Chapter (52) _ အနမ်းသူခိုးကို အပြစ်ပေးရမယ်

14.6K 2K 74
                                    

(ေဇာ္ဂ်ီသမားမ်ား ေအာက္ကို ဆြဲခ်ေပးပါ)


Chapter (52) _  အနမ်းသူခိုးကို အပြစ်ပေးရမယ်


လီယွီသည်အစာစားရန်ငြင်းဆန်ခဲ့ပြီး ကျင်းဝမ်က စိတ်ပျက်နေသည်။ သူက ရှောင်ယွီ အစာစားစေဖို့  ဝမ်ရှီးကိုသာ အစားကျွေးစေခဲ့တယ်။ ကျင်းဝမ်နှင့် ပြဿနာမတက်မီ ဝမ့်ရှီးကျွေးတာကို စားတဲ့ ငါးကြင်းသေးသေးလေးက အခုတော့ ဝမ့်ရှီးကိုပင် မျက်နှာသာမပေးတော့ပေ။

လူယုတ်မာတွေ၊ မင်းတို့က တစ်အုပ်စုတည်းပဲ... ငါးကို ငတုံးမှတ်နေလား...

လီယွီသည် ဆာလောင်စွာနှင့် တင်းခံနေသဖြင့် ၂ ရက်လည်းကြာရော သူ့ရဲ့ ငါး ခန္ဓာကိုယ်သည်ပိန်သွားပြီး  အရိုးတောင်ပေါ်လာပြီလားလို့တောင် ထင်မိသည်။ ဒါပေမယ့် လီယွီက ဝမ့်ရှီးနှင့် ကျင်းဝမ်ကို လုံးဝ ဂရုမစိုက်ဘဲရေပေါ်ကို ပေါလောသာ တက်လာနိုင်တော့သည်။

ကျင်းဝမ်က ဝမ့်ရှီးကို ခိုင်းစေကာ အစာကျွေးခိုင်းပေမယ့် ဒေါသထွက်နေတဲ့ငါးကို ဒေါသပြေအောင် မလုပ်နိုင်ဘူး။ ကျင်းဝမ်က ငါးလေး ဘာကြောင့် စိတ်ဆိုးနေသည်ကို လုံးဝမသိပေ။ ဒါကြောင့် ရှောင်ယွီ အကြောင်းကို ဝမ့်ရှီးနှင့် ဆွေးနွေးကာ အဖြေရှာဖို့ကြိုးစားလိုက်သည်။ ဒါပေမယ့် ရှောင်ယွီရဲ့တကယ့် ဖြစ်တည်မှုကို မဖော်ထုတ်မိစေဖို့ သူက နှစ်မျိုးခွဲကာ ပြောရသည်။

ဝမ့်ရှီးက ကျင်းဝမ်ကြောင့် ဖိစိးမှုကို ခံနေရသည်။ လီသခင်လေးက ကျင်းဝမ်မင်းသားလေး ဘေးကနေ ပျောက်နေပြီး ရှောင်ယွီက သူ့သခင်ကို စိတ်ဆိုးကာ အစာစားဖို့ ငြင်းဆန်နေသည်။

   အရင်ကဆိုရင် ငါးကလေးကို ကျင်းဝမ်မင်းသားက အရေးကြီးဆုံးလို သဘောထားပြိး ကြင်နာစွာဆက်ဆံသည်။ ဒါပေမယ့် လီသခင်လေး ရောက်လာတော့ လီသခင်လေးကို အလိုလိုက် အကြိုက်ဆောင်နေခဲ့သည်။ ငါးကလေးနဲ့လီသခင်လေးက ကျင်းဝမ်ရဲ့အလေးထားရဆုံးသူတွေဖြစ်လို့ နှစ်ဖက်လုံးကို သေချာ ကိုင်တွယ်ဖို့လိုအပ်နေပြီဟု ဝမ့်ရှီးက တွေးမိသည်။

ပထမဆုံး ဝမ့်ရှီးက လီသခင်လေးနဲ့ ဘာကြောင့် အဆင်မပြေဖြစ်သလဲဆိုတာကို မေးလိုက်သည်။  အစေခံအားလုံးကို ကျင်းဝမ်က အခန်းထဲကမောင်းထုတ်ခဲ့သဖြင့် ထိုနေ့က ဘာတွေဖြစ်ခဲ့သည်ကို ဘယ်သူမှ မသိပေ။ ဒါကြောင့် ဝမ့်ရှီးက ကိုယ်တိုင်ပဲ ကျင်းဝမ်ကို မေးရတော့သည်။ ကျင်းဝမ်က ဝမ့်ရှီးကို စိုက်ကြည့်ပြီး စာတချို့ချရေးပြလိုက်သည်။ ထိုစာကိုဖတ်ပြီး ဝမ့်ရှီး အရမ်းအံ့သြသွားခဲ့သည်။

လီသခင်လေးက ကျင်းဝမ်မင်းသားလေးနှင့် အိပ်စက်ဖို့ ငြင်းဆန်ခဲ့တာလား။။
  ပုံမှန်ဆိုရင် အိမ်တော်ရဲ့စည်းမျဉ်းနဲ့ အရေးယူလိုက်ရင် ရပေမယ့် အခုက သာမန်လူမဟုတ်ပဲ လီသခင်လေးဖြစ်နေသည်။ ကျင်းဝမ်ကလည်း လီသခင်လေးကို အပြစ်တင်ချင်ဟန်မတူပေ။ ဒါကြောင့် ဝမ့်ရှီးက အိမ်တော်စည်းကမ်းတွေကို ဘေးချိတ်ထားလိုက်ရသည်။

 "အရင်ဆုံးက လူကိုတွေ့အောင်ရှာရမှာပါ မင်းသားလေး"

လူကိုတွေ့အောင်ရှာရမှာလား...
ကျင်းဝမ်က ထိုစကားကိုကြားတော့ အနည်းငယ်စိတ်မကောင်းဖြစ်သွားသည်။ ရှောင်ယွီက လူသားပုံစံကို ပြောင်းဖို့ ငြင်းဆန်နေသည်ဆိုကတည်းက သူ့ကို ထပ်မတွေ့ချင်ဘူးဆိုတဲ့သဘောပဲ မဟုတ်လား။
  သူ ရှောင်ယွီ ကို ဘယ်လိုရှာရမလဲ။

ဝမ့်ရှီးသည် ကျင်းဝမ်ရဲ့ မသာယာတဲ့ မျက်နှာအမူယာကို မြင်တော့ လီသခင်လေးကို တွေ့ဖို့မလွယ်ဘူးဆိုတာ သိလိုက်သည်။

ဝမ့်ရှီး ကမေးလိုက်သည်။
  "ဒါဆို လီသခင်လေးက ဘာကြောင့် အလောတကြီးထွက်သွားရသလဲဆိုတာ အရှင့်သားသိပါရဲ့လား "

ကျင်းဝမ်ကခေါင်းယမ်းလိုက်သည်။

ဝမ့်ရှီး: "... "
ဝမ့်ရှီးသည်ကျွန်တစ်ယောက်သာဖြစ်သည်။ သူသည်လေနှင့်လှိုင်းများစွာကိုမြင်ဖူးသော်လည်း ခံစားချက်အားလုံးကို ထိုးထွင်းသိမြင်နိုင်စွမ်းမရှိချေ။ သူက ကျင်းဝမ်ရဲ့အမူအရာတွေကို မြင်ပေမယ့် ရင်ထဲကနေ ခံစားနေရသည်ကို သိနိုင်ဖို့ နည်းလမ်းကိုစဉ်းစားလို့မရဘူး။
သို့သော်လည်းဝမ့်ရှီးက သူ၏စိုးရိမ်ပူပန်မှုများကို သူ၏သခင်အားဝေမျှလိုက်သည်။

 "သခင်လေးလီနဲ့ပတ်သတ်ရင် အရှင်မင်းသားရဲ့ ညီဝမ်းကွဲ ချန်အန်းအိမ်တော်က သခင်လေးကို မေးကြည့်ရင် မကောင်းဘူးလား "

ကျင်းဝမ်က အံ့သြသွားသည်၊ ဤနည်းလမ်းသည်အမှန်ဖြစ်သည်။ ယဲ့ချင်းဟွမ်ကို ကျင်းဝမ်အိမ်တော်ကို အမြန်လာဖို့ ဖိတ်ခေါ်လိုက်သည်။

"ထျန်းချီ...မင်း ငါ့ကိုမေးစရာရှိလို့လား"


ယွဲ့ချင်းဟွမ်က ကျင်းဝမ်ကို တစ်ချက်ကြည့်ကာ အူမြူးစွာရယ်လိုက်သည်။

 ကျင်းဝမ်က သူ့မျက်နှာကိုတည်ငြိမ်အောင်ထားလိုက်သည်။ ဝမ့်ရှီးက ယွဲ့သခင်လေးကို ကျင်းဝမ်ကိုယ်စား အကြောင်းရာကို အတိုချုပ်ရှင်းပြလိုက်သည်။ လီသခင်လေး ရှက်သွားမည်စိုးလို့ လီသခင်လေးရဲ့အမည်ကို မထုတ်ဖော်ပဲ ကျင်းဝမ်မင်းသားသဘောကျနေသည့် လူတစ်ယောက်အဖြစ်သာ မေးလိုက်သည်။

 ယွဲ့ချင်းဟွမ်က ထိုအကြောင်းကို ကြားတော့ မေးစေ့ကိုပွတ်ကာ ပြောလိုက်သည်။

  "မင်း ငါ့ကိုတောင်းဆိုတာ ရှားပါတယ်၊ ငါ မင်းကိုကူညီချင်တယ်၊ ဒါပေမယ့် မင်းလည်း ငါ့ အဖြစ်ကို သိပါတယ် ... "
ယွဲ့ချင်းဟွမ်က ရှက်ရွံ့စွာပြုံးပြီး ပြောလိုက်သည်။

 "ငါ မကြာခင်မင်းသမီးလေးနဲ့လက်ထပ်တော့မယ်၊ ငါကိုယ်တိုင် ဘာလုပ်ရမလဲ ဆိုတာ မသိဘူး၊ ငါ မင်းကိုမကူညီနိုင်မှာကို စိုးမိတယ် "
ကျင်းဝမ်: "... "

"ဒါပေမယ့ ်ငါ့အမေက ငါ့ကို မင်းသမီးလေးကို ကောင်းကောင်းမွန်မွန်ဆက်ဆံစေချင်တယ်။ ကိုယ်လုပ်တော်နဲ့ မယားငယ်ရှိရင်တောင် အားလုံးကို စွန့်ပစ်ရမယ်လို့ ပြောခဲ့တယ်။  လက်ထပ်ပြီးရင်လည်း ငါက မင်းသမီးလေး တစ်ယောက်တည်းသာ ကြင်နာစွာ ပေါင်းသင်းရမယ်တဲ့။ ပြီးတော့ ငါ သူမကို သဘောကျတယ်ဆိုရင်လည်း ငါ့ ခံစားချက်ကို သူမကို အမြန်ဆုံး အသိပေးခိုင်းနေတယ်။  လင်မယားတွေဆိုတာ တယောက်ခံစားချက်ကို တယောက်သိနေပြီး သဟဇာတဖြစ်အောင် ပေါင်းသင်းနိုင်ရမယ်တဲ့။ ညတွေကို လင်မယား ရန်ဖြစ်ပြီး မကုန်ဆုံးသင့်ဘူးတဲ့ ..... "

ချန်အန်းအိမ်တော် သခင်မကြီးက အိမ်တော်သခင်ကြီးနှင့် တယောက်ကိုတယောက်ချစ်မြတ်နိုးကာ လက်ထပ်ခဲ့ကြ သူများဖြစ်သည်။ နှစ်ပေါင်းများစွာ လင်မယားက ချစ်ခင်အဆင်ပြေခဲ့ကြသည်။ သူမက သူမသားကို အိမ်ထောင်ရေးနဲ့ပတ်သတ်သည့် အဖိုးတန်ဗဟုသုတကို မျှဝေကာ ကောင်းစွာ သင်ကြားပြသပေးခဲ့သည်။
 
"မင်းနဲ့ငါက အခြေနေခြင်း မတူညီပေမယ့် ကိုယ်ချစ်တဲ့သူနဲ့ပတ်သတ်လာရင် ခံစားချက်က အတူတူပဲလို့ထင်တယ်။   မင်း သူ့ကိုတကယ် ဂရုစိုက်ရင် မင်းရဲ့ ခံစားချက်ကို အရင်ပြောပြီးမှ အတူ အိပ်ဖို့ကို သူ့ကို မေးသင့်တယ်လေ။ အခု မင်းလုပ်ပုံက အလျင်လိုနေပြီး အရမ်းကို စိတ်မရှည်ရာ ကျနေတယ်  "

ကျင်းဝမ်က အနည်းငယ်စိတ်ဝင်စားသွားပြီး နားထောင်လိုက်သည်။
သူ အလျင်လိုနေသလား။
နည်းနည်းတော့ အလျင်လိုသလိုပဲ။ ဒါပေမယ့ ်ဘယ်သူကမှ သူ့ကို ဒီအကြောင်းမပြောဖူးဘူး၊ ဒါကြောင့် ရှောင်ယွီက ဒေါသထွက်နေတာလား။
သူက ရှောင်ယွီကို  သူ့ခံစားချက်ကို တကယ်ရှင်းရှင်းလင်းလင်းပြောသင့်တယ်၊ ရှောင်ယွီသာ သူ့စိတ်ခံစားချက်ကို သိသွားပြီးနောက် ခုလို အတွေ့ခံဖို့ ငြင်းနေရင်ကော..ဘယ်လိုလုပ်မလဲ။

သူက အခု သူတို့ကြားက ဆက်ဆံရေးကို ပြန်အဆင်ပြေအောင် လုပ်ဖို့ ကြိုးစားနေတာလေ။

 ကျင်းဝမ်က နက်နက်နဲနဲစဉ်းစားနေလိုက်ပြီး ယဲ့ချင်းဟွမ်က သူနှင့်မင်းသမီးလက်ထပ်ပွဲအတွက် ချန်အန်းအိမ်တော်မှာ ဘယ်လို စီစဉ်နေသလဲဆိုတာ အသေးစိတ် ဆက်တိုက်ပြောနေသဖြင့် ကျင်းဝမ်က နားမထောင်တော့ပဲ ရှောင်ယွီကိုချော့ဖို့ စဉ်းစားနေသည်။

  အခု သူ လုပ်ရမှာ ၂ ခုရှိတယ်။ သူ့ရှင်းပြချက်ကိုနားထောင်ဖို့ ရှောင်ယွီ့ လူပုံစံပြောင်းလာဖို့လိုတယ်။ ပြီးတော့ အစာစားဖို့ ငြင်းဆန်နေတဲ့ ငါးလေးက အစာစားဖို့လိုနေတယ်။

 ဝမ့်ရှီးက ကျင်းဝမ်ရဲ့ နှလုံးသားကိုမခန့်မှန်းနိုင်ပေမယ့် ငါးကလေးကို အစာကျွေးဖို့ ဘယ်လိုဆက်လုပ်ရမလဲဆိုတာ အကြံဉာဏ်ကောင်းရသေးသည်။ ငါး က စားဖို့ငြင်းနေတယ်။ ငါးကို ပါးစပ်ကိုဖွင့်ပြီး အစာတွေ အတင်းထည့်ဖို့မဖြစ်နိုင်ဘူး။ ဝမ့်ရှီးက ကျင်းဝမ်ရဲ့ အမိန့်အတိုင်း ကျောက်တုံးနဲ့လုပ်ထားတဲ့   ဂူရှေ့မှာ ငါးလေး ကြိုက်တဲ့ အကောင်းဆုံး အစာမှန်သမျှကို စုထားဖို့အကြံပေးခဲ့တယ်၊ ငါးက အချိန်တိုအတွင်း သူတို့ ကိုယ်တိုင်ယူ စားလိမ့်မယ်။

ဒါပေမယ့် ငါးလေးက လုံးဝ မစားခဲ့ပေ။
 
အချိန်ကြာလာတော့ ငါးစာတွေကြောင့် ကန်ထဲက ရေတွေက ညစ်ပတ်လာသည်။ ဝမ့်ရှီးနှင့် အစေခံတွေက ငါးကန်ကို သေချာရေလဲပြီး နောက်ထပ် အစာသစ်ကို နေ့တိုင်း ဂူရှေ့မှာ ပုံပေးလိုက်ကြပြန်သည်။

  ကျင်းဝမ်က ငါးလေး နှစ်သက်စေဖို့အတွက် အရသာရှိတဲ့ အစားအစာမျိုးစုံကိုခင်းကျင်းပြသထားခိုင်းတယ်။ ငါးက စားနိုင်တယ်ဆိုရင်တောင် အဲ့အစာကို တခါတည်း အကုန်စားနိုင်မည်မဟုတ်ပေ။

ဒါပေမယ့် အစေခံတွေက ငါးကန်ကို လာသန့်ရှင်းတိုင်း ငါးလေးက အစာစားဖို့ ငြင်းဆန်နေဆဲဆိုတာ တွေ့လိုက်ရသည်။ အကောင်းဆုံး ဈေးအကြီးဆုံးအစာတွေ ဒီအတိုင်း ပစ်လိုက်ရတာ နှမျောဖို့ကောင်းလှသည်။ ငါးလေးက အငတ်ခံနေဆဲဖြစ်လို့ အရသာရှိသောအစားအစာများစွာသည် အလဟသဖြစ်နေသည်။
လီယွီသည်နှစ်ရက်ကြာအောင် အစာငတ်ခံနေသဖြင့် သူ့ ကိုယ်အရောင်က သိသာသာမှေးမှိန်သွားပြီး အကြေးခွံများသည်လည်းတောက်ပမှု နည်းလာသည်။
ကျင်းဝမ်က ငါးလေးကို စိုးရိမ်သဖြင့ ်သူ့ကိုဂရုစိုက်ရန် လူများစွာကိုခေါ်လိုက်သည်။ သူလည်း မခံမရပ်နိုင်အောင် ခံစားလာရတယ်။ ဝမ့်ရှီးက လီယွီက ကျင်းဝမ်ရဲ့ အချစ်တော် ငါးလေးဆိုတာကို မသိပေ။ ငါးက နေမကောင်းလို့ အစာမစားတာလို့ ထင်နေသည်။

  ဒါပေမယ့်စဉ်းစားကြည့်တော့ ...သူ့အပေါ် ကျင်းဝမ်လုပ်ခဲ့သည်ကို သူ ဒေါသမထွက်ဘဲမနေနိုင်ပါ။
အစာမစားခြင်းက သူ့ကိုပြင်းထန်စွာ သက်တောင့်သက်သာဖြစ်စေသည်၊ သို့သော်ငါးတစ်ကောင်သည် အချိန်ကြာကြာဗိုက်ဆာလျှင် ပထမဆုံး ငတ်သေသည့် ငါးတစ်ကောင်ဖြစ်လာလိမ့်မည်။

မဟုတ်သေးဘူး..

 လီယွီကသူ့ပြားချပ်ချပ်ဗိုက်ကို ခေါင်းငိုက်စိုက်နဲ့ ကြည့်ကာ တွေးလိုက်သည်။  ဒါက သူ့အပြစ်မဟုတ်ဘူး၊ ဘာလို့ သူ့ကိုယ်သူ အစာငတ်ခံနေရတာလဲ။
ငါးအဖြစ်နဲ့ အဆာငတ်ခံပေမယ့် ကျင်းဝမ်က သူ ဘာကြောင့် မမေကျေမနပ်ဖြစ်နေသလဲဆိုတာကို နားလည်နိုင်မှာလား။

 မဖြစ်နိုင်ဘူးလေ...

 ရုတ်တရက်လီယွီက ဒါကိုနားလည်လိုက်သည်။ သူ ဒေါသထွက်နေတာကြောင့် သူ့ကိုယ်သူ မနှိပ်စက်နိုင်ဘူး။ သူ ဗိုက်ဆာလွန်းလို့အရေခွံတစ်လွှာကျွတ်ကျကျန်သည်။ အခု သူနှင့်မနီးမဝေးတွင် အစားအစာများကိုနေရာချကာ ခင်းကျင်းထားခဲ့သည်။

 လီယွီက နောက်ဆုံးမိမိကိုယ်ကိုလေးစားမှုကို တွန်းလှန်ကာ တိတ်တိတ်လေး ချောင်းကြည့်လိုက်သည်။

ကျင်းဝမ်ကို ဘယ်မှာမှ မတွေ့ရသေးပေ။ အခု သူ အားနည်းစွာ ရေကူးနေတာကို ကျင်းဝမ်က လာမကြည့်နေဘူး။ ဒါကြောင့် ငါ ဂူဝကို သွားပြီး အစာနည်းနည်းလောက် စားလိုက်ရင်ကော....
 
ငါးကြင်းငယ်လေးသည်နောက်ဆုံးတွင် ဂူဝသို့ရေကူးလာခဲ့သည်။ ကြာရှည်စွာ အငတ်ခံခဲ့သဖြင့် သူ ရှုလိုက်ရသည့် မွှေးကြိုင်သည့် အစာနံ့ကြောင့် သူ အရမ်းငိုချင်သော်လည်း သူက ထိုအစာကို ကိုက်ရန် လုပ်လိုက်ချိန် ငါးကန် သန့်ရှင်းရန်ရောက်လာသည့် အစေခံက ငါး၏ မလျော့ပါးသော အစာကိုကြည့်ရင်းသက်ပြင်းချလိုက်သည်။

တစ်ရက်ပြီးတိုင်း ငါးလေးကို ကျွေးထားသည့် အစာတွေကို အစေခံတွေက အကုန်ရှင်းပစ်ရသည်။

အစာကို တိတ်တိတ်လေး လာစားရန်ပြင်နေသည့် လီယွီ - ? ? ?
လီယွီသည်ဆာလောင်မွတ်သိပ်ခြင်းကြောင့် ရူးမလိုဖြစ်သွားသည်။ သူက နောက်တနေ့ထိ စောင့်ရတော့မယ် ဆိုတဲ့သဘောပေါ့...

 ငါးကို အကွယ်ကနေ တိတ်တိတ်လေးချောင်းကြည့်နေတဲ့ ကျင်းဝမ်က ဒါကိုမြင်တော့ အမြန် အနားကို ရောက်လာပြီး နောက်ဆုံးမှာ ငါးက သူ့မျက်နှာကိုပြဖို့ဆန္ဒရှိကြောင်း သိလိုက်တယ်။ ကျင်းဝမ်က ခဏလောက်စဉ်းစားလိုက်ပြီး လက်ထဲမှာ ငါးစာ တဆုပ်စာကိုဆုပ်ကိုင်ကာ ရေထဲကို ထည့်လိုက်သည်။

လီယွီသည် အရူးကောင်၏မျက်နှာကို တစ်ချက်ကြည့်လိုက်ပြီး ဒေါသကြောင့် လှည့်ထွက်သွားမည် လုပ်ပေမယ့် ကျင်းဝမ်လက်ထဲက ငါးစာရဲ့ ရနံ့က သူ့ကို အရမ်းဆွဲဆောင်နေသည်။  ငါးစာတွေက သူ၏အာရုံကြောများကို ဆက်လက်နှိပ်စက်နေသည်။ လီယွီသည် အလွန်ဆာလောင်ပြီး ရေမကူးနိုင်တော့လို့ လက်လျှော့လိုက်ရသည်။

ကျင်းဝမ်ကသူ့ရှေ့တွင်ငါးစာကိုညင်ညင်သာသာချထားသည်ကိုကြည့်နေသည်။
လီယွီ: "... "
ဟေ့လူ... ငါးက အလိုက်သင့် နေတတ် ထိုင်တတ်ပါတယ်ကွ....ငါးက သူ့ဖာသာ နှိပ်စက်မှာ မဟုတ်ဘူး။
 သူ့ကိုယ်သူ ဆူဖြိုးဝဖီးလာအောင် စားပြီး အသုံးမကျတဲ့ **** သခင်ကို မွဲအောင် နှိပ်စက်သင့်တယ်!
ဤနည်းအားဖြင့ ်သူ၏စိတ်ကိုပြောင်းလဲလိုက်သောငါးသည် နောက်ဆုံးတွင်စတင်စားသောက်ခဲ့သည်။


ကျင်းဝမ်သည် တစ်ဝက်လောက် စိတ်သက်သာသွားခဲ့ပြီး ပြုံးလိုက်ကာ ငါး၏ကျောကို သူ့လက်ချောင်းများဖြင့် တို့ထိလိုက်သည်။ လီယွီသည်အမြဲတစေသတိရှိနေပြီး သူ့နှုတ်ခမ်းများက ငါးစာကို ဝါးနေပေမယ့် သူ့ကျောကို မထိအောင် ကိုယ်ကို ရွှေ့လိုက်သည်။

ငါးစာ နည်းနည်းလေးက သူ့ကို ဝယ်လို့ရမယ်ထင်နေလား... သူက အစားသာစားမယ်။ အချစ်တော် လုပ်ပေးမယ်ဆိုတဲ့ သဘောမဟုတ်ဘူး..

ကျင်းဝမ်က ငါးလေး အစားနည်းနည်းကို စားနေတာကိုကြည့်ပြီး သူ၏နှုတ်ခမ်းထက်က အပြုံးက မှေးမှိန်သွားသည်။

လီယွီသည်အလွန်ဆာလောင်နေပြီး အနည်းငယ်စားပြီး သက်တောင့်သက်သာ ခံစားလာရသည်။

ကျင်းဝမ်က ငါးက အစာ အလွန်အကျွံမစားသင့်ကြောင်း ဝမ့်ရှီးပြောခဲ့သည့် စကားများကိုမှတ်မိနေသေးသည်။ လီယွီက စားတာရပ်လိုက်တော့ ကျင်းဝမ်က သူ့ကို ရေကူးဖို့တွန်းလိုက်တယ်။

လီယွီက လုံလောက်စွာစားပြီးသောအခါ သူ၏ဒေါသသည်တော်တော်ပျောက်သွားပြီး ကျင်းဝမ်တွန်းပေးတော့လည်း သူ ရေကူးရသက်သာသည်ဟု တွေးကာ ငြိမ်နေသည်။
 
ဗိုက်ပိုသက်သာလာသောအခါ လီယွီသည်ချက်ချင်းပင်သူ့အမြီးကို ဂုဏ်ယူစွာဆွဲလိုက်ပြီး ဂူထဲသို့ ၀ င်လိုက်သည်။ လူယုတ်မာကြီးက သူ့အတွက် လုပ်ပေးထားတဲ့ ကြီးမားသောကုတင်ပေါ်တွင် သူ မအိပ်ချင်သေးပါ။
အစာစားပြီးနောက် လီယွီသည်ချစ်စရာအိမ်မွေးတိရစ္ဆာန်စနစ်ထဲသို့ ၀ င်လာသည်။
သူ စိတ်အရှုပ်ဆုံးဖြစ်နေသည့် အချိန်အတွင်း သူလုပ်ရမယ့် မစ်ရှင် ပြီးသွားကြောင်းပြောလိုက်သည့် အသံကို သူကြားလိုက်ရပြီး စိတ်ရှုပ်ထွေးသွားကာ စနစ်နှင့် သေချာ အတည်ပြုချင်သည်။
သူ့ သေချာစီစဉ်ကာ အရက်အတူသောက်ရန် အစီအစဉ်သည် မလုပ်ဖြစ်ပေမယ့် သူ့ မစ်ရှင်က ဘာကြောင့် အောင်မြင်သွားတာလဲ။ လူယုတ်မာသခင်သည် သူ့ကို အနိုင်ကျင့်ခဲ့သည်၊ ဒါကြောင့် မစ်ရှင်က ပြီးမြောက်ခဲ့တာလား။

သူခန့်မှန်းတာ မှားသွားခဲ့တာများလား။  ဒီလိုအရှက်မဲ့ပြီး အနိုင်ကျင့်တာက လရောင်၊ လေညှင်း၊ ပန်းပွင့်ကို အတူခံစားခြင်းဆိုတာလား....

လီယွီကဒေါသတကြီးနဲ့ပြောလိုက်တယ်၊

 ငါ့ကို အကြောင်းပြချက် မပေးနိုင်ရင် နောက်ထပ် မစ်ရှင်တွေကို ငါ လုပ်မှာမဟုတ်ဘူး။
 ချောက်ချတတ်တဲ့ စနစ်က ငြိမ်နေခဲ့သည်။ သူက လူကောင်းဖြစ်ပြီး ကောင်းမွန်စွာ ပြုမူတတ်သူဖြစ်ပေမယ့် လူဆိုတာ သူ့အတိုင်းတာနဲ့ပဲ သည်းခံနိုင်တယ်။   စိတ်သဘောထားကောင်းပြီး ရိုးသားသူတစ်ယောက်ကို လုပ်ချင်တာလုပ်နိုင်မယ်လို့ မတွေးထားနဲ့၊

ငြိမ်နေပြီးမှ စနစ်က လေးနက်သည့် အသံဖြင့် ပြောခဲ့သည်။
"Host.... မင်းက အချစ်တော် အိမ်မွေးငါးကလေးဆိုတဲ့ ပင်မ တာဝန်ကို ပြီးမြောက်ခဲ့ပြီးပြီ။ ဒါကြောင့် ရှေ့ဆက်လာမယ့် မစ်ရှင်တွေက မင်း အခုလုပ်တဲ့ မစ်ရှင်ရဲ့ ရလဒ်ပေါ်မူတည်ပြီး ဆုံးဖြတ်ပေးလိမ့်မယ်။   Host က အာဏာရှင်ဆိုးကြီးနဲ့ ပိုမိုနက်ရှိုင်းတဲ့ ချစ်ကြည်ရင်းနှီးမှုကို တည်ဆောက်ဖို့ လိုအပ်တယ်။ အာဏာရှင် သခင်ကြီးနဲ့ အတူသောက်ရုံနဲ့ မစ်ရှင်က ပြီးမြောက်မှာ မဟုတ်ဘူး။ ကျေးဇူးပြုပြီး သေချာစဉ်းစားပါ Host "

ရှားရှားပါးပါးစကားလုံးများဖြင့် စနစ်က သူ့ကိုဉာဏ်အလင်းပြခဲ့သည် -

"မင်းက သူအကြိုက်ဆုံး အချစ်တော် ငါးဖြစ်နေပြီ၊ ဒီထက်သာလွန်နိုင်သေးတယ်"
 
ဟေ့...လုပ်စမ်းပါ.... ပိုကောင်းတဲ့ဆက်ဆံရေးရှိဖို့ ဆိုတာက အိပ်ယာထက်မှာ စောင်နဲ့ ဖုံးလွှမ်းခံရပြီး အနမ်းခံရတာကို ဆိုလိုချင်တာလား။ ဒါက ဘယ်လို သဘောတရားကြီးလဲ....
လီယွီက အေးစက်စွာ နှာမှုတ်ကာ ပြောလိုက်သည်။

 စနစ် - "ဒါက ငါးအဖြစ်နဲ့ လုပ်ဆောင်ပြီး ဆုရတာထက် ပိုများတယ် မဟုတ်လား"
လီယွီ: "... "
စနစ်က သူ့ကျွမ်းကျင်မှုကို ထုတ်ပြပြီး ရှင်းပြလိုက်သည်။

ဒါကို နားထောင်ရင်း တခုခုမှားနေပြီလို့ လီယွီ ထင်လာသည်။ မစ်ရှင်လို့ ခေါင်းစဉ်တပ်ထားပေမယ့် သူ လုပ်ခိုင်းတဲ့ဟာတွေက လွဲလာသလိုပဲ။ အခု ဆက်လုပ်ရမယ့် မစ်ရှင်တွေက အချစ်တော် အိမ်မွေးငါး ဆိုတဲ့ အရာနဲ့ လုံးလုံးလွဲလာသလိုပဲ။  ဆက်ဆံရေးတစ်ခုကိုပြီးအောင်လုပ်ရတာနဲ့ ပိုတူလာတယ်။  

စကားပြောနေတာကိုရပ်လိုက်တော့...  ဒါက စနစ်ရဲ့ပူးပေါင်းကြံစည်မှုပဲ။

လီယွီ၏ဒေါသသည် သူ့ တို့ဟူးစားကို အစားခံလိုက်ရတဲ့ အချိန်ကစပြီး ဆတ်ဆတ်ထိ မခံဖြစ်လာတော့သည်။
 
ဘယ်အိမ်မွေးတိရစ္ဆာန်က ပိုင်ရှင်နဲ့ လေးနက်တဲ့နားလည်မှု ရချင်မှာလဲ၊ ပိုင်ရှင်နဲ့အနီးကပ်နေပြီး ဝိုင်အတူသောက်ပြီး ချစ်ကျွမ်းဝင်ရမယ် ဟုတ်လား...

ထိုစနစ်က ရှင်းပြလိုက်သည်။

 "သန်းပေါင်းများစွာသော အချစ်တော်အိမ်မွေးတိရစ္ဆာန်၏အဓိက လမ်းကြောင်းက ကန ဦး လုပ်ငန်းစဉ်များဖြစ်တယ်။ သက်ဆိုင်ရာရလဒ်များကိုရရှိဖို့ကို Host လုပ်ဖို့ပဲ လိုအပ်တယ်။ Host က ကိုယ့်သဘောနဲ့ ကိုယ် ဒါကို ပြီးမြောက်အောင် လုပ်ဖို့ ရွေးချယ်နိုင်တယ်။ တကယ်လို့ Host က ဒါကို လုပ်မယ်ဆိုရင် ကျန်တဲ့ မစ်ရှင်အားလုံးလည်း အလိုလျောက်ပြီးသွားမှာပဲ။"
စနစ်က နည်းနည်းရှုပ်ထွေးသွားပြီလို့ လီယွီက စဉ်းစားနေခဲ့တယ်။ စနစ်သည် ယခုအာဏာရှင်သခင်ဆိုးကြီးက သူ့ကို ဒီလိုဆက်ဆံတယ်ဆိုတာ သူက တောင်းဆိုလိုက်လို့ ဆိုတဲ့ သဘောကို ပြောနေတာလား....  !

"ဒါက တောင်းဆိုတာမဟုတ်ဘူး၊ ဒါပေမယ့်မစ်ရှင်မှာ Host  အရင်ရွေးချယ်မှုတွေကြောင့်ဖြစ်ရတဲ့  အာဏာရှင်ကလုပ်ခဲ့တဲ့လုပ်ရပ်တွေဖြစ်တယ်။ အခုဆက်ဖြစ်လာတဲ့ ဇာတ်လမ်းနဲ့ မစ်ရှင်တွေက Host ရဲ့ရလဒ်တွေကြောင့် ပေါ်ပေါက်လာတဲ့ အရာတွေပါ "

ထိုစနစ်ကိုအလေးအနက်ဖြင့် လီယွီရဲ့စကားကို ပြန်ပြင်ပေးခဲ့သည်။

လီယွီ: "... "
သူလုပ်ခဲ့တဲ့ အလုပ်များသည် ကျင်းဝမ်ကို ခုလို ပြောင်းလဲစေမယ်ဆိုတာကို သိရင် စနစ်က ဘာကြေင့် သူ့ကို သတိမပေးခဲ့တာလဲ...

 စနစ်ကပြောလိုက်သည်။
"ချစ်စရာအိမ်မွေးတိရစ္ဆာန်စနစ်ရဲ့အလုပ်က Host က သူ့စိတ်နှလုံးကို နှစ်မြှုပ်ပြီး မစ်ရှင်ကို ပြီးအောင် လုပ်ပေးဖို့ပဲဖြစ်တယ်။ ဒါကို ကြိုသိထားရင် Host က  ရွေးချယ်မှုအမျိုးမျိုး လုပ်ပြီး မူလရည်ရွယ်ချက်နဲ့ကင်းကွာသွားလိမ့်မယ်  "

လီယွီ:  လေသံက သူ့ကို အစကတည်းက ထောင်ချောက်ဆင်ထားတဲ့ အသံပဲ...

 ဒါကို တွေးမိတော့ ကျင်းဝမ်က သူ့တိုဖူးကို စားတာထက် ပိုစိတ်တိုလာမိသည်။ လီယွိက  မျက်နှာမည်းပြီးမေးလိုက်တယ်၊

ကျင်းဝမ်က သူ့ တို့ဟူးကို စားခွင့်မပေးအောင် တားလို့ မရဘူးလား။
စနစ်-  "ကျင်းဝမ်က ဒီဇာတ်လမ်းမှာ မင်းသားဖြစ်လို့ system သည် male lead ကိုတိုက်ရိုက် မထိန်းချုပ်နိုင်ပါဘူး။ ဒါပေမယ့် Host က အရာအားလုံးကို ပြန်ပြီး စတင်ဖို့ အခွင့်ရေးရှိပါတယ်။ ပြန်စဖို့ ဆုံးဖြတ်ပြီးရင် မစ်ရှင်တွေကို အစကနေ အကုန်ပြန်လုပ်ရပါ့မယ်  "

လီယွီ အံ့သြသွားသည်။ ဇာတ်လမ်းကိုပြန်လည်ပြင်ဆင်နိုင်သလား။
ယေဘူယျအားဖြင့ ်ပြန်လည်ပြင်ဆင်ခြင်း၏ အကျိုးဆက်တွေက ဘာဖြစ်နိုင်မလဲလို့ လီယွီ တွေးလိုက်မိသည်။

  သူက အာဏာရှင်ဆိုးကြီးရဲ့ မှတ်ဉာဏ်နဲ့ သူ့ကျေနပ်နှစ်သိမ့်နေမှုကို ရှင်းပစ်သင့်တယ်မဟုတ်လား။
ဒါဆိုရင် သူ ခံစားနေရတဲ့ ဒုက္ခများရှိတော့မည်မဟုတ်ပေ။ ကျင်းဝမ်အတွက်ကော ဒါက တရားမျှတရဲ့လား။
သူ့လုပ်ရပ်ကြောင့် ကျင်းဝမ်က တခုခုပိုဆိုးသွားနိုင်မလား။
 
စနစ်ကအလောတကြီးရှင်းပြသည်
"မင်းက အထင်လွဲနေတာထင်တယ်။ ချစ်စရာအိမ်မွေးတိရိစ္ဆာန်စနစ်နဲ့ပတ်သတ်ပြီး မင်းရဲ့ မှတ်ဉာဏ်ကိုပဲ ပြန်လည်ရှင်းလင်းပေးနိုင်တယ်။. ကျင်းဝမ်ကို ဘာမှ လုပ်လို့မရဘူး  "

လီယွီ: ဒါဆို သူ့ကိုယ်ပိုင်မှတ်ဉာဏ်ကို ရှင်းပစ်ဖို့လား။ အဲ့လိုလုပ်လိုက်ရင် သူ အခုဖြတ်သန်းခဲ့တဲ့ မှတ်ဉာဏ်တွေ မရှိတော့ပဲ သူက တူညီတဲ့ဖြစ်ရပ်ကိုပြန်ကြုံရပြီး တူညီတဲ့ ရွေးချယ်မှုကို ထပ်လုပ်မိနိုင်တာပဲလေ။
 
နောက်ဆုံးတော့ သူက အရင်မစ်ရှင်မှာ ဘာအမှားမှ မရှိပဲ ဖြစ်ကျော်နိုင်မယ်လို့ အာမ မခံနိုငဘူး။ ဒါဆိုရင် ချန်အန်းအိမ်တော်ကြီးက ပျက်စီးပြီး ယွဲ့ချင်းဟွမ် အသတ်ခံရတာကို သူ  နည်းနည်းလျစ်လျူရှုထားနိုင်ပါ့မလား။   

သူသည်တစ်ဖန်ပြန်လာရင်တောင်မှ သူက ဒီလို သူတစ်ယောက်ဖြစ်လိမ့်မည်၊ သူသည်တူညီသောရွေးချယ်မှုကိုပြုလုပ် မိလိမ့်မည်။
ထို့အပြင်သူသည်ပြန်လည်ပြင်ဆင်ရုံသာရှိသော်လည်း ကျင်းဝမ်ကို ဘာမှ မလုပ်နိုင်ဘူးဆိုတာ စဉ်းစားမိလာသည်။

ဒါကို  ပိုဆိုးတာ မဟုတ်ဘူးလား။
လီယွီ: အဲဒါကို ဘာလို့ပြန်မညှိတာလဲ။
စနစ်: "မင်း ပြန်လည်ပြင်ဆင်ဖို မလိုအပ်ဘူးဆိုရင် ကျေးဇူးပြု၍  ဆုလာဘ်ကိုလက်ခံယူပါ။ "
"Wind Flower and Snowy Moon"  မစ်ရှင် ပြီးစီးပြီဟု သတိပေးသည့ ်စနစ်၏အသံ ပေါ်လာသည်။ ယခု လီယွီသည်အမှန်တရားကိုအနည်းငယ်သိသွားပြီး သူ၏နှလုံးသားသည်ရှုပ်ထွေးလာသည်။ သူက ဒါကိုမသိချင်ဘူး၊ ဒါပေမယ့် သူက ဒီအဆင့်ရဲ့အဓိက စာကြောင်းကိုစဉ်းစားတဲ့အခါ သူ့အတွက်အကျိုးရှိနေဆဲဖြစ်တဲ့ ငါးခေါင်းအုံးတစ်ခုကို အထူးတောင်းခဲ့တယ်။
လီယွီကစိတ်ဆိုးပြီး စနစ်ကို ပြောလိုက်သည်။

" ငါ့ကိုခေါင်းအုံးပေးပါ၊ ကျန်တာကို သိမ်းထားလိုက်တော့။ နောက်တစ်ဆင့် မစ်ရှင်က အချိန်ကန့်သတ်ချက်နဲ့လား။"
  "မဟုတ်ဘူး"

လီယွီကခါးခါးသီးသီးတွေးပြီး သူစိတ်ထဲ ခံစားချက်မကောင်းမချင်း ဘာအလုပ်မှ မလုပ်ပဲ နေမည်ဟု တွေးကာ စနစ်ထဲကနေ ငါးခေါင်းအုံးလေး ယူပြီးထွက်လာခဲ့သည်။

 လီယွီက  သူ နေထိုင်သည့် ကြည်လင်ငါးကန်သို့ပြန်လာခဲ့သည်။ အနာဂတ်မှာ ငါးရဲ့ ဘဝတလျှောက် သူ ဘာကို ရင်ဆိုင်ရမယ်ဆိုတာ သူ မသိဘူး။
ကံကောင်းထောက်မစွာ၊ သူသည်အလွန်ထက်မြက်သည်ဟု အမြဲခံစားခဲ့ရသည်၊ ရလဒ်အနေနှင့် သူသည် ပထမ ဦး ဆုံးသောစနစ်၏ ချောက်ချခြင်းကို ခံလိုက်ရပြီး ကျင်းဝမ်အနိုင်ကျင့်တာကို ခံရကာ အခု မျှော်လင့်ချက် ကုန်ဆုံးနေရသည်။

 သူ့ဘေးနားမှာ ငါးခေါင်းအုံးကို ထားပြီးလဲလျောင်းနေသည်။ သူက လူ အသွင်ပြောင်းသည့်အခါ ငါးခေါင်းအုံးကို ထားရစ်ဖို့ တောင်းခဲ့တာဖြစ်သည်။ အခုရလာသည့် ငါးခေါင်းအုံးက သူ့လက်ရှိ ကိုယ်လုံးလို    အမြီးအောက်ခြေတွေင် ငွေရောင်နှင့် ရွှေရောင်တို့ပေါင်းစပ်ပါဝင်နေသည့် ပုံဖြစ်နေသည်။
ဒါပေမယ့် သူက လူအသွင်ပြောင်းပြီး ကျင်းဝမ်နှင့် ပတ်သတ်ချင်စိတ်မရှိသေးပေ။ တကယ်လို့ စနစ်ကသာ အရမ်းလုပ်နိုင်စွမ်းရှိရင် သူ့ကို ငါး  အရိုးများနှင့်ငါးပြာများအဖြစ်သို့ပြောင်းသွားအောင် လုပ်လိုက်လိမ့်မည်။

လီယွီသည်အိပ်ပျော်သွားပြီး မကြာခင် သူ့နားထဲမှာ ကျယ်လောင်သော စကားပြောသံကို ကြားလိုက်ရသည်။
ဝမ့်ရှီးက ဒီမှာလား။
လီယွီက နိုး လာ၍ ပုန်းလျှိုးကွယ်လျှိုးနေချင်သော်လည်း သူက အသံကို ဆက်ကြားနေရသည်။ ဝမ့်ရှီး  မဟုတ်ဘူး။

လီယွီသည် သူ အရင်က မကြားဖူးသောအသံနှစ်သံကိုလျင်မြန်စွာ သတိပြုလိုက်မိသည်။ အသံတစ်သံက အခြားတစ် ဦး အားလျှို့ဝှက်စွာပြောခဲ့သည်။

အခြားအသံတစ်ခု: "ဟုတ်တယ်။ မင်းတို့ကျင်းဝမ်မင်းသားက သခင်လေးလီ ကိုအရမ်းတန်ဖိုးထားတယ်၊ ဒါပေမယ့် သခင်လေးလီ ပျောက်နေတယ်ဆိုတာကို ငါကြားလိုက်ခဲ့တယ်။ ဒါပေမယ့် ကျင်းဝမ်အရှင့်သားက သခင်လေးလီက သူ့ကိုပြန်လာကြည့်မယ်လို့ ယုံကြည်နေတယ်။  "
လီယွီ: သခင်လေးလီ..? ? ?


ဒီ သောက်ရူးက ဘာသောက်လုပ်တွေ လုပ်နေတာလဲ။
ပထမဆုံးအသံက ဆက်ပြောခဲ့သည်။

   "ဒီစာကိုနံရံမှာရေးထားတယ်။ သခင်လေးလီသာ အိမ်ထဲမှာရှိနေရင် သူ သေချာပေါက်မြင်လိမ့်မယ်"
ထိုအသံနှစ်ခုသည်တဖြည်းဖြည်း ဝေးသွားပြီး လီယွိက သူ့ရှေ့တွင် ဘာစာများကပ်ထားသလဲဆိုတာ စိတ်ဝင်စားသွားသည်။

ကျင်းဝမ်က တမင်ရည်ရွယ်ပြီး အိမ်တော်ထဲက အစေခံတွေကို သတင်းဖြန့်စေတာဖြစ်သည်။ ဒီနည်းက ရှောင်ယွီနားထဲ ရောက်စေပြီး စိတ်ဝင်စားလာစေမည်ဟု တွေးထားသည်။

တကယ်လည်း လီယွီက ဆွဲဆောင်ခံလိုက်ရသည်။ ဘာစာလဲဆိုတာ သူ စိတ်ဝင်စားသိချင်လာသည်။  စာက သူ့ရဲ့စူးစမ်းလိုစိတ်ကိုနှိုးဆွပေးခဲ့တယ်။
စကားမပြောနိုင်သော သူကို ပေးပို့ရန် သတင်းစကားကို နံရံပေါ်မှာ ဘာကြောင့် ကပ်ခိုင်းထားတာလဲ။
 
လီယွီသည် လူတွေ သတိမထားမိချိန်တွင် သူက ပြတင်းပေါက်မှခုန်ချလိုက်ပြီး အပြင်ဘက်က နံရံမှာ ကပ်ထားသည့် စာကို သွား ကြည့်နိုင်သည်။

လီယွီက အပြင်ကို ခိုးထွက်လာပြီး ကြည့်လိုက်တော့ ကျင်းဝမ်အိမ်တော်ရဲ့ နှင်းလိုဖြူဖွေးသည့်  နံရံထက်တွင် ကြီးမားသော အက္ခရာများဖြင့်ရေးထားသော လက်ရေးကို တွေ့လိုက်ရသည်။

ဘာကိုယ်လုပ်တော်မှ မရှိစေရဘူး။ ငါ မင်းကို ကြိုက်တယ်။


**-**











Chapter (52) _  အနမ္းသူခိုးကို အျပစ္ေပးရမယ္


လီယြီသည္အစာစားရန္ျငင္းဆန္ခဲ့ၿပီး က်င္းဝမ္က စိတ္ပ်က္ေနသည္။ သူက ေရွာင္ယြီ အစာစားေစဖို႔  ဝမ္ရွီးကိုသာ အစားေကြၽးေစခဲ့တယ္။ က်င္းဝမ္ႏွင့္ ျပႆနာမတက္မီ ဝမ့္ရွီးေကြၽးတာကို စားတဲ့ ငါးၾကင္းေသးေသးေလးက အခုေတာ့ ဝမ့္ရွီးကိုပင္ မ်က္ႏွာသာမေပးေတာ့ေပ။

လူယုတ္မာေတြ၊ မင္းတို႔က တစ္အုပ္စုတည္းပဲ... ငါးကို ငတုံးမွတ္ေနလား...

လီယြီသည္ ဆာေလာင္စြာႏွင့္ တင္းခံေနသျဖင့္ ၂ ရက္လည္းၾကာေရာ သူ႔ရဲ႕ ငါး ခႏၶာကိုယ္သည္ပိန္သြားၿပီး  အ႐ိုးေတာင္ေပၚလာၿပီလားလို႔ေတာင္ ထင္မိသည္။ ဒါေပမယ့္ လီယြီက ဝမ့္ရွီးႏွင့္ က်င္းဝမ္ကို လုံးဝ ဂ႐ုမစိုက္ဘဲေရေပၚကို ေပါေလာသာ တက္လာႏိုင္ေတာ့သည္။

က်င္းဝမ္က ဝမ့္ရွီးကို ခိုင္းေစကာ အစာေကြၽးခိုင္းေပမယ့္ ေဒါသထြက္ေနတဲ့ငါးကို ေဒါသေျပေအာင္ မလုပ္ႏိုင္ဘူး။ က်င္းဝမ္က ငါးေလး ဘာေၾကာင့္ စိတ္ဆိုးေနသည္ကို လုံးဝမသိေပ။ ဒါေၾကာင့္ ေရွာင္ယြီ အေၾကာင္းကို ဝမ့္ရွီးႏွင့္ ေဆြးေႏြးကာ အေျဖရွာဖို႔ႀကိဳးစားလိုက္သည္။ ဒါေပမယ့္ ေရွာင္ယြီရဲ႕တကယ့္ ျဖစ္တည္မႈကို မေဖာ္ထုတ္မိေစဖို႔ သူက ႏွစ္မ်ိဳးခြဲကာ ေျပာရသည္။

ဝမ့္ရွီးက က်င္းဝမ္ေၾကာင့္ ဖိစိးမႈကို ခံေနရသည္။ လီသခင္ေလးက က်င္းဝမ္မင္းသားေလး ေဘးကေန ေပ်ာက္ေနၿပီး ေရွာင္ယြီက သူ႔သခင္ကို စိတ္ဆိုးကာ အစာစားဖို႔ ျငင္းဆန္ေနသည္။

   အရင္ကဆိုရင္ ငါးကေလးကို က်င္းဝမ္မင္းသားက အေရးႀကီးဆုံးလို သေဘာထားၿပိး ၾကင္နာစြာဆက္ဆံသည္။ ဒါေပမယ့္ လီသခင္ေလး ေရာက္လာေတာ့ လီသခင္ေလးကို အလိုလိုက္ အႀကိဳက္ေဆာင္ေနခဲ့သည္။ ငါးကေလးနဲ႔လီသခင္ေလးက က်င္းဝမ္ရဲ႕အေလးထားရဆုံးသူေတြျဖစ္လို႔ ႏွစ္ဖက္လုံးကို ေသခ်ာ ကိုင္တြယ္ဖို႔လိုအပ္ေနၿပီဟု ဝမ့္ရွီးက ေတြးမိသည္။

ပထမဆုံး ဝမ့္ရွီးက လီသခင္ေလးနဲ႔ ဘာေၾကာင့္ အဆင္မေျပျဖစ္သလဲဆိုတာကို ေမးလိုက္သည္။  အေစခံအားလုံးကို က်င္းဝမ္က အခန္းထဲကေမာင္းထုတ္ခဲ့သျဖင့္ ထိုေန႔က ဘာေတြျဖစ္ခဲ့သည္ကို ဘယ္သူမွ မသိေပ။ ဒါေၾကာင့္ ဝမ့္ရွီးက ကိုယ္တိုင္ပဲ က်င္းဝမ္ကို ေမးရေတာ့သည္။ က်င္းဝမ္က ဝမ့္ရွီးကို စိုက္ၾကည့္ၿပီး စာတခ်ိဳ႕ခ်ေရးျပလိုက္သည္။ ထိုစာကိုဖတ္ၿပီး ဝမ့္ရွီး အရမ္းအံ့ၾသသြားခဲ့သည္။

လီသခင္ေလးက က်င္းဝမ္မင္းသားေလးႏွင့္ အိပ္စက္ဖို႔ ျငင္းဆန္ခဲ့တာလား။။
  ပုံမွန္ဆိုရင္ အိမ္ေတာ္ရဲ႕စည္းမ်ဥ္းနဲ႔ အေရးယူလိုက္ရင္ ရေပမယ့္ အခုက သာမန္လူမဟုတ္ပဲ လီသခင္ေလးျဖစ္ေနသည္။ က်င္းဝမ္ကလည္း လီသခင္ေလးကို အျပစ္တင္ခ်င္ဟန္မတူေပ။ ဒါေၾကာင့္ ဝမ့္ရွီးက အိမ္ေတာ္စည္းကမ္းေတြကို ေဘးခ်ိတ္ထားလိုက္ရသည္။

 "အရင္ဆုံးက လူကိုေတြ႕ေအာင္ရွာရမွာပါ မင္းသားေလး"

လူကိုေတြ႕ေအာင္ရွာရမွာလား...
က်င္းဝမ္က ထိုစကားကိုၾကားေတာ့ အနည္းငယ္စိတ္မေကာင္းျဖစ္သြားသည္။ ေရွာင္ယြီက လူသားပုံစံကို ေျပာင္းဖို႔ ျငင္းဆန္ေနသည္ဆိုကတည္းက သူ႔ကို ထပ္မေတြ႕ခ်င္ဘူးဆိုတဲ့သေဘာပဲ မဟုတ္လား။
  သူ ေရွာင္ယြီ ကို ဘယ္လိုရွာရမလဲ။

ဝမ့္ရွီးသည္ က်င္းဝမ္ရဲ႕ မသာယာတဲ့ မ်က္ႏွာအမူယာကို ျမင္ေတာ့ လီသခင္ေလးကို ေတြ႕ဖို႔မလြယ္ဘူးဆိုတာ သိလိုက္သည္။

ဝမ့္ရွီး ကေမးလိုက္သည္။
  "ဒါဆို လီသခင္ေလးက ဘာေၾကာင့္ အေလာတႀကီးထြက္သြားရသလဲဆိုတာ အရွင့္သားသိပါရဲ႕လား "

က်င္းဝမ္ကေခါင္းယမ္းလိုက္သည္။

ဝမ့္ရွီး: "... "
ဝမ့္ရွီးသည္ကြၽန္တစ္ေယာက္သာျဖစ္သည္။ သူသည္ေလႏွင့္လႈိင္းမ်ားစြာကိုျမင္ဖူးေသာ္လည္း ခံစားခ်က္အားလုံးကို ထိုးထြင္းသိျမင္ႏိုင္စြမ္းမရွိေခ်။ သူက က်င္းဝမ္ရဲ႕အမူအရာေတြကို ျမင္ေပမယ့္ ရင္ထဲကေန ခံစားေနရသည္ကို သိႏိုင္ဖို႔ နည္းလမ္းကိုစဥ္းစားလို႔မရဘူး။
သို႔ေသာ္လည္းဝမ့္ရွီးက သူ၏စိုးရိမ္ပူပန္မႈမ်ားကို သူ၏သခင္အားေဝမွ်လိုက္သည္။

 "သခင္ေလးလီနဲ႔ပတ္သတ္ရင္ အရွင္မင္းသားရဲ႕ ညီဝမ္းကြဲ ခ်န္အန္းအိမ္ေတာ္က သခင္ေလးကို ေမးၾကည့္ရင္ မေကာင္းဘူးလား "

က်င္းဝမ္က အံ့ၾသသြားသည္၊ ဤနည္းလမ္းသည္အမွန္ျဖစ္သည္။ ယဲ့ခ်င္းဟြမ္ကို က်င္းဝမ္အိမ္ေတာ္ကို အျမန္လာဖို႔ ဖိတ္ေခၚလိုက္သည္။

"ထ်န္းခ်ီ...မင္း ငါ့ကိုေမးစရာရွိလို႔လား"


ယြဲ႕ခ်င္းဟြမ္က က်င္းဝမ္ကို တစ္ခ်က္ၾကည့္ကာ အူျမဴးစြာရယ္လိုက္သည္။

 က်င္းဝမ္က သူ႔မ်က္ႏွာကိုတည္ၿငိမ္ေအာင္ထားလိုက္သည္။ ဝမ့္ရွီးက ယြဲ႕သခင္ေလးကို က်င္းဝမ္ကိုယ္စား အေၾကာင္းရာကို အတိုခ်ဳပ္ရွင္းျပလိုက္သည္။ လီသခင္ေလး ရွက္သြားမည္စိုးလို႔ လီသခင္ေလးရဲ႕အမည္ကို မထုတ္ေဖာ္ပဲ က်င္းဝမ္မင္းသားသေဘာက်ေနသည့္ လူတစ္ေယာက္အျဖစ္သာ ေမးလိုက္သည္။

 ယြဲ႕ခ်င္းဟြမ္က ထိုအေၾကာင္းကို ၾကားေတာ့ ေမးေစ့ကိုပြတ္ကာ ေျပာလိုက္သည္။

  "မင္း ငါ့ကိုေတာင္းဆိုတာ ရွားပါတယ္၊ ငါ မင္းကိုကူညီခ်င္တယ္၊ ဒါေပမယ့္ မင္းလည္း ငါ့ အျဖစ္ကို သိပါတယ္ ... "
ယြဲ႕ခ်င္းဟြမ္က ရွက္႐ြံ႕စြာၿပဳံးၿပီး ေျပာလိုက္သည္။

 "ငါ မၾကာခင္မင္းသမီးေလးနဲ႔လက္ထပ္ေတာ့မယ္၊ ငါကိုယ္တိုင္ ဘာလုပ္ရမလဲ ဆိုတာ မသိဘူး၊ ငါ မင္းကိုမကူညီႏိုင္မွာကို စိုးမိတယ္ "
က်င္းဝမ္: "... "

"ဒါေပမယ့ ္ငါ့အေမက ငါ့ကို မင္းသမီးေလးကို ေကာင္းေကာင္းမြန္မြန္ဆက္ဆံေစခ်င္တယ္။ ကိုယ္လုပ္ေတာ္နဲ႔ မယားငယ္ရွိရင္ေတာင္ အားလုံးကို စြန႔္ပစ္ရမယ္လို႔ ေျပာခဲ့တယ္။  လက္ထပ္ၿပီးရင္လည္း ငါက မင္းသမီးေလး တစ္ေယာက္တည္းသာ ၾကင္နာစြာ ေပါင္းသင္းရမယ္တဲ့။ ၿပီးေတာ့ ငါ သူမကို သေဘာက်တယ္ဆိုရင္လည္း ငါ့ ခံစားခ်က္ကို သူမကို အျမန္ဆုံး အသိေပးခိုင္းေနတယ္။  လင္မယားေတြဆိုတာ တေယာက္ခံစားခ်က္ကို တေယာက္သိေနၿပီး သဟဇာတျဖစ္ေအာင္ ေပါင္းသင္းႏိုင္ရမယ္တဲ့။ ညေတြကို လင္မယား ရန္ျဖစ္ၿပီး မကုန္ဆုံးသင့္ဘူးတဲ့ ..... "

ခ်န္အန္းအိမ္ေတာ္ သခင္မႀကီးက အိမ္ေတာ္သခင္ႀကီးႏွင့္ တေယာက္ကိုတေယာက္ခ်စ္ျမတ္ႏိုးကာ လက္ထပ္ခဲ့ၾက သူမ်ားျဖစ္သည္။ ႏွစ္ေပါင္းမ်ားစြာ လင္မယားက ခ်စ္ခင္အဆင္ေျပခဲ့ၾကသည္။ သူမက သူမသားကို အိမ္ေထာင္ေရးနဲ႔ပတ္သတ္သည့္ အဖိုးတန္ဗဟုသုတကို မွ်ေဝကာ ေကာင္းစြာ သင္ၾကားျပသေပးခဲ့သည္။
 
"မင္းနဲ႔ငါက အေျခေနျခင္း မတူညီေပမယ့္ ကိုယ္ခ်စ္တဲ့သူနဲ႔ပတ္သတ္လာရင္ ခံစားခ်က္က အတူတူပဲလို႔ထင္တယ္။   မင္း သူ႔ကိုတကယ္ ဂ႐ုစိုက္ရင္ မင္းရဲ႕ ခံစားခ်က္ကို အရင္ေျပာၿပီးမွ အတူ အိပ္ဖို႔ကို သူ႔ကို ေမးသင့္တယ္ေလ။ အခု မင္းလုပ္ပုံက အလ်င္လိုေနၿပီး အရမ္းကို စိတ္မရွည္ရာ က်ေနတယ္  "

က်င္းဝမ္က အနည္းငယ္စိတ္ဝင္စားသြားၿပီး နားေထာင္လိုက္သည္။
သူ အလ်င္လိုေနသလား။
နည္းနည္းေတာ့ အလ်င္လိုသလိုပဲ။ ဒါေပမယ့ ္ဘယ္သူကမွ သူ႔ကို ဒီအေၾကာင္းမေျပာဖူးဘူး၊ ဒါေၾကာင့္ ေရွာင္ယြီက ေဒါသထြက္ေနတာလား။
သူက ေရွာင္ယြီကို  သူ႔ခံစားခ်က္ကို တကယ္ရွင္းရွင္းလင္းလင္းေျပာသင့္တယ္၊ ေရွာင္ယြီသာ သူ႔စိတ္ခံစားခ်က္ကို သိသြားၿပီးေနာက္ ခုလို အေတြ႕ခံဖို႔ ျငင္းေနရင္ေကာ..ဘယ္လိုလုပ္မလဲ။

သူက အခု သူတို႔ၾကားက ဆက္ဆံေရးကို ျပန္အဆင္ေျပေအာင္ လုပ္ဖို႔ ႀကိဳးစားေနတာေလ။

 က်င္းဝမ္က နက္နက္နဲနဲစဥ္းစားေနလိုက္ၿပီး ယဲ့ခ်င္းဟြမ္က သူႏွင့္မင္းသမီးလက္ထပ္ပြဲအတြက္ ခ်န္အန္းအိမ္ေတာ္မွာ ဘယ္လို စီစဥ္ေနသလဲဆိုတာ အေသးစိတ္ ဆက္တိုက္ေျပာေနသျဖင့္ က်င္းဝမ္က နားမေထာင္ေတာ့ပဲ ေရွာင္ယြီကိုေခ်ာ့ဖို႔ စဥ္းစားေနသည္။

  အခု သူ လုပ္ရမွာ ၂ ခုရွိတယ္။ သူ႔ရွင္းျပခ်က္ကိုနားေထာင္ဖို႔ ေရွာင္ယြီ႕ လူပုံစံေျပာင္းလာဖို႔လိုတယ္။ ၿပီးေတာ့ အစာစားဖို႔ ျငင္းဆန္ေနတဲ့ ငါးေလးက အစာစားဖို႔လိုေနတယ္။

 ဝမ့္ရွီးက က်င္းဝမ္ရဲ႕ ႏွလုံးသားကိုမခန႔္မွန္းႏိုင္ေပမယ့္ ငါးကေလးကို အစာေကြၽးဖို႔ ဘယ္လိုဆက္လုပ္ရမလဲဆိုတာ အႀကံဉာဏ္ေကာင္းရေသးသည္။ ငါး က စားဖို႔ျငင္းေနတယ္။ ငါးကို ပါးစပ္ကိုဖြင့္ၿပီး အစာေတြ အတင္းထည့္ဖို႔မျဖစ္ႏိုင္ဘူး။ ဝမ့္ရွီးက က်င္းဝမ္ရဲ႕ အမိန႔္အတိုင္း ေက်ာက္တုံးနဲ႔လုပ္ထားတဲ့   ဂူေရွ႕မွာ ငါးေလး ႀကိဳက္တဲ့ အေကာင္းဆုံး အစာမွန္သမွ်ကို စုထားဖို႔အႀကံေပးခဲ့တယ္၊ ငါးက အခ်ိန္တိုအတြင္း သူတို႔ ကိုယ္တိုင္ယူ စားလိမ့္မယ္။

ဒါေပမယ့္ ငါးေလးက လုံးဝ မစားခဲ့ေပ။
 
အခ်ိန္ၾကာလာေတာ့ ငါးစာေတြေၾကာင့္ ကန္ထဲက ေရေတြက ညစ္ပတ္လာသည္။ ဝမ့္ရွီးႏွင့္ အေစခံေတြက ငါးကန္ကို ေသခ်ာေရလဲၿပီး ေနာက္ထပ္ အစာသစ္ကို ေန႔တိုင္း ဂူေရွ႕မွာ ပုံေပးလိုက္ၾကျပန္သည္။

  က်င္းဝမ္က ငါးေလး ႏွစ္သက္ေစဖို႔အတြက္ အရသာရွိတဲ့ အစားအစာမ်ိဳးစုံကိုခင္းက်င္းျပသထားခိုင္းတယ္။ ငါးက စားႏိုင္တယ္ဆိုရင္ေတာင္ အဲ့အစာကို တခါတည္း အကုန္စားႏိုင္မည္မဟုတ္ေပ။

ဒါေပမယ့္ အေစခံေတြက ငါးကန္ကို လာသန႔္ရွင္းတိုင္း ငါးေလးက အစာစားဖို႔ ျငင္းဆန္ေနဆဲဆိုတာ ေတြ႕လိုက္ရသည္။ အေကာင္းဆုံး ေဈးအႀကီးဆုံးအစာေတြ ဒီအတိုင္း ပစ္လိုက္ရတာ ႏွေမ်ာဖို႔ေကာင္းလွသည္။ ငါးေလးက အငတ္ခံေနဆဲျဖစ္လို႔ အရသာရွိေသာအစားအစာမ်ားစြာသည္ အလဟသျဖစ္ေနသည္။
လီယြီသည္ႏွစ္ရက္ၾကာေအာင္ အစာငတ္ခံေနသျဖင့္ သူ႔ ကိုယ္အေရာင္က သိသာသာေမွးမွိန္သြားၿပီး အေၾကးခြံမ်ားသည္လည္းေတာက္ပမႈ နည္းလာသည္။
က်င္းဝမ္က ငါးေလးကို စိုးရိမ္သျဖင့ ္သူ႔ကိုဂ႐ုစိုက္ရန္ လူမ်ားစြာကိုေခၚလိုက္သည္။ သူလည္း မခံမရပ္ႏိုင္ေအာင္ ခံစားလာရတယ္။ ဝမ့္ရွီးက လီယြီက က်င္းဝမ္ရဲ႕ အခ်စ္ေတာ္ ငါးေလးဆိုတာကို မသိေပ။ ငါးက ေနမေကာင္းလို႔ အစာမစားတာလို႔ ထင္ေနသည္။

  ဒါေပမယ့္စဥ္းစားၾကည့္ေတာ့ ...သူ႔အေပၚ က်င္းဝမ္လုပ္ခဲ့သည္ကို သူ ေဒါသမထြက္ဘဲမေနႏိုင္ပါ။
အစာမစားျခင္းက သူ႔ကိုျပင္းထန္စြာ သက္ေတာင့္သက္သာျဖစ္ေစသည္၊ သို႔ေသာ္ငါးတစ္ေကာင္သည္ အခ်ိန္ၾကာၾကာဗိုက္ဆာလွ်င္ ပထမဆုံး ငတ္ေသသည့္ ငါးတစ္ေကာင္ျဖစ္လာလိမ့္မည္။

မဟုတ္ေသးဘူး..

 လီယြီကသူ႔ျပားခ်ပ္ခ်ပ္ဗိုက္ကို ေခါင္းငိုက္စိုက္နဲ႔ ၾကည့္ကာ ေတြးလိုက္သည္။  ဒါက သူ႔အျပစ္မဟုတ္ဘူး၊ ဘာလို႔ သူ႔ကိုယ္သူ အစာငတ္ခံေနရတာလဲ။
ငါးအျဖစ္နဲ႔ အဆာငတ္ခံေပမယ့္ က်င္းဝမ္က သူ ဘာေၾကာင့္ မေမေက်မနပ္ျဖစ္ေနသလဲဆိုတာကို နားလည္ႏိုင္မွာလား။

 မျဖစ္ႏိုင္ဘူးေလ...

 ႐ုတ္တရက္လီယြီက ဒါကိုနားလည္လိုက္သည္။ သူ ေဒါသထြက္ေနတာေၾကာင့္ သူ႔ကိုယ္သူ မႏွိပ္စက္ႏိုင္ဘူး။ သူ ဗိုက္ဆာလြန္းလို႔အေရခြံတစ္လႊာကြၽတ္က်က်န္သည္။ အခု သူႏွင့္မနီးမေဝးတြင္ အစားအစာမ်ားကိုေနရာခ်ကာ ခင္းက်င္းထားခဲ့သည္။

 လီယြီက ေနာက္ဆုံးမိမိကိုယ္ကိုေလးစားမႈကို တြန္းလွန္ကာ တိတ္တိတ္ေလး ေခ်ာင္းၾကည့္လိုက္သည္။

က်င္းဝမ္ကို ဘယ္မွာမွ မေတြ႕ရေသးေပ။ အခု သူ အားနည္းစြာ ေရကူးေနတာကို က်င္းဝမ္က လာမၾကည့္ေနဘူး။ ဒါေၾကာင့္ ငါ ဂူဝကို သြားၿပီး အစာနည္းနည္းေလာက္ စားလိုက္ရင္ေကာ....
 
ငါးၾကင္းငယ္ေလးသည္ေနာက္ဆုံးတြင္ ဂူဝသို႔ေရကူးလာခဲ့သည္။ ၾကာရွည္စြာ အငတ္ခံခဲ့သျဖင့္ သူ ရႈလိုက္ရသည့္ ေမႊးႀကိဳင္သည့္ အစာနံ႔ေၾကာင့္ သူ အရမ္းငိုခ်င္ေသာ္လည္း သူက ထိုအစာကို ကိုက္ရန္ လုပ္လိုက္ခ်ိန္ ငါးကန္ သန႔္ရွင္းရန္ေရာက္လာသည့္ အေစခံက ငါး၏ မေလ်ာ့ပါးေသာ အစာကိုၾကည့္ရင္းသက္ျပင္းခ်လိုက္သည္။

တစ္ရက္ၿပီးတိုင္း ငါးေလးကို ေကြၽးထားသည့္ အစာေတြကို အေစခံေတြက အကုန္ရွင္းပစ္ရသည္။

အစာကို တိတ္တိတ္ေလး လာစားရန္ျပင္ေနသည့္ လီယြီ - ? ? ?
လီယြီသည္ဆာေလာင္မြတ္သိပ္ျခင္းေၾကာင့္ ႐ူးမလိုျဖစ္သြားသည္။ သူက ေနာက္တေန႔ထိ ေစာင့္ရေတာ့မယ္ ဆိုတဲ့သေဘာေပါ့...

 ငါးကို အကြယ္ကေန တိတ္တိတ္ေလးေခ်ာင္းၾကည့္ေနတဲ့ က်င္းဝမ္က ဒါကိုျမင္ေတာ့ အျမန္ အနားကို ေရာက္လာၿပီး ေနာက္ဆုံးမွာ ငါးက သူ႔မ်က္ႏွာကိုျပဖို႔ဆႏၵရွိေၾကာင္း သိလိုက္တယ္။ က်င္းဝမ္က ခဏေလာက္စဥ္းစားလိုက္ၿပီး လက္ထဲမွာ ငါးစာ တဆုပ္စာကိုဆုပ္ကိုင္ကာ ေရထဲကို ထည့္လိုက္သည္။

လီယြီသည္ အ႐ူးေကာင္၏မ်က္ႏွာကို တစ္ခ်က္ၾကည့္လိုက္ၿပီး ေဒါသေၾကာင့္ လွည့္ထြက္သြားမည္ လုပ္ေပမယ့္ က်င္းဝမ္လက္ထဲက ငါးစာရဲ႕ ရနံ႔က သူ႔ကို အရမ္းဆြဲေဆာင္ေနသည္။  ငါးစာေတြက သူ၏အာ႐ုံေၾကာမ်ားကို ဆက္လက္ႏွိပ္စက္ေနသည္။ လီယြီသည္ အလြန္ဆာေလာင္ၿပီး ေရမကူးႏိုင္ေတာ့လို႔ လက္ေလွ်ာ့လိုက္ရသည္။

က်င္းဝမ္ကသူ႔ေရွ႕တြင္ငါးစာကိုညင္ညင္သာသာခ်ထားသည္ကိုၾကည့္ေနသည္။
လီယြီ: "... "
ေဟ့လူ... ငါးက အလိုက္သင့္ ေနတတ္ ထိုင္တတ္ပါတယ္ကြ....ငါးက သူ႔ဖာသာ ႏွိပ္စက္မွာ မဟုတ္ဘူး။
 သူ႔ကိုယ္သူ ဆူၿဖိဳးဝဖီးလာေအာင္ စားၿပီး အသုံးမက်တဲ့ **** သခင္ကို မြဲေအာင္ ႏွိပ္စက္သင့္တယ္!
ဤနည္းအားျဖင့ ္သူ၏စိတ္ကိုေျပာင္းလဲလိုက္ေသာငါးသည္ ေနာက္ဆုံးတြင္စတင္စားေသာက္ခဲ့သည္။


က်င္းဝမ္သည္ တစ္ဝက္ေလာက္ စိတ္သက္သာသြားခဲ့ၿပီး ၿပဳံးလိုက္ကာ ငါး၏ေက်ာကို သူ႔လက္ေခ်ာင္းမ်ားျဖင့္ တို႔ထိလိုက္သည္။ လီယြီသည္အၿမဲတေစသတိရွိေနၿပီး သူ႔ႏႈတ္ခမ္းမ်ားက ငါးစာကို ဝါးေနေပမယ့္ သူ႔ေက်ာကို မထိေအာင္ ကိုယ္ကို ေ႐ႊ႕လိုက္သည္။

ငါးစာ နည္းနည္းေလးက သူ႔ကို ဝယ္လို႔ရမယ္ထင္ေနလား... သူက အစားသာစားမယ္။ အခ်စ္ေတာ္ လုပ္ေပးမယ္ဆိုတဲ့ သေဘာမဟုတ္ဘူး..

က်င္းဝမ္က ငါးေလး အစားနည္းနည္းကို စားေနတာကိုၾကည့္ၿပီး သူ၏ႏႈတ္ခမ္းထက္က အၿပဳံးက ေမွးမွိန္သြားသည္။

လီယြီသည္အလြန္ဆာေလာင္ေနၿပီး အနည္းငယ္စားၿပီး သက္ေတာင့္သက္သာ ခံစားလာရသည္။

က်င္းဝမ္က ငါးက အစာ အလြန္အကြၽံမစားသင့္ေၾကာင္း ဝမ့္ရွီးေျပာခဲ့သည့္ စကားမ်ားကိုမွတ္မိေနေသးသည္။ လီယြီက စားတာရပ္လိုက္ေတာ့ က်င္းဝမ္က သူ႔ကို ေရကူးဖို႔တြန္းလိုက္တယ္။

လီယြီက လုံေလာက္စြာစားၿပီးေသာအခါ သူ၏ေဒါသသည္ေတာ္ေတာ္ေပ်ာက္သြားၿပီး က်င္းဝမ္တြန္းေပးေတာ့လည္း သူ ေရကူးရသက္သာသည္ဟု ေတြးကာ ၿငိမ္ေနသည္။
 
ဗိုက္ပိုသက္သာလာေသာအခါ လီယြီသည္ခ်က္ခ်င္းပင္သူ႔အၿမီးကို ဂုဏ္ယူစြာဆြဲလိုက္ၿပီး ဂူထဲသို႔ ၀ င္လိုက္သည္။ လူယုတ္မာႀကီးက သူ႔အတြက္ လုပ္ေပးထားတဲ့ ႀကီးမားေသာကုတင္ေပၚတြင္ သူ မအိပ္ခ်င္ေသးပါ။
အစာစားၿပီးေနာက္ လီယြီသည္ခ်စ္စရာအိမ္ေမြးတိရစာၦန္စနစ္ထဲသို႔ ၀ င္လာသည္။
သူ စိတ္အရႈပ္ဆုံးျဖစ္ေနသည့္ အခ်ိန္အတြင္း သူလုပ္ရမယ့္ မစ္ရွင္ ၿပီးသြားေၾကာင္းေျပာလိုက္သည့္ အသံကို သူၾကားလိုက္ရၿပီး စိတ္ရႈပ္ေထြးသြားကာ စနစ္ႏွင့္ ေသခ်ာ အတည္ျပဳခ်င္သည္။
သူ႔ ေသခ်ာစီစဥ္ကာ အရက္အတူေသာက္ရန္ အစီအစဥ္သည္ မလုပ္ျဖစ္ေပမယ့္ သူ႔ မစ္ရွင္က ဘာေၾကာင့္ ေအာင္ျမင္သြားတာလဲ။ လူယုတ္မာသခင္သည္ သူ႔ကို အႏိုင္က်င့္ခဲ့သည္၊ ဒါေၾကာင့္ မစ္ရွင္က ၿပီးေျမာက္ခဲ့တာလား။

သူခန႔္မွန္းတာ မွားသြားခဲ့တာမ်ားလား။  ဒီလိုအရွက္မဲ့ၿပီး အႏိုင္က်င့္တာက လေရာင္၊ ေလညႇင္း၊ ပန္းပြင့္ကို အတူခံစားျခင္းဆိုတာလား....

လီယြီကေဒါသတႀကီးနဲ႔ေျပာလိုက္တယ္၊

 ငါ့ကို အေၾကာင္းျပခ်က္ မေပးႏိုင္ရင္ ေနာက္ထပ္ မစ္ရွင္ေတြကို ငါ လုပ္မွာမဟုတ္ဘူး။
 ေခ်ာက္ခ်တတ္တဲ့ စနစ္က ၿငိမ္ေနခဲ့သည္။ သူက လူေကာင္းျဖစ္ၿပီး ေကာင္းမြန္စြာ ျပဳမူတတ္သူျဖစ္ေပမယ့္ လူဆိုတာ သူ႔အတိုင္းတာနဲ႔ပဲ သည္းခံႏိုင္တယ္။   စိတ္သေဘာထားေကာင္းၿပီး ႐ိုးသားသူတစ္ေယာက္ကို လုပ္ခ်င္တာလုပ္ႏိုင္မယ္လို႔ မေတြးထားနဲ႔၊

ၿငိမ္ေနၿပီးမွ စနစ္က ေလးနက္သည့္ အသံျဖင့္ ေျပာခဲ့သည္။
"Host.... မင္းက အခ်စ္ေတာ္ အိမ္ေမြးငါးကေလးဆိုတဲ့ ပင္မ တာဝန္ကို ၿပီးေျမာက္ခဲ့ၿပီးၿပီ။ ဒါေၾကာင့္ ေရွ႕ဆက္လာမယ့္ မစ္ရွင္ေတြက မင္း အခုလုပ္တဲ့ မစ္ရွင္ရဲ႕ ရလဒ္ေပၚမူတည္ၿပီး ဆုံးျဖတ္ေပးလိမ့္မယ္။   Host က အာဏာရွင္ဆိုးႀကီးနဲ႔ ပိုမိုနက္ရႈိင္းတဲ့ ခ်စ္ၾကည္ရင္းႏွီးမႈကို တည္ေဆာက္ဖို႔ လိုအပ္တယ္။ အာဏာရွင္ သခင္ႀကီးနဲ႔ အတူေသာက္႐ုံနဲ႔ မစ္ရွင္က ၿပီးေျမာက္မွာ မဟုတ္ဘူး။ ေက်းဇူးျပဳၿပီး ေသခ်ာစဥ္းစားပါ Host "

ရွားရွားပါးပါးစကားလုံးမ်ားျဖင့္ စနစ္က သူ႔ကိုဉာဏ္အလင္းျပခဲ့သည္ -

"မင္းက သူအႀကိဳက္ဆုံး အခ်စ္ေတာ္ ငါးျဖစ္ေနၿပီ၊ ဒီထက္သာလြန္ႏိုင္ေသးတယ္"
 
ေဟ့...လုပ္စမ္းပါ.... ပိုေကာင္းတဲ့ဆက္ဆံေရးရွိဖို႔ ဆိုတာက အိပ္ယာထက္မွာ ေစာင္နဲ႔ ဖုံးလႊမ္းခံရၿပီး အနမ္းခံရတာကို ဆိုလိုခ်င္တာလား။ ဒါက ဘယ္လို သေဘာတရားႀကီးလဲ....
လီယြီက ေအးစက္စြာ ႏွာမႈတ္ကာ ေျပာလိုက္သည္။

 စနစ္ - "ဒါက ငါးအျဖစ္နဲ႔ လုပ္ေဆာင္ၿပီး ဆုရတာထက္ ပိုမ်ားတယ္ မဟုတ္လား"
လီယြီ: "... "
စနစ္က သူ႔ကြၽမ္းက်င္မႈကို ထုတ္ျပၿပီး ရွင္းျပလိုက္သည္။

ဒါကို နားေထာင္ရင္း တခုခုမွားေနၿပီလို႔ လီယြီ ထင္လာသည္။ မစ္ရွင္လို႔ ေခါင္းစဥ္တပ္ထားေပမယ့္ သူ လုပ္ခိုင္းတဲ့ဟာေတြက လြဲလာသလိုပဲ။ အခု ဆက္လုပ္ရမယ့္ မစ္ရွင္ေတြက အခ်စ္ေတာ္ အိမ္ေမြးငါး ဆိုတဲ့ အရာနဲ႔ လုံးလုံးလြဲလာသလိုပဲ။  ဆက္ဆံေရးတစ္ခုကိုၿပီးေအာင္လုပ္ရတာနဲ႔ ပိုတူလာတယ္။  

စကားေျပာေနတာကိုရပ္လိုက္ေတာ့...  ဒါက စနစ္ရဲ႕ပူးေပါင္းႀကံစည္မႈပဲ။

လီယြီ၏ေဒါသသည္ သူ႔ တို႔ဟူးစားကို အစားခံလိုက္ရတဲ့ အခ်ိန္ကစၿပီး ဆတ္ဆတ္ထိ မခံျဖစ္လာေတာ့သည္။
 
ဘယ္အိမ္ေမြးတိရစာၦန္က ပိုင္ရွင္နဲ႔ ေလးနက္တဲ့နားလည္မႈ ရခ်င္မွာလဲ၊ ပိုင္ရွင္နဲ႔အနီးကပ္ေနၿပီး ဝိုင္အတူေသာက္ၿပီး ခ်စ္ကြၽမ္းဝင္ရမယ္ ဟုတ္လား...

ထိုစနစ္က ရွင္းျပလိုက္သည္။

 "သန္းေပါင္းမ်ားစြာေသာ အခ်စ္ေတာ္အိမ္ေမြးတိရစာၦန္၏အဓိက လမ္းေၾကာင္းက ကန ဦး လုပ္ငန္းစဥ္မ်ားျဖစ္တယ္။ သက္ဆိုင္ရာရလဒ္မ်ားကိုရရွိဖို႔ကို Host လုပ္ဖို႔ပဲ လိုအပ္တယ္။ Host က ကိုယ့္သေဘာနဲ႔ ကိုယ္ ဒါကို ၿပီးေျမာက္ေအာင္ လုပ္ဖို႔ ေ႐ြးခ်ယ္ႏိုင္တယ္။ တကယ္လို႔ Host က ဒါကို လုပ္မယ္ဆိုရင္ က်န္တဲ့ မစ္ရွင္အားလုံးလည္း အလိုေလ်ာက္ၿပီးသြားမွာပဲ။"
စနစ္က နည္းနည္းရႈပ္ေထြးသြားၿပီလို႔ လီယြီက စဥ္းစားေနခဲ့တယ္။ စနစ္သည္ ယခုအာဏာရွင္သခင္ဆိုးႀကီးက သူ႔ကို ဒီလိုဆက္ဆံတယ္ဆိုတာ သူက ေတာင္းဆိုလိုက္လို႔ ဆိုတဲ့ သေဘာကို ေျပာေနတာလား....  !

"ဒါက ေတာင္းဆိုတာမဟုတ္ဘူး၊ ဒါေပမယ့္မစ္ရွင္မွာ Host  အရင္ေ႐ြးခ်ယ္မႈေတြေၾကာင့္ျဖစ္ရတဲ့  အာဏာရွင္ကလုပ္ခဲ့တဲ့လုပ္ရပ္ေတြျဖစ္တယ္။ အခုဆက္ျဖစ္လာတဲ့ ဇာတ္လမ္းနဲ႔ မစ္ရွင္ေတြက Host ရဲ႕ရလဒ္ေတြေၾကာင့္ ေပၚေပါက္လာတဲ့ အရာေတြပါ "

ထိုစနစ္ကိုအေလးအနက္ျဖင့္ လီယြီရဲ႕စကားကို ျပန္ျပင္ေပးခဲ့သည္။

လီယြီ: "... "
သူလုပ္ခဲ့တဲ့ အလုပ္မ်ားသည္ က်င္းဝမ္ကို ခုလို ေျပာင္းလဲေစမယ္ဆိုတာကို သိရင္ စနစ္က ဘာေၾကင့္ သူ႔ကို သတိမေပးခဲ့တာလဲ...

 စနစ္ကေျပာလိုက္သည္။
"ခ်စ္စရာအိမ္ေမြးတိရစာၦန္စနစ္ရဲ႕အလုပ္က Host က သူ႔စိတ္ႏွလုံးကို ႏွစ္ျမႇဳပ္ၿပီး မစ္ရွင္ကို ၿပီးေအာင္ လုပ္ေပးဖို႔ပဲျဖစ္တယ္။ ဒါကို ႀကိဳသိထားရင္ Host က  ေ႐ြးခ်ယ္မႈအမ်ိဳးမ်ိဳး လုပ္ၿပီး မူလရည္႐ြယ္ခ်က္နဲ႔ကင္းကြာသြားလိမ့္မယ္  "

လီယြီ:  ေလသံက သူ႔ကို အစကတည္းက ေထာင္ေခ်ာက္ဆင္ထားတဲ့ အသံပဲ...

 ဒါကို ေတြးမိေတာ့ က်င္းဝမ္က သူ႔တိုဖူးကို စားတာထက္ ပိုစိတ္တိုလာမိသည္။ လီယြိက  မ်က္ႏွာမည္းၿပီးေမးလိုက္တယ္၊

က်င္းဝမ္က သူ႔ တို႔ဟူးကို စားခြင့္မေပးေအာင္ တားလို႔ မရဘူးလား။
စနစ္-  "က်င္းဝမ္က ဒီဇာတ္လမ္းမွာ မင္းသားျဖစ္လို႔ system သည္ male lead ကိုတိုက္႐ိုက္ မထိန္းခ်ဳပ္ႏိုင္ပါဘူး။ ဒါေပမယ့္ Host က အရာအားလုံးကို ျပန္ၿပီး စတင္ဖို႔ အခြင့္ေရးရွိပါတယ္။ ျပန္စဖို႔ ဆုံးျဖတ္ၿပီးရင္ မစ္ရွင္ေတြကို အစကေန အကုန္ျပန္လုပ္ရပါ့မယ္  "

လီယြီ အံ့ၾသသြားသည္။ ဇာတ္လမ္းကိုျပန္လည္ျပင္ဆင္ႏိုင္သလား။
ေယဘူယ်အားျဖင့ ္ျပန္လည္ျပင္ဆင္ျခင္း၏ အက်ိဳးဆက္ေတြက ဘာျဖစ္ႏိုင္မလဲလို႔ လီယြီ ေတြးလိုက္မိသည္။

  သူက အာဏာရွင္ဆိုးႀကီးရဲ႕ မွတ္ဉာဏ္နဲ႔ သူ႔ေက်နပ္ႏွစ္သိမ့္ေနမႈကို ရွင္းပစ္သင့္တယ္မဟုတ္လား။
ဒါဆိုရင္ သူ ခံစားေနရတဲ့ ဒုကၡမ်ားရွိေတာ့မည္မဟုတ္ေပ။ က်င္းဝမ္အတြက္ေကာ ဒါက တရားမွ်တရဲ႕လား။
သူ႔လုပ္ရပ္ေၾကာင့္ က်င္းဝမ္က တခုခုပိုဆိုးသြားႏိုင္မလား။
 
စနစ္ကအေလာတႀကီးရွင္းျပသည္
"မင္းက အထင္လြဲေနတာထင္တယ္။ ခ်စ္စရာအိမ္ေမြးတိရိစာၦန္စနစ္နဲ႔ပတ္သတ္ၿပီး မင္းရဲ႕ မွတ္ဉာဏ္ကိုပဲ ျပန္လည္ရွင္းလင္းေပးႏိုင္တယ္။. က်င္းဝမ္ကို ဘာမွ လုပ္လို႔မရဘူး  "

လီယြီ: ဒါဆို သူ႔ကိုယ္ပိုင္မွတ္ဉာဏ္ကို ရွင္းပစ္ဖို႔လား။ အဲ့လိုလုပ္လိုက္ရင္ သူ အခုျဖတ္သန္းခဲ့တဲ့ မွတ္ဉာဏ္ေတြ မရွိေတာ့ပဲ သူက တူညီတဲ့ျဖစ္ရပ္ကိုျပန္ႀကဳံရၿပီး တူညီတဲ့ ေ႐ြးခ်ယ္မႈကို ထပ္လုပ္မိႏိုင္တာပဲေလ။
 
ေနာက္ဆုံးေတာ့ သူက အရင္မစ္ရွင္မွာ ဘာအမွားမွ မရွိပဲ ျဖစ္ေက်ာ္ႏိုင္မယ္လို႔ အာမ မခံႏိုငဘူး။ ဒါဆိုရင္ ခ်န္အန္းအိမ္ေတာ္ႀကီးက ပ်က္စီးၿပီး ယြဲ႕ခ်င္းဟြမ္ အသတ္ခံရတာကို သူ  နည္းနည္းလ်စ္လ်ဴရႈထားႏိုင္ပါ့မလား။   

သူသည္တစ္ဖန္ျပန္လာရင္ေတာင္မွ သူက ဒီလို သူတစ္ေယာက္ျဖစ္လိမ့္မည္၊ သူသည္တူညီေသာေ႐ြးခ်ယ္မႈကိုျပဳလုပ္ မိလိမ့္မည္။
ထို႔အျပင္သူသည္ျပန္လည္ျပင္ဆင္႐ုံသာရွိေသာ္လည္း က်င္းဝမ္ကို ဘာမွ မလုပ္ႏိုင္ဘူးဆိုတာ စဥ္းစားမိလာသည္။

ဒါကို  ပိုဆိုးတာ မဟုတ္ဘူးလား။
လီယြီ: အဲဒါကို ဘာလို႔ျပန္မညႇိတာလဲ။
စနစ္: "မင္း ျပန္လည္ျပင္ဆင္ဖို မလိုအပ္ဘူးဆိုရင္ ေက်းဇူးျပဳ၍  ဆုလာဘ္ကိုလက္ခံယူပါ။ "
"Wind Flower and Snowy Moon"  မစ္ရွင္ ၿပီးစီးၿပီဟု သတိေပးသည့ ္စနစ္၏အသံ ေပၚလာသည္။ ယခု လီယြီသည္အမွန္တရားကိုအနည္းငယ္သိသြားၿပီး သူ၏ႏွလုံးသားသည္ရႈပ္ေထြးလာသည္။ သူက ဒါကိုမသိခ်င္ဘူး၊ ဒါေပမယ့္ သူက ဒီအဆင့္ရဲ႕အဓိက စာေၾကာင္းကိုစဥ္းစားတဲ့အခါ သူ႔အတြက္အက်ိဳးရွိေနဆဲျဖစ္တဲ့ ငါးေခါင္းအုံးတစ္ခုကို အထူးေတာင္းခဲ့တယ္။
လီယြီကစိတ္ဆိုးၿပီး စနစ္ကို ေျပာလိုက္သည္။

" ငါ့ကိုေခါင္းအုံးေပးပါ၊ က်န္တာကို သိမ္းထားလိုက္ေတာ့။ ေနာက္တစ္ဆင့္ မစ္ရွင္က အခ်ိန္ကန႔္သတ္ခ်က္နဲ႔လား။"
  "မဟုတ္ဘူး"

လီယြီကခါးခါးသီးသီးေတြးၿပီး သူစိတ္ထဲ ခံစားခ်က္မေကာင္းမခ်င္း ဘာအလုပ္မွ မလုပ္ပဲ ေနမည္ဟု ေတြးကာ စနစ္ထဲကေန ငါးေခါင္းအုံးေလး ယူၿပီးထြက္လာခဲ့သည္။

 လီယြီက  သူ ေနထိုင္သည့္ ၾကည္လင္ငါးကန္သို႔ျပန္လာခဲ့သည္။ အနာဂတ္မွာ ငါးရဲ႕ ဘဝတေလွ်ာက္ သူ ဘာကို ရင္ဆိုင္ရမယ္ဆိုတာ သူ မသိဘူး။
ကံေကာင္းေထာက္မစြာ၊ သူသည္အလြန္ထက္ျမက္သည္ဟု အၿမဲခံစားခဲ့ရသည္၊ ရလဒ္အေနႏွင့္ သူသည္ ပထမ ဦး ဆုံးေသာစနစ္၏ ေခ်ာက္ခ်ျခင္းကို ခံလိုက္ရၿပီး က်င္းဝမ္အႏိုင္က်င့္တာကို ခံရကာ အခု ေမွ်ာ္လင့္ခ်က္ ကုန္ဆုံးေနရသည္။

 သူ႔ေဘးနားမွာ ငါးေခါင္းအုံးကို ထားၿပီးလဲေလ်ာင္းေနသည္။ သူက လူ အသြင္ေျပာင္းသည့္အခါ ငါးေခါင္းအုံးကို ထားရစ္ဖို႔ ေတာင္းခဲ့တာျဖစ္သည္။ အခုရလာသည့္ ငါးေခါင္းအုံးက သူ႔လက္ရွိ ကိုယ္လုံးလို    အၿမီးေအာက္ေျခေတြင္ ေငြေရာင္ႏွင့္ ေ႐ႊေရာင္တို႔ေပါင္းစပ္ပါဝင္ေနသည့္ ပုံျဖစ္ေနသည္။
ဒါေပမယ့္ သူက လူအသြင္ေျပာင္းၿပီး က်င္းဝမ္ႏွင့္ ပတ္သတ္ခ်င္စိတ္မရွိေသးေပ။ တကယ္လို႔ စနစ္ကသာ အရမ္းလုပ္ႏိုင္စြမ္းရွိရင္ သူ႔ကို ငါး  အ႐ိုးမ်ားႏွင့္ငါးျပာမ်ားအျဖစ္သို႔ေျပာင္းသြားေအာင္ လုပ္လိုက္လိမ့္မည္။

လီယြီသည္အိပ္ေပ်ာ္သြားၿပီး မၾကာခင္ သူ႔နားထဲမွာ က်ယ္ေလာင္ေသာ စကားေျပာသံကို ၾကားလိုက္ရသည္။
ဝမ့္ရွီးက ဒီမွာလား။
လီယြီက ႏိုး လာ၍ ပုန္းလွ်ိဳးကြယ္လွ်ိဳးေနခ်င္ေသာ္လည္း သူက အသံကို ဆက္ၾကားေနရသည္။ ဝမ့္ရွီး  မဟုတ္ဘူး။

လီယြီသည္ သူ အရင္က မၾကားဖူးေသာအသံႏွစ္သံကိုလ်င္ျမန္စြာ သတိျပဳလိုက္မိသည္။ အသံတစ္သံက အျခားတစ္ ဦး အားလွ်ိဳ႕ဝွက္စြာေျပာခဲ့သည္။

အျခားအသံတစ္ခု: "ဟုတ္တယ္။ မင္းတို႔က်င္းဝမ္မင္းသားက သခင္ေလးလီ ကိုအရမ္းတန္ဖိုးထားတယ္၊ ဒါေပမယ့္ သခင္ေလးလီ ေပ်ာက္ေနတယ္ဆိုတာကို ငါၾကားလိုက္ခဲ့တယ္။ ဒါေပမယ့္ က်င္းဝမ္အရွင့္သားက သခင္ေလးလီက သူ႔ကိုျပန္လာၾကည့္မယ္လို႔ ယုံၾကည္ေနတယ္။  "
လီယြီ: သခင္ေလးလီ..? ? ?


ဒီ ေသာက္႐ူးက ဘာေသာက္လုပ္ေတြ လုပ္ေနတာလဲ။
ပထမဆုံးအသံက ဆက္ေျပာခဲ့သည္။

   "ဒီစာကိုနံရံမွာေရးထားတယ္။ သခင္ေလးလီသာ အိမ္ထဲမွာရွိေနရင္ သူ ေသခ်ာေပါက္ျမင္လိမ့္မယ္"
ထိုအသံႏွစ္ခုသည္တျဖည္းျဖည္း ေဝးသြားၿပီး လီယြိက သူ႔ေရွ႕တြင္ ဘာစာမ်ားကပ္ထားသလဲဆိုတာ စိတ္ဝင္စားသြားသည္။

က်င္းဝမ္က တမင္ရည္႐ြယ္ၿပီး အိမ္ေတာ္ထဲက အေစခံေတြကို သတင္းျဖန႔္ေစတာျဖစ္သည္။ ဒီနည္းက ေရွာင္ယြီနားထဲ ေရာက္ေစၿပီး စိတ္ဝင္စားလာေစမည္ဟု ေတြးထားသည္။

တကယ္လည္း လီယြီက ဆြဲေဆာင္ခံလိုက္ရသည္။ ဘာစာလဲဆိုတာ သူ စိတ္ဝင္စားသိခ်င္လာသည္။  စာက သူ႔ရဲ႕စူးစမ္းလိုစိတ္ကိုႏႈိးဆြေပးခဲ့တယ္။
စကားမေျပာႏိုင္ေသာ သူကို ေပးပို႔ရန္ သတင္းစကားကို နံရံေပၚမွာ ဘာေၾကာင့္ ကပ္ခိုင္းထားတာလဲ။
 
လီယြီသည္ လူေတြ သတိမထားမိခ်ိန္တြင္ သူက ျပတင္းေပါက္မွခုန္ခ်လိုက္ၿပီး အျပင္ဘက္က နံရံမွာ ကပ္ထားသည့္ စာကို သြား ၾကည့္ႏိုင္သည္။

လီယြီက အျပင္ကို ခိုးထြက္လာၿပီး ၾကည့္လိုက္ေတာ့ က်င္းဝမ္အိမ္ေတာ္ရဲ႕ ႏွင္းလိုျဖဴေဖြးသည့္  နံရံထက္တြင္ ႀကီးမားေသာ အကၡရာမ်ားျဖင့္ေရးထားေသာ လက္ေရးကို ေတြ႕လိုက္ရသည္။

ဘာကိုယ္လုပ္ေတာ္မွ မရွိေစရဘူး။ ငါ မင္းကို ႀကိဳက္တယ္။


**-**












(Completed) အာဏာရှင်ဆိုးကြီးရဲ့ အချစ်တော်ငါး (MM translation)Where stories live. Discover now