" မင်းငါ့ကိုချစ်ကောချစ်ခဲ့ရဲ့လား? မောင် "
" ..... ''
" ဖြေလေ ??? မင်း အဲ့မိန်းမနဲ့ကျ စကားတွေရေပက်မဝင်အောင်ပြောနေခဲ့တာမလား အခုကျမှတိတ်မနေစမ်းပါနဲ့ မင်းဖြေစမ်းပါမောင် ''
မျက်ရည်တွေစီးကျရင်း ဒေါသတကြီးအော်ဟစ်နေခဲ့တဲ့ကောင်လေးတစ်ယောက်ရဲ့အမေးတွေကိုတော့ ကျောက်ရုပ်လိုမလှုပ်မယှက်ရပ်နေတဲ့ကောင်လေးကပြန်မဖြေခဲ့ပါဘူးတဲ့~
" ပြန်တောင်မဖြေဘူးဘဲ မင်းသိလား မောင်?
ငါကပဲမင်းကိုအမြဲစခေါ်ပြီးပတ်သက်နေခဲ့ရလည်း ငါပျော်နေခဲ့တာ
ငါကပဲမင်းကိုတချိန်လုံးဂရုစိုက်ပေးနေခဲ့ရလည်း ငါပျော်နေခဲ့တာ
ငါကပဲမင်းနဲ့တူတူရှိနေရဖို့တဖက်သတ်ကြီးလိုက်ကြိုးစားနေခဲ့ရလည်း ငါပျော်နေခဲ့တာငါဆိုးတဲ့လူတွေကိုမကြိုက်ဘူးမောင်......
မင်းရှာတဲ့ညစ်ပတ်တဲ့ပိုက်ဆံတွေကိုလည်းမုန်းတယ်
မကောင်းတာတွေကိုပဲလုပ်ချင်နေတဲ့မင်းရဲ့ပေါ့ပျက်ပျက်စိတ်ကိုလည်းမုန်းတယ် ပြီးတော့.....ငါ့ခံစားချက်ကိုဘယ်တော့မှဂရုမစိုက်တဲ့မင်းကို ငါမုန်းချင်တယ် ငါအရမ်းမုန်းချင်လာတာမောင်မင်းဘာပဲလုပ်နေလုပ်နေ ငါအမြဲသည်းခံခဲ့တာ
မင်းမလို့......မင်းမလို့ ငါသည်းခံခဲ့တာပါ
တော်ပြီမောင် ငါဆက်ပြီးမလုပ်နိုင်တော့ဘူး
ငါမင်းကိုထပ်မသိချင်တော့ဘူး Mean
Phiravich ''ဒီလိုပြောပြီးထွက်လာလိုက်ရင် အနည်းဆုံးတော့
မောင်ကလိုက်လာပြီးတားမယ်မျှော်လင့်ခဲ့ပေမဲ့ ခပ်လှမ်းလှမ်းရောက်တဲ့အထိ ဘယ်သူမှမလိုက်လာခဲ့ဘူး......" မောင်က ငါ့ကိုဘယ်တုန်းကမှ မချစ်ခဲ့ဘူးထင်ပါရဲ့......''
Name - MeanPhiravich * မောင်
Name - Plan Rathavit *ငယ်
[ အကြာကြီးနေမှပုံလာထည့်မိတာအားနာပါတယ်
OC အထင်နဲ့ဝင်ဖတ်လာတဲ့လူတွေအတွက် ဇာတ်ကေင်နှစ်ယောက်ကိုမျက်လုံးထဲပေါ်အောင် Character နဲ့အနီးစပ်ဆုံးပုံလေးတွေထည့်ထားပေးပါတယ်💛 သူတို့အတွဲလေးက LoveByChance, Reminder, 2Wish, AChanceToLove series တွေထဲမှာတူတူသရုပ်ဆောင်ရင်းအပြင်မှာလဲတိုင်ပင်ဖော်တိုင်ပင်ဖက်လို၊အရမ်းရင်းနှီးကြတဲ့ * ဂျင်းညီအကို * တွေပါ ]( Plot အများကြီးမရှိပေမဲ့ စိတ်ပြေလက်ပျောက်ဖတ််ချင်တဲ့လူတွေများရှိမလားလို့တင်လိုက်ပါတယ်အရေးအသားမကောင်းလို့စာရေးတာအချိန်ယူရလို့ Update ပိချိလေးကြာပါမယ်ညော်First Fanfic လေးမလို့ ဝေဖန်ပေးကြပါဦး)
YOU ARE READING
~မောင်~ (MeanPlan)
Fanfictionမောင်က ငါ့ကို ဘယ်တုန်းကမှမချစ်ခဲ့ဘူးထင်ပါရဲ့~ Main Couple - " MeanPlan " (TinCan from Love By Chance, A Chance To Love) / Side couple - " PerthSaint " (AePete)