S.W #9

3.2K 268 10
                                    

အိမ်ပြန်ရောက်လာသည့်အထိတောင် ရောင်စဉ်ဟာ မနိုးသေး။သူခေါင်းအုံးထားတဲ့ ရှိုင်းထက် ပေါင်ပေါ်မှာလည်း custom made ဘောင်းဘီအမည်းရောင်ပေါ် သားရေကွက်ဟာ သေချာမမြင်ရသော်လည်း ဝတ်ဆင်သူသည်တော့ သိနိုင်မည်မလား။
ရှိုင်းထက်ဟာ အခုထက်ထိသားရေကျကာအိပ်နေသေးသော ရောင်စဉ်ပါးအား နာ‌ကျင်အောင်မလုပ်မိစေရန် ခပ်ဖွဖွဆွဲလိုက်ကာ ပါးစပ်မှ သားရေစီးကြောင်းအား လက်ဖြင့် သုတ်ပေးလိုက်သည်။
အိပ်စက်နေသော သူအား မနိုးချင်သော်လည်း သူလေး၏ဒေါသအားစချငိသောကြောင့်

"ကလေးရောက်ပြီ ထတော့ထတော့"

"ဟင် ဟင် ဘယ်ရောက်တာလဲ"

"အိမ်လေ ထတော့ "

"ခင်ဗျားကြီးဟာလေ အိပ်နေတာကို ‌အသေနိုးရလား အိပ်နေတုန်း လာနိုးရင် ဒေါသထွက်တာသိရက်နဲ့နော် "

*ပြောတော့ အကုန်ကိုအလိုလိုက်မယ်ဆိုတာတွေရော စိတ်ပူတာတွေရော အခုကျတော့ ခွေးစားသွားတာလား *ီးပဲ *

:ဟိုက် ငါ့ Host တစ်ကယ် ကွေးပြီပဲ အဲ့လောက်တောင် ဖြစ်နေပြီလား လိမ်မာယဉ်ကျေးချက်က သင်တန်းဆင်းလာသလား မှတ်ထင်မိအောင်ပါပဲ;

"စိတ်မဆိုးပါနဲ့ ကိုယ်က ခြေထောက်ကျင်နေတာနဲ့လေ ပြီးတော့ စားဖို့သောက်ဖို့ ကိုယ်ပြီးရင် မင်းအတွက်လုပ်ပေးတော့မှာလေ စိတ်မဆိုးနဲ့နော် "

*ဒီတစ်ယောက် ငါ့ကို ဝ အောင်လုပ်ပြီး စားတော့မှာများလား  အားနေရင် စားဖို့ကြီး လာမေးနေတယ် အမေရေ သားတော့ စားခံဖို့စောင့်နေရတဲ့ ခြံထဲက ဝက်ထီးတစ်ကောင်လိုဖြစ်နေပြီ*

ကြက်သီးတဖြန်းဖြန်းထမိသွားလို့ လက်ကို ပွတ်သပ်လိုက်မိတယ်။အိပ်ချင်စိတ်တောင် ဘယ်ခွေးတိုးပေါက်က ပြေးသွားလဲမ‌သိဘူး။
သူရှေ့က ရှိုင်းထက်ကိုကြည့်လိုက်မိပြန်တော့
အနှစ်နှစ်အလလ သိမ်းထားတဲ့ အသားကို စားဖို့ သားရေတမြားမြား ကြည့်နေတဲ့ အတိုင်းပဲ huskyခွေးကြီးပဲလို့ကောက်ချက်ချကာ ကားပေါ်က လျင်မြန်သော အလျင်နဲ့ဆင်းလိုက်တယ်။ကြာရင် ကားပေါ်မှာ တစ်ခုခုဖြစ်တော့မယ်လို့ မသိစိတ်က အန္တရယ်သတိပေးချက်ထုတ်ပြန်နေတယ်။

System ထဲရောက်ပြီးနောက် FA ဘဝက ကျွတ်သွားတယ်(System ထဲရောက်ပြီးနောက် Fa ဘဝက ကျွတ်Donde viven las historias. Descúbrelo ahora