သူအခုလက်ရှိဘဝမှာ မိန်းမဖြစ်နေတာကို စိတ်လည်းညစ်မနေတော့ပါလေ။ သူအခုလက်ရှိ ဘာသာစကားပြဆရာမတစ်ယောက်လုပ်နေကာ သူတစ်ယောက်တည်းသီးသန့်ခွဲနေလိုက်တယ်။
သူ့စိတ်ကြိုက်နှစ်ထပ်အိမ်လေးနဲ့ ခြံလေးနဲ့။တစ်နေ့သူကျောင်းမှအပြန် သူ့အိမ်ရှေ့အရောက် ကားရှေ့မှာ ရုတ်တရက် သရဲ...အဲ... လူတစ်ယောက်ပေါ်လာလို့ ကံကောင်းစွာနဲ့ သူလီဗာ မှားနင်းလိုက်တယ်။
ဒုန်း...
ဆို တိုက်မိသွားမှ သူယောင်ပြီး ဘရိတ်ပြန်နင်းလိုက်တယ်။
မသေလောက်ပါဘူးနော်
သူကားရပ်လိုက်ကာ ဆင်းကြည့်လိုက်တော့ လန့်သွားကာ ငေးကြောင်နေမိတယ်။
အဆင်လေးတော် အဲ သူအနားသွားကာ ကြည့်လိုက်တော့ ဒဏ်ရာ ပြင်းပြင်းတော့ရသွားပုံမပေါ်ပါဘူး။
ခေါင်းကတော့သွေးထွက်နေတာမို့ သူစိတ်ရှည်စွာပဲ အဆင်လေးအား ကားနောက်ခန်းထဲ ပစ်ထည့်လိုက်တယ်ကာ အနီးနားက ဆေးခန်းကိုမောင်းလိုက်တယ်။ဆေးခန်းရောက်တော့ ပြင်းပြင်းထန်ထန်မဖြစ်သွားတာမို့ ခေါင်းကတော့ပတ်တီးဖြူရောင်လေးနဲ့၊ လက်ကျတော့လည်း ပတ်တီးနဲ့ ဘာမှမဖြစ်သွားပေလို့ပဲ။
နင့်ဘာသာ ငါ့ကားရှေ့ရောက်လာတာနော်။သူ ခဏလောက်ရပ်တန့်သွားတယ်။
သူ့အိမ်ကို အကြောင်းမကြားရသေးဘူး။သူကဘယ်သူလဲ၊ ဘယ်ကလဲ ငါမသိဘူးလေ။
ကောင်လေးရဲ့ ခန္ဓာကိုယ်အား လိုက်စမ်းကြည့်တော့လည်း ဘာစာရွက်၊ ဖုန်းမှရှာမတွေ့။
ငါ့အိမ်ခေါ်ရမယ် မပြောကြနဲ့နော်။ဆေးခန်းကုတင်ပေါ်မှာ လဲလျောင်းနေတဲ့ကောင်လေးအားကြည့်လိုက်တော့ ဆံပင်အညိုရောင် ခပ်အုပ်အုပ်လေးနဲ့ မျက်နှာလေးက ဖွေးသန့်နေကာ နှာခေါင်းလေးက လုံးလုံးလေး။မျက်တောင်လေးက ရှည်ရှည်လေးနဲ့ဆင်းကော့နေကာ ယောကျာ်းလေးတစ်ယောက်က အဲ့လောက်ချစ်စရာကောင်းစရာလိုလို့လားပေါ့။ ပြောရရင်ကိုက်စားချင်စရာလေး။
သူကြည့်နေတုန်း လူးလိမ့်လာတာမို့ သူအနောက်ဆုတ်လိုက်ကာ ကြည့်လိုက်တယ်။
မျက်လုံးဖွင့်လာကာ ပတ်ဝန်းကျင်ကို စူးစမ်းနေပုံရတဲ့ ကောင်လေးက ဘေးလှည့်ကြည့်ရင်းသူ့ကိုမြင်တော့"ဘယ်သူလဲ"
"နင့်ရည်းစားလေ"
ပါးစပ်ထဲရှ်ိတာလျောက်ပြောမိလိုက်တယ်။
ESTÁS LEYENDO
System ထဲရောက်ပြီးနောက် FA ဘဝက ကျွတ်သွားတယ်(System ထဲရောက်ပြီးနောက် Fa ဘဝက ကျွတ်
Romance????This is not Translation. ????This is my 2nd Own creation. 21ရာစုမှ လင်းခေတ်တရာ ဟာ ခါးပိုက်နှိုက်တစ်ယောက်နောက်ကိုလိုက်ရင်း ဓားထိုးခံရကာ သေသွားတာကြောင့် $ကျိုးနဲတာပဲ မတရားဘူး လို့ဆဲရင်း အဆင်မှန်သမျှဝိုက်မဲ့ system နဲ့တွေ့လိုက်ရချိန်........ 21ရာ...