Part 4

15 3 0
                                    

"မရဘူး ငယ် အခု ခေါ်ဆိုခေါ်နော်"

"မောင်~... ရပြီလား"သက်ပြင်းကို ခပ်ဖွဖွချကာ မျက်စောင်းထိုးရင်း ပြောမိတော့ မောင်က သူ၏ သွားဖြူဖြူညီညီလေးတွေ ပေါ်လာသည်အထိ ရီသည်။မောင်က အဲ့လိုရီရင် သိပ်ချောတာ။

*အင်း.... မောင်တစ်ယောက် ဘယ်ကောင်မလေးနဲ့များ အဆင်ပြေလာလို့ ဒီလောက်တောင် စိတ်ကြည်နေတာပါလိမ့်*
ခြူးရတီထက်ဆိုသည်မှာ အဲ့သလိုပင်။မောင့်ကို အပြည့်အဝမယုံရဲသည်မှာ ရည်းစားသက်တမ်း ၆လလောက်က စမည်ထင်သည်။ ယုံကြည်မှုမရှိပဲ မျက်လုံးစုံမှိတ်ပြီး တွဲထားတဲ့ လက်တွေက ဘယ်အထိ မြဲနိုင်မလဲ မသိပေမဲ့ ကျွန်မအတွက်တော့ ဒီလက်တွေကို ခုထိလွှတ်မချနိုင်ပေ။

သေချာသည် ဘေးက သူငယ်ချင်းမလေးနှစ်ယောက်ကတော့ အမြင်ကတ်နေတော့မည်။ မတတ်နိုင် ချစ်တော့လဲ ဘယ်သူပြောတာကိုမှ နားမယောင်နိုင်လောက်အောင်ကို မောင့်မျက်နှာ တစ်ကမ္ဘာပင်ဖြစ်နေမိသည်။

"ကဲ ငယ် မောင်သွားတော့မယ်"

"အင်း အင်း"

"အော် ဒါနဲ့..."
မောင်က ထွက်သွားပြီးမှ နောက်လှည့်ကြည့်ကာ

"ကျောင်းဆင်းရင် မောင်နဲ့ တူတူပြန်မယ် စောင့်နေ"

"အယ် မောင် အဲ့တာက မဖြစ်.."

"ဘာတွေ ငြင်းဦးမလို့လဲ ငယ်ရယ် မောင် သွားတော့မယ်
အပြန်ကျ စောင့်နေနော်" ဟု ပြောကာ အမြန်ပင် လှည့်ထွက်သွားတော့သည်။

"ဟူး...."

"ဟူးမနေနဲ့ နေ့ခင်းကျ အတူတူပြန်မယ်ပြောထားတာ ဘယ်လိုလုပ်မှာလဲ နင့်ကောင်ကရော ဘာစောက်ချိုးလဲ တင်စီးလွန်းတယ်"

"ဟုတ်တယ် နင်အဲ့လိုကောင်ကို မပြတ်နိုင်ဘူးလား ဟမ် ခြူးထက် ပြောစမ်း နင့်အလျှော့ပေးနေလို့ အဲ့ကောင်က ရောင့်တက်နေတာ"

သက်ပြင်းပင် ဆုံးအောင် မချရ။ဘေးမှ သူငယ်ချင်းနှစ်ယောက်၏ အသံမှာ နားအူသွားနိုင်သည်အထိကို ဒေါနဲ့မောနဲ့ ပြောနေခြင်းပင်။

"နောက်မှ မီးစင်ကြည့်က,ရအောင်ဟာ နင်တို့စားလို့ပြီးပြီမလား သွားရအောင် ဂုဏ် နင်လဲ ပြီးပြီမလား သွားမယ် လာ"

ငယ် Where stories live. Discover now