Part 2

24 2 0
                                    

" မမှတ်မိဘူးထင်လို့ ကိုယ့်မှာ လန့်သွားတာပဲ 'ထက်' ရယ် သွားမယ် ကိုယ့် 'ထက်'လေးကို မုန့်ဝယ်ကျွေးမယ် လာ လာ"

ထိုစဉ် အခန့်ရှေ့တွင် ဟိုဘက်အခန်းမှ ငနဲမ နှစ်ကောင်က ခြူးထက်ကို မုန့်လာစားရန် လာခေါ်ရင်း သူမနှင့် စကားပြောနေသော ဂုဏ် ကို အားပါးတရ ငမ်းနေကြခြင်းကို မြင်လိုက်ရတော့ စ,ချင်စိတ်နှင့်သူတို့ဘေးနား အပြေးသွားကာ

"အမလေး မယ်မင်းကြီးမတို့ ‌ဖြည်းဖြည်း ငမ်း
သရေတွေလဲ ကျနေပြီ သုတ်ကြဦး"

ပြောမှပဲ သတိရတော့သော နှာဘူးမ နှစ်ကောင်က

"ဟဲ့ ရတီ အဲ့တာ နင်တို့အခန်းထဲက ကျောင်းသားသစ်မလား
ခုနက ဟိုဟာမတွေ ပြောသွားလို့ ငါတို့က လာချောင်းတာ အဟိ
ဒါနဲ့ နေပါဦး သူနဲ့နင်က ဘယ်လိုသိ?"

"အဲ့တာ ပြီးမှပြော ဗိုက်ဆာပြီ လာ မုန့်ဈေးတန်းသွားရအောင်"

"အေး အေး သွားမယ်"

"ဟဲ့ ဂုဏ် ဘာလုပ်နေတာလဲ လာ" ဟုခေါ်နေရင်း ခြူးထက်တစ်ယောက် ရှေ့ကနေ ထမင်းကြော်ဆိုင်ကို ဦးတည်ပြေးတော့သည်။

သူတို့သုံးယောက်တွင် အရင်ရောက်သူက သုံးယောက်လုံးအတွက် မှာထားပေးရသည်။တစ်ယောက်အကြိုက် တစ်ယောက်သိတဲ့ ညီအမတွေလို ဖြစ်နေတာမို့ ပြဿနာတော့မရှိ။
ခြူးထက်တွင် သူငယ်ချင်းဆိုလို့ ထိုနှစ်ယောက်တည်းပင် ရှိသည်။
ပိုက်ဆံရှိသောကြောင့် လာကပ်ကြသော သူတွေ ရှိသော်လည်း လူကဲခတ်တော်သော ခြူးထက်သည် ကိုယ့်ဘောင်နှင့်သာ ကိုယ်နေသည်။ ဘယ်သူ့ကိုမှ လာအရောမခံ။အခြားသူများလို ခြူးထက်တွင်လည်း Second family ရှိသည်။
သို့ပေမဲ့ သူတို့တွေလို လူအများကြီးမဟုတ်
ခြူးထက်ရယ် နွေဦးရယ် အင်ကြင်းရယ် အခု ဂုဏ် ပါ ရောက်လာတော့ ဂုဏ်ရယ် ခပ်ဝေးဝေးက ကျောပြင်ပဲ ငေးကြည့်ခွင့်ရတဲ့ သူတစ်ယောက်ရယ်။ ၅ယောက်ပဲ ပါဝင်တဲ့ ခြူးထက်ရဲ့ Second family လေးက အေးချမ်းတယ် သာယာတယ် ခြူးထက် တကယ်သဘောကျတယ်။

တွေးရင်း ပြေးရင်းနဲ့ ထမင်းကြော်ဆိုင်ရှေ့ ရောက်လာတော့
ဆိုင်က အန်တီကြီးက ပြုံးပြုံးလေးနဲ့ ခြူးထက်ကို ကြည့်ကာ

"သမီးလေး အရင်အတိုင်းပဲ သုံးပွဲလား?"

"ဟုတ် အန်တီ ဒါပေမဲ့ တစ်ပွဲထပ်တိုးဦးမှာ
သူက ဘာကြိုက်မှန်းမသိလို့ ပြီးမှ မှာမယ်နော် ဟီး
အဲ့ ပြောရင်းဆိုရင်း ရောက်လာကြပြီ ဂုဏ် နင်ဘာစားမှာလဲ
ငါတို့အတွက်က မှာပြီးပြီ နင်ဘာကြိုက်မှန်းမသိလို့"

"ကိုယ်က ထက် စားတဲ့ အတိုင်းပဲ စားမယ်လေ
အတူတူပဲ မှာလိုက်"

"အင်း အင်း
အဲ့တာဆို အန်တီရေ လေးပွဲလုံး အတူတူပဲ"

"ဟုတ်ပြီ သမီးရေ ခဏနော်"

"ဟုတ် ဟုတ်"

"ဟဲ့ ရတီမ ထမင်းကြော်စောင့်နေရတုန်း ဟိုအဆင်လေးအကြောင်း ပြောပြလေ"

‌နွေဦးဆုမြတ်၏ တိုးတိုးတိုးတိုးနဲ့ ကပ်ပြောလာသည်ကို အင်ကြင်းကပါ ထောက်ခံသည်။

"ဟုတ်တယ် ဟုတ်တယ် မိရတီမ အစ အဆုံး ရှင်းစမ်း"

"အေးပါ ဒီလိုဟ ဂုဏ့် နာမည်က ဂုဏ်ထည်ဝါ ငါနဲ့ သွားအတူ စားအတူငယ်သူငယ်ချင်းပေါ့ဟယ်
ငါ ငါးတန်းလောက်ကျ ကျောင်းပြောင်းလာရတာနဲ့ ဒီဘက်ရောက်လာတော့ သူ့က ဟိုဘက်‌မှာ ကျန်ခဲ့ရတာ အဲ့တုန်းတည်းက သူက ငါ့ကို ပြောဖူးတယ် ငါက နင်ရှိတဲ့ ကျောင်းကို သေချာပေါက် လိုက်လာမှာ စောင့်နေ တဲ့ ကတိ တည်ရှာပါတယ် ရောက်လာပြီလေ ကဲ ဂုဏ် သူတို့နှစ်ယောက်က ငါ့ရဲ့ သူငယ်ချင်းတွေ သူက နွေဦးဆုမြတ် သူက အင်ကြင်း"

"အော် အင်း ကိုယ့်နာမည်က ဂုဏ်ထည်ဝါ ပါ"

"ဟုတ် ဟုတ် ဟီးဟီး"

"ဟဲ့ ဟဲ့ စွတ်ငမ်းမနေနဲ့ ရှေ့က စားပွဲပေါ် မျက်လုံးတွေ ကျွတ်ကျလာမယ် အမလေး ပြောရတာ မောတယ်"

"ရော့ ထက် သောက်လိုက်ဦး ကိုယ်ခုနတည်းက ထည့်ပေးထားတာ ခုလောက်ဆို နွေးနွေးလေးနဲ့ သောက်လို့ရလောက်ပြီ"

"အဟီး ငါ့ဂုဏ်လေးက အတော်ဆုံး"

"ထမင်းကြော် ရပြီ အမြန်စား မမှီရင် ပြန်ပြေးရဦးမယ်"

လေးယောက်လုံး ထမင်းကြော်သာ ငုံ့စားနေပြီး စကားမပြောဖြစ်တော့။ထိုအချိန်တွင် ခြူးထက်တစ်ယောက် စားနေရင်းကြောင်အပြီး မုန့်ဈေးတန်းအဝင်ဝကို ငေးကြည့်နေမိသည်။မကြောင်လို့လဲ မရ။ သူမရဲ့ ကမ္ဘာကြီးက သူမဆီကို တည့်တည့်လျှောက်လာနေသည်လေ။

"ငယ် "

13.8.2021

ငယ် Where stories live. Discover now