအတွဲနဲ့ အပြင်သွားဖို့ စိတ်ကူးလိုက်တယ်။ Mall,Rooftop မှာအသစ်ဖွင့်ထားတဲ့ Bar ဆိုင်ကိုမှသွားချင်နေတဲ့ YachtSammy နဲ့ ခေတ်လူငယ်ပေမဲ့အပျော်အပါးတွေသိပ်ဝါသနာမပါတဲ့ Plan နဲ့က ဒီလို Night out မျိုးကျ တူတူသိပ်မထွက်ဖြစ်။

ဆိုင်ကိုရောက်တော့ Manager အကိုက သူတို့အုပ်စုအထက်တန်းကျောင်းက Senior အကို Saint ~ ကျောင်းမှာကတည်းက ချောမောကြည့်ကောင်းတဲ့ရုပ်ရည်နဲ့ချစ်စရာကောင်းတဲ့ အကိုက Shirt အနီရောင်လေးကို White Pants လေးနဲ့ဝတ်ထားတာ အရင်ကထက်ပိုပြီးသပ်ရပ်တောက်ပနေလို့ Plan တို့ဝမ်းသာအားရနှုတ်ဆက်မိတယ်။

" အကို Saint က အများကြီးပိုကြည့်ကောင်းလာတာပဲဗျ ''

" မြှောက်နေပြန်ပြီဒီကောင်လေးတွေကတော့ကွာ၊ သေချာဧည့်ခံပေးပါ့မယ်ခင်ဗျာ ဟုတ်ပြီလား ''

" ဟော်တကယ်ပြောတာပါဗျ၊ပြန်တွေ့ရတာဝမ်းသာပါတယ်ဗျာ ''

" Yacht နဲ့ Sammy တို့ကတော့တွဲနေကြပြီနဲ့တူတယ်။ Plan ညီကရော Single ပဲလား? "

" Ah... တစ်ယောက်ထဲပါပဲဗျာ။ သူများပဲမေးနေတယ် အကိုကရော? " Planရဲ့ အမေးကြောင့် အကို Saint မျက်နှာလေးကရှက်ရိပ်သမ်းသွားလေရဲ့.....

~မောင်~ (MeanPlan)Where stories live. Discover now