"ငယ်"
"ရှင် ရှင်"
ယောင်ယမ်းကာ ပြန်ထူးမိတော့ ထွက်လာတဲ့ စကားသံတွေက ထစ်အစွာ။"သူက ဘယ်သူလဲ"
သူမရဲ့ ကမ္ဘာကြီးက ဆူပုတ်စွာဖြင့် မေးလာသည်။"သူ သူငယ်ချင်းပါ ငယ်ငယ်တည်းက ခင်လာတာ
သူက ခုမှ ကျောင်းပြောင်းလာလို့ ဟီး ဂုဏ် သူက လင်း တဲ့ ""ကိုယ်တို့က ဘာတွေလဲပါ ထည့်ပြောလေ ငယ်"
"sorry လင်း ငယ် က လင်း မကြိုက်ဘူးထင်လို့ မပြောတာပါ
ဂုဏ် သူက ငါ့ကောင်လေး မှတ်ထားနော် ဟီး""ဟုတ် ကျွန်တော့်က ဂုဏ်ထည်ဝါပါ"
"အေး"
မောင်ကတော့ ထုံးစံအတိုင်း ချေချသွားချေပြီ။ခြူးထက်တစ်ယောက် ကြိတ်ရီမိသည်။ပေါ်တင်ရီလို့တော့မဖြစ် မောင့်ရဲ့ ဂျယ်လီနင်မှုနဲ့ စိတ်ကောက်မှုတွေအကြား ခြူးထက်တစ်ယောက် ညလုံးပေါက်အောင် ချော့ရလိမ့်မည်။အရင်ကလဲ ခြူးထက်ဘေးမှာ ယောက်ျားလေးမြင်သည်နှင့် မောင်က သူနဲ့ခြူးထက်က ရည်းစားတွေပါဆိုတာကို အသိပေးထားတတ်သည်။ခြူးထက်က သူ့အပိုင်ပါပေါ့
သူမရဲ့ ကမ္ဘာကြီးက ထိုသို့ပင်။သူသာ ရှုပ်ချင်တိုင်း ရှုပ်မည်။ခြူးထက်ကိုတော့ ဘယ်ကောင်လေးနဲ့မှ အရောတဝင်ပင် မနေခိုင်း။
ချစ်သူသက်တမ်း ၁နှစ်ကျော်အတွင်း သူရှုပ်ခဲ့တဲ့ ကောင်မလေး အရေအတွက်မှာ ရေလို့ပင် မရနိုင်သည်အထိ။ထိုတစ်နှစ်အတွင်းမှာ ခြူးထက် သူနှင့် လမ်းခွဲဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း သူမရဲ့ မပြတ်သားမှုတွေကြောင့်ရော ထိုသူရဲ့ လက်မခံမှုကြောင့်ရော ခုထိ လက်တွဲမြဲခဲ့သည်။ခြူးထက်ဘဝက 'ဆုပ်လဲစူး စားလဲရူး' ပေါ့
သူရဲ့ သစ္စာဖောက်တာတွေကို မခံနိုင်လို့ အကြိမ်ကြိမ် ထွက်ပြေးဖို့ ကြိုးစားခဲ့ပေမဲ့လည်း ဝေးဝေးမှာလည်း မနေနိုင်တော့ အနီးကပ်ပဲ ခံစားရပေဦးမှာပေါ့။ပျော်လားဆိုတော့ ပျော်တစ်ဝက် မပျော်တစ်ဝက်ပေါ့။"ငယ် ဘာတွေ စားနေတာလဲ?"
"အမ် ထ ထမင်းကြော်လေ"
"ကျစ် ငယ် အဲ့တာ ဘယ်လိုဖြစ်နေတာလဲ
စကားပြောတာ ထစ်ထစ်ငေါ့ငေါ့နဲ့""ဘာမှမဖြစ်ပါဘူး လင်း ဘာစားမလဲ ငယ် မှာပေးမယ်လေ"
"ငယ် စားလက်စ ပန်းကန် ပေး ကိုယ်ဆက်စားမယ်
ငယ် အသစ်မှာလိုက် ပြီးတော့ နေဦး ကိုယ့်ကို ဘယ်လိုခေါ်ရမယ်လို့ ပြောထားလဲ ငယ်?""အယ် အဲ့တာက လင်းပဲ ဖုန်းထဲမှာပဲ ခေါ်ဆို
ပြီးတော့ ငယ် အပြင်မှာလဲ မခေါ်ချင်ပါဘူး လျှာယားတယ်""မရဘူး ငယ် အခု ခေါ်ဆို ခေါ်နော်"
14.8.2021
