2

512 22 13
                                    

( Unicode )

Plan ကျောင်းနောက်ကျလို့အသည်းအသန်ပြေးနေရသည်။ မနေ့ညက ခေါက်ဆွဲဆိုင်ကကိစ္စကိုတညလုံးနီးပါးစဥ်းစားနေမိကာ Practical အတွက်စာကြည့်ရတာလည်းအဆင်မပြေ။ နောက်ကျမှလည်းအိပ်ပျော်သည်။ ထိုဆိုင်က Mean ဆိုတဲ့တစ်ယောက်က ဆိုင်ရှင်အန်တီကြီးရဲ့အဆူခံနေရတဲ့ကြားက သူ့ကိုစူးစူးစိုက်စိုက်အကြည့်မပြတ်ခဲ့။ပုံမှန်ဆို ဒီလိုလာကြည့်နေတဲ့ယောကျာ်းတစ်ယောက်ကိုထထိုးမိမှာဆို​ပေမဲ့ ဒီမျက်လုံးတွေအောက်မှာ သူအညို့ခံနေရသလိုပဲ အကြည့်မလွှဲနိုင်ခဲ့ဘူး။.........

မင်းကအရမ်းထူးဆန်းတာပဲ Mean ~
______
အတွေးတွေနဲ့ဆေးကျောင်းဂိတ်ပေါက်ကိုပြေးလာတုန်း သူ့ကိုဝင်တိုက်သွားတဲ့ First Year အုပ်စု! သူတို့လည်းလောနေတာမလို့ Plan လဲကျသွားတာရော၊ ပြုတ်ကျသွားတဲ့ File တွဲတွေကိုမြင်ပုံရပေမဲ့
" တောင်းပန်ပါတယ် အကို ကျွန်တော်တို့လောနေလို့ပါ '' ပြောပြီးပြေးထွက်သွားကြတာ ။
Plan စိတ်တိုသွားပေမဲ့ ကိုယ့်အမှားလည်းမကင်းတာမလို့ ခြေထောက်နာသွားပေမဲ့ ရအောင်ထကြည့်ရတော့သည်။ ထလို့ကအဆင်မပြေလို့ စိတ်ပျက်နေတုန်း စာရွက်တွေကိုကူကောက်ပေးနေတဲ့အကြောထင်းထင်းတွေနဲ့လက်လှလှလေးတစ်စုံ

" ဟင်....Mean ''

" ထလို့ရရဲ့လား? ''

" ဟင်...ရပါတယ် ထင်တာပဲ ''

" ဒါဆိုထကြည့်လေ '' ပြောရင်း လက်ကမ်းပေးလာတဲ့လူသားကြောင့် Plan ဘာလုပ်ရမှန်းမသိ

* မင်းဘာဖြစ်နေတာလဲ Plan? လက်တွေအများကြီးကိုင်ဖူးတာပဲမဟုတ်လား ဘာလို့ရင်တွေတုန်နေရတာလဲ သူကဒီတိုင်းရိုးရိုးသားသားကမ်းပေးနေတာကို ဘာဖြစ်နေရတာလဲ Plan စိတ်ကိုထိန်းစမ်းပါ။ *

သူ့လက်ကိုအားယူပြီးထလိုက်ပေမဲ့လူကယိုင်ချင်နေတုန်း။ Plan မနည်းခြေထောက်ငြိမ်အောင်ရပ်ပြီးတာနဲ့ ချက်ချင်းလက်ကိုလွှတ်ချပစ်လိုက်တဲ့လူ​။

" သွားလိုက်ပါဦးမယ် ''

" ကျေးဇူးတင်ပါတယ် Mean ''

" .... '' Mean ကတော့ပြန်မဖြေဘဲလှည့်ထွက်ပြီး ခေါက်ဆွဲဆိုင်ဘက်ကိုထွက်သွားတော့တယ် ။ သူရဲ့ကျောပြင်ကျယ်ကိုမြင်ဖူးနေသလိုပဲ။

~မောင်~ (MeanPlan)Where stories live. Discover now