ပြင်ဆင်ပြီးသွားလို့ လက်ကိုဆေးပြီး ဧည့်ခန်းထဲသို့ဝင်ကာ sofa ပေါ်သို့ ထိုင်လိုက်သည်။
သူဒီတလော ရုံးမတက်ပဲ လစ်ထွက်ကာ ရောင်စဉ်အတွက်ပဲ အချိန်ပေးဖြစ်နေသည်
မသိပါက အလုပ်အကိုင်မရှိ ၁၀၉ ၁၁၀အလားပဲ။
မိမိ မည်မျှ အလုပ်ရှုပိနေသည်ကို shine group မှ ဝန်ထမ်းများအား မသိစေလိုပါ။ မဟုတ်ပါက သွေးတက်ပြီးသေမှာစိုးသောကြောင့် သူမှာတောင်ရောင်စဉ်အနားနေတာ ၂၄ နာရီမလောက်ရတဲ့ ကြားထဲ။ အလုပ်ကို အိမ်ကနေခိုင်းရင်တော်ပြီပေါ့။
သူက CEOလေ နေရာတကာပါနေရရင် ဝန်ထမ်းတွေကို ထားနေစရာ မလိုတော့ဘူး
ဖြုတ်သာချပစ်လိုက်တော့Shine group၏ ပဲ့ကိုင်ရှင် ပိုင်ရှင် သူဌေးCEO၏ အတွေးကို ဝန်ထမ်းများသာ သိနိုင်မည်ဆိုပါက သွေးတက်သေစရာတော့ အကြောင်းရှိမည်မဟုတ်ပဲ
ပဋီစာရီမြေလူးမည်မှာသေချာလောက်သည်။"ရောင်စဉ် လှေကားပေါ်မှဆင်းလာကာ
ရှိုင်းထက် ဘာလုပ်နေတာလဲ""ရောင်စဉ်ဆင်းလာပြီလား ပြန်အိပ်နေခဲ့တာလား"
"အင်းရေချိုးပြီး ပြန်အိပ်သွားတာ ခုမှနိုးလာလို့ ခင်ဗျားကရော "
"ကိုယ်က ကုမ္ပဏီက အလုပ်တွေလုပ်နေတာ အရေးမပါပါဘူး "
ဆိုကာ လက်၌ကိုင်ကာ ကြည့်နေသော စာရင်းဖိုင်အား ဘေးကိုပစ်လိုက်သည်။
စောနမှ ပြန်သွားသော အတွင်းရေးမှုးသည်သာ မြင်မိလိုက်ပါက
'မဟာ CEO အရှင်သခင်ရယ် အဲ့တာ မနက်ယူရမဲ့ အကြောင်းအရာလေ သေချင်တော့တာပဲ'"ဪ လုပ်လုပ် "
"ခနဒိမှာ ထိုင်နေအုံးနော် ကိုယ်က မင်းအတွက် Barbecue လုပ်စားဖို့ ကိုယ်အဆင်သင့်ပြင်ဆင်ပြီးသား ခြံထဲမှာ စားကြမယ်လေ
အခု 6နာရီခွဲပဲရှိသေးတော့ 7နာရီကျော်လောက်မှ စားကြမယ်လေနော် နေ့လည်က Hot pot စားထားတာလေးသေချာအစာချေလိုက်အုံး"ပြောရင်းနှင့် Sofa ပေါ်မှ ဆင်းကာ မီးဖိုချောင်ထဲဝင်သွားလေသော သူကားမကြည့်တော့ပဲ TV အားဖွင့်ကာ ထိုင်နေလိုက်သည်။
ထသွားတာမကြာသေးပဲ ပြန်လာကာ လက်ထဲ၌ နွားနို့ခွက်လေးကိုင်ကာ"သောက်လိုက်အုံးနော် အစာပြေ ကိုယ် အလုပ်လေးလက်စသပ်လိုက်အုံးမယ်"
BẠN ĐANG ĐỌC
System ထဲရောက်ပြီးနောက် FA ဘဝက ကျွတ်သွားတယ်(System ထဲရောက်ပြီးနောက် Fa ဘဝက ကျွတ်
Lãng mạn????This is not Translation. ????This is my 2nd Own creation. 21ရာစုမှ လင်းခေတ်တရာ ဟာ ခါးပိုက်နှိုက်တစ်ယောက်နောက်ကိုလိုက်ရင်း ဓားထိုးခံရကာ သေသွားတာကြောင့် $ကျိုးနဲတာပဲ မတရားဘူး လို့ဆဲရင်း အဆင်မှန်သမျှဝိုက်မဲ့ system နဲ့တွေ့လိုက်ရချိန်........ 21ရာ...