Part 5

20 2 0
                                    

"ဗျာ"

"အော် ဒီကောင်လေး ဘာဖြစ်နေတာလဲ
မ,နဲ့ ပြန်လိုက်မလားလို့ မေးနေတာလေ
လိုက်မယ်မလား"

"ဟုတ် လိုက်ခဲ့မယ် ခဏနော် မ။ ခြူးထက် တစ်ယောက်တည်းပြန်လို့ အဆင်ပြေလား"

ခြူးထက် အတော်လေးကို အံ့ဩသွားရသည်။ရည်းစားသက်တမ်း ၂လကျော်တည်းက ငယ် လို့ပဲ ခေါ်လာခဲ့တဲ့ မောင်က ခု ခြူးထက်တဲ့။မောင်တို့ရဲ့ အပြောင်းအလဲကတော့ တယ်မြန်သကိုး။ဒီပုံအတိုင်းဆို ခြူးထက်တို့ နေရာပျောက်တော့မယ် ထင်ပါရဲ့။ ဒါတွေအသာထား ထားသွားချင်တဲ့လူကို နည်းနည်းလေးတော့ ရွဲ့ပေးရမှာပေါ့။

"ရပါတယ် ကိုလင်းမာန်ခန့်ရဲ့ အိမ်နဲ့လဲ နီးနီးလေးပဲ လိုတော့တာပဲ ကိုယ့်ဘာသာ သွားလို့ဖြစ်ပါတယ် အော် အမ ညီမသွားပြီနော်"

လွှတ်ချထားခဲ့ချင်တဲ့ လူရဲ့ လက်ကို တောင်းတောင်းပန်ပန်နဲ့ ဆွဲထားရတဲ့အထိတော့ ခြူးထက်ရဲ့ မာနက ခွင့်မပြု။ခုလဲအဆင်ပြေတာပဲကို။ကိုယ့်ဘက်က အမှားလုပ်ထားတာမှ မဟုတ်တာ ညကျ မောင် ဖုန်းခေါ်ပြီး ချော့လိမ့်မယ်။မချော့ရင်တော့လဲ တစ်မျိုးပေါ့။

*မောင်ရေ သေချာစဉ်းစားပါ။တို့က မောင်ခေါ်လဲ လိုက်မဲ့သူ မောင်ထားခဲ့လဲ နေခဲ့မဲ့သူမို့ မောင် သေချာစဉ်းစားပြီး ဆုံးဖြတ်ပေါ့။အဓိကက မောင်တစ်ယောက် နောင်တကင်းကင်းနဲ့ ပျော်နိုင်ဖို့က အရေးကြီးတာပါ*

နောက်ပြန်လှည့်ကြည့်မိတော့ မောင်က ခုန အမရဲ့ကားနဲ့ ပါသွားချေပြီ။ထားခဲ့ခံရတဲ့ ခံစားချက်က ဒါပါလားလို့ တွေးမိတော့ မျက်ရည်တွေ ဘာတွေတောင် ဝဲလာသလိုလို။ စိတ်ချမ်းသာတယ်။

"ထက်"

"ဟမ် အင့်"

အင့် ဆိုတဲ့အသံက တခြားတော့မဟုတ်။ကိုယ်တော်ချောဆီက အင့်ခနဲမြည်အောင် အဖက်ခံလိုက်ရတာပင်။ငနာလေးက ဒီနှစ်တွေ အတွင်း တော်‌တော်လေးကို အရပ်ရှည်လာတာ။ဆွဲဖက်လိုက်တာနဲ့ သူ့ရင်ခွင်ထဲ ကွက်တိ။

"ဂုဏ် နင် ဘယ်လိုဖြစ်လို့ လာဖက်နေတာလဲ လွှတ်"

"မလွှတ်ဘူး မနက်ကတည်းက ဖက်ချင်နေတာ ကျောင်းမှာမို့
ကိုယ်ဘယ်လောက် သတိရနေလဲ သိလား"

ငယ် Where stories live. Discover now