S.W #3(arc:4)

1K 104 0
                                    

ဒီနေ့လည်း ထုံးစံ အတိုင်းဒေါသထွက်တာများ မြင်ချင်လို့ များလားမသိ။ ထမင်းဗူးကို လာလဲထားပြန်တယ်။ သူစိတ်တွေမဟားတရား ကောင်းနေတယ်များထင်နေလားမသိ။ သူ တမင်တကာပွဲရှာရအောင်လည်း အားယားနေတာမဟုတ်။ သူ့ကို အဲ့လိုလာလုပ်တာများအရမ်းမုန်းနေတာပါ။

သူ့ထမင်းဗူးကို သွေးသီဟလက်ထဲကနေ လှမ်းယူလိုက်ရင်း သူ့ရဲ့ဗူးကို ပြန်ပေးလိုက်ကာ သူ့ထိုင်ခုံဆီပြန်လာလိုက်တယ်။
ကံကောင်းစွာနဲ့ တစ်ခါတည်း အပြတ်ပြောရန် ဆရာမတွေလည်း အခန်းထဲမှာ မရှိတာမို့ ရုပ်ရှင်လေးတစ်ခုလောက်ရိုက်ရန် သူအသက်ပြင်းပြင်းရှူလိုက်တယ်။

ထို့နောက် လက်မြောက်လိုက်ပြီး အားနဲ့ စားပွဲခုံကို ရိုက်လိုက်ကာ

"ဘယ်ကောင်များ မဟားတရားအားယားနေတာများလဲ
အကုန်လုံးကို ခြုံငုံမပြောဘူးနော်။
ငါ့ထမင်းဗူးကို ဘယ်ကောင်က လက်ယားပြီး နေရာရွေ့ပြီး သူများခြင်းတောင်းထဲလိုက်ထည့်နေတာလဲ။
ဒါနဲ့ဆို နှစ်ခါရှိနေပြီ။
နင်တို့ သူ့ကိုကြိုက်တယ်ဆိုလည်း ပွင့်ပွင့်လင်းလင်းသွားပြောလိုက် ငါ့ကို ဆွဲဆွဲထည့်မနေနဲ့။ ငါအဲ့လောက်အားမနေဘူး။"
သူ့မျက်စောင်းထိုးလောက်မှာရပ်နေတဲ့ သွေးသီဟကို လက်ညိုးထားကာပြောလိုက်တယ်။

"တစ်ခါထဲပြောရင် ငါလည်းသူ့ကို မကြိုက်တာမို့ ငါနဲ့လည်း လာမစနဲ့။ ငါမကြိုက်ဘူး။ နောက်တစ်ခါသည်းညည်းမခံဘူးနော် သိဖို့။ ကြုံတုန်းလေး ပြောရရင် နင်တို့ငါ့ကို နင်တို့ပျက်ထားတဲ့စာတွေလာရေးခိုင်းရအောင်
နင်တို့က ဘာမို့လို့ ငါကရေးပေးနေရမှာလဲ။
ပြီးတော့ နင်တို့တွေ ငါ့ကို နမည်ဖျက်ပြီး မစနဲ့။
ဒါက bully လုပ်တာ။ ပြောစရာရှိတာပြောပြီးပြီ။
နင်တို့သိခဲ့တဲ့ သူက သေသွားပြီ။ အိုကေ ကျေးဇူးပဲ။"
သူယောကျာ်းလေးတွေဘက်ကို ကြည့်ရင်းပြောလိုက်တယ်။

တိတ်ဆိတ်သွားတဲ့စာသင်ခန်းကြီးရယ်၊ ဆွံ့အနေတဲ့ မျက်နှာတွေကို ဂရုစိုက်မနေဘဲ ထမင်းဗူးကို ဖွင့်လိုက်တယ်။

*အားပါးပါး ရိုက်ထားတဲ့ ငါ့လက်ဖဝါးလေးနာလိုက်တာ။ဟူး ဘယ်တတ်နိုင်မလဲပေါ့။ အနာခံမှာ အသာစံရမှာ။ ငါ‌စာသေချာကြိုးစားရမယ်။ ပိုက်ဆံရှာပြီး အဆင်အမ်းနိုင်...*

System ထဲရောက်ပြီးနောက် FA ဘဝက ကျွတ်သွားတယ်(System ထဲရောက်ပြီးနောက် Fa ဘဝက ကျွတ်Wo Geschichten leben. Entdecke jetzt