"နင် ငါ့ကို တကယ်ကြီး အရမ်းချစ်တာပဲလား ဂုဏ်....."
ရှေ့တည့်တည့်က ရေပြင်ကျယ်ကို ခပ်ဆွေးဆွေးလေး ကြည့်ပြီး မေးလာတဲ့ စကားက သိလိုစိတ်တွေနဲ့အတူ လေးနက်မှုတွေကလည်းအပြည့်
"ချစ်တာပေါ့ ထက် ရယ်။ငါနင့်ကို သိပ်ချစ်တာ.....။"လို့
ပြန်ဖြေမိတော့ သူမက သက်ပြင်းတစ်ချက်ချပြီး
"နင်ငါ့ကို ချစ်သလို ငါလဲ သူ့ကို အဲ့လိုချစ်တာ ဂုဏ်ရဲ့"
သူမရဲ့ မချိတင်ကဲ ရေရွတ်သံ အဆုံးမှာ ကျွန်တော် ဆွံ့အ သွားရသည်။ဟုတ်သည်။ကျွန်တော် မေ့နေတာ တစ်ခုက သူမကလည်း ကျွန်တော်နဲ့ အတူတူဆိုတာကိုပင်။ကျွန်တော်ကသာ သူမကြောင့် ရူးမတတ်ခံစားပြီး ကိုယ့်ကိုကိုယ် နစ်နာသူလို့ ထင်မှတ်နေတဲ့အချိန် သူမကလည်း တစ်ခြားတစ်ဘက်မှာ ထို့နည်းတူပဲ ဆိုတာကို ကျွန်တော်မေ့လျော့နေမိခြင်း။
ခဏအကြာမှာ သူမက ခြောက်ကပ်ကပ် ရီကာ ဆက်ပြောလာသည်။"နင်က ငါ့ကို ချစ်သလို ငါကလဲ သူ့ကို ချစ်တယ်
အဲ့လိုပဲ သူကလည်း အဲ့ကောင်မလေးကို ငါ သူ့ကို ချစ်သလို ချစ်တယ်.....ဟားဟား ငါတို့တွေက ရီစရာကြီးနော် ဂုဏ်..... ကဗျာဆန်ဆန် ပြောရရင်တော့ ငါတို့တွေက နယူတန်ရဲ့ နိယာမကို အနုနည်းနဲ့ ဆန့်ကျင်ပြနေကြတဲ့ လူတွေပါပေါ့ ဂုဏ်ရယ်..." တဲ့-------------------------------------
12.8.2021
ရေးတာတော့ ရေးလိုက်ပြီ
ဆက်ရေးဖို့ကတော့ မသေချာ🤣