Chapter (139-1) - ဖူးဖူးမှုတ် အချစ်ခံရသည့် ထိုက်ကျူဖေး
ကျင်းဝမ်သည် အိမ်ရှေ့စံမင်းသားဖြစ်လာပြီးနောက် လီယွီသည်လည်း ထိုက်ကျူ-ဖေး ဘွဲ့ကို ရရှိခဲ့သည်။
ဤရှေးခေတ်လူ့အဖွဲ့စည်းတွင် လီယွီထံတွင် အင်အားကြီး နောက်ခံမိသားစုမရှိပဲ ဝမ်ဖေး ဖြစ်ခဲ့သဖြင့် မူလက ဝေဖန်မှုများစွာ ခံရနိုင်သည်။ သို့သော် အိမ်ရှေ့မင်းသားသည် သူ၏ ထိုက်ကျူ-ဖေး ကို ကဲ့ရဲ့ကန့်ကွက်သူ ရှိပါက ပြန်လည်ချေပရန် ပြင်ဆင်မှုများ ပြုလုပ်ခဲ့ပေမယ့် မထင်မှတ်ပဲ တာဝန်ရှိသူများက ဘာမှ မပြောခဲ့ပေ။
ဒီလိုမပြောဘူးဆိုတာလည်း လူအချို့သည် ထိုက်ကျူ-ဖေး ရာထူးကို မလိုလားသောကြောင့် မဟုတ်ပေ။ အမှန်ဆိုရလျှင် သူတို့သည် ထိုက်ကျူဖေး ဖြစ်လာမည် ဆိုပါက အိမ်ရှေ့မင်းသား နန်းတက်သောအခါတွင် နောင်တွင် ဧကရီ ဖြစ်လာနိုင်မည်ဖြစ်သည်။ ဒါက ဖြစ်နိုင်ချေတစ်ခုဆိုရင်တောင်မှ ဘယ်သူက မကြိုးစားချင်မလဲ။ ဒါပေမယ့်လည်း ဒီလူတွေက အခုအချိန်အထိ ဘယ်လောက် ကြိုးစားခဲ့ပေမယ့် ကျင်းဝမ်ရယ်တို့ စုံတွဲဟာ ကောင်းမွန်တဲ့ဆက်ဆံရေးရှိနေဆဲဖြစ်သည်။
ကျင်းဝမ်သည် မည်သည့် အရန်ကြင်ယာတော်ကိုမှ ထပ်မံ လက်မထပ်ခဲ့ပေ။ ဒါတင်မကဘူး၊ သူ့မှာ ကိုယ်လုပ်တော်တောင် မရှိဘူး။ ဧကရာဇ်သည် ကျင်းဝမ်ကို သူ အလိုရှိသည့်အတိုင်း လုပ်ခွင့်ပေးခဲ့သည်မှာ ထင်ရှားသည်။ ယခု ကျင်းဝမ်သည် အိမ်ရှေ့စံမင်းသားဖြစ်လာပြီး ထိုက်ကျူ-ဖေး ရာထူးအတွက် အရူးအမူး တိုက်ခိုက်ခဲ့မည်ဆိုလျှင် အောင်မြင်မှု ရနိုင်ပါ့မလား။
အိမ်ရှေ့မင်းကို ဒေါသဖြစ်အောင် ဆွပေးတာက လုံးဝမတန်ဘူး။ နိုင်ငံရေးအရ ထိမ်းမြားခြင်းသည် ရန်သူများဖွဲ့ရန်မဟုတ်ဘဲ ပေါင်းသင်းရေးတစ်ခု ထူထောင်နိုင်ရန်သာ ဖြစ်သည်။
လီယွီ၏ နောက်ခံမရှိခြင်းက ဆိုးကျိုးဖြစ်ပေမယ့် လီယွီက မွေးဖွားပေးထားသည့် သားလေးယောက်ရှိပြီး လေးဦးစလုံးသည် ဧကရာဇ်၏ ချစ်ခြင်းမေတ္တာကို အပြည့်ဝရရှိခဲ့သည်။ ဧကရာဇ်သည် သူတို့ မွေးဖွား ပြီးသည်နှင့် ကလေးများကို မကြာခဏ မြင့်မြတ်သောအဆင့်အတန်းကို ပေးအပ်ခဲ့သည်။ မည်မျှ ခပ်လျှိုလျှိုလုပ်တယ်ဆိုပေမယ့် ဒါက အခြားလူတွေထက်ကို သိသိသာသာ မျက်နှာသာပေးတယ်ဆိုတာ ထင်ရှားသည်။ အကယ်၍ တစ်ယောက်ယောက်က ထိုက်ကျူ-ဖေး ဖြစ်လာဖို့ စိတ်ကူးယဉ်နေတယ်ဆိုရင်၊ ဒီတော်ဝင်မြေးတော်လေးတွေကိုလည်း စော်ကားမိရရောက်ဦးမည် မဟုတ်လား။
BẠN ĐANG ĐỌC
(Completed) အာဏာရှင်ဆိုးကြီးရဲ့ အချစ်တော်ငါး (MM translation)
Tiểu thuyết Lịch sửGenre _ Historical, Romance, Comedy, Yaoi