*ဘုရင်က ပျောက်နေတယ်ဆိုတော့ ဘယ်ရောက်နေနိုင်လဲ တောအုပ်က အရင်ငါ့ကိုမွေးစားထားတဲ့ စံအိမ်နားမှာရှိတာ အခြေအနေသိရအောင် ငါသွားကြည့်သင့်လား*
သူမ ပဝါကိုလွှားခြုံလိုက်ကာ ထွက်လာလိုက်တယ်"ဘယ်သွားမလို့လဲ နှင်းလေး"
"ဟင် ဘာမှမဟုတ်ပါဘူး အပြင်ခနသွားကြည့်မလို့ပါ"
"မင်းတစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ
ကို ပါ လိုက်ခဲ့ပေးမယ်လေ"'ရပါတယ် ဒီနားလေးလောက်ကိုပါပဲ အမြန်ပြန်လာခဲ့မယ်လေ နော် ကျန်တဲ့ အစ်ကို 6ယောက်ကိုပြောပေးအုံးနော် ပြွတ် မွ"
သူ ညီအစ်ကို 7ယောက်ထဲက 2ယောက်မြောက်တစ်ယောက်ကို နမ်းလိုက်ကာ ထွက်လာလိုက်တယ်
ဒီ7ယောက်လုံးက သူ့ကိုကြိုက်နေတာ သူမသိသားပဲ
ဒါပေမဲ့ သူမအတွက်ကတော့ ဒါတွေက
အပိုလူသားတွေပဲ သူ့ရဲ့ ရည်မှန်းချက်က ဘုရင်ရဲ့မိဖုရားဖြစ်ဖို့အတွက်ပဲ
သူမရဲ့ အရင်ဘဝတုန်းမှာလည်း
ဆင်းရဲခြင်းဟာ ဘယ်လောက်တောင် ဆိုးရွားကြောင်း သူမသိတယ်
ထမင်းတစ်နပ်စားရဖို့အတွက် သူမ ဘယ်လောက်တောင် အရိုက်နှက်ခံရလဲ
သူမအဒေါ့် ယောကျာ်းဟာလည်း
ရိတဲ့တဲ့လုပ်ကာ ကိုယ်ထိလက်ရောက်လုပ်ဖို့ကြိုးစားသေးတယ်။
သူမ ကိုယ့်ကိုကိုယ် ခုခံပိုင်ခွင့်သုံးကာ
သူ့ဦးလေးရဲ့ ယောင်္ကျားလေးအဂ်ါကို ဓားနဲ့စောင့်ထိုးရင်း သူမထွက်ပြေးလာကာ ကားတိုက်ပြီး ဒိ မနှင်းဖြူဝတ္ထုထဲရောက်လာခဲ့တယ်။
အခုတော့ သူမလုပ်ချင်တဲ့အရာနဲ့ဘသူမနေချင်တဲ့ဘဝဆီ သွားရမယ်
အရာရာကို နင်းခြေပြီးသွားရမယ်ဆိုရင်တောင် အသုံးချသွားရမှာပဲသူမတောအုပ်အစပ်နားက တောင်ကုန်းလေးပေါ်မှာ ခမ်းနားစွာ တည်ဆောက်ထားတဲ့စံအိမ်အဖြူရောင်ကြီးဟာ နတ်နန်းဆောင်အလားပဲ ဒါဟာ သူမရဲ့ မွေးစားအိမ်ပါပဲ
သူမစံအိမ်အပြင်ဘက်ကနေ ခြံဝင်းထဲကို ကြည့်လိုက်စဉ်
သူမ မြင်လိုက်တဲ့ မြင်ကွင်းကြောင့် သူမကြောင်သွားမိတယ်သူမမွေးစားအဖေဖြစ်သူဟာ ပန်းခင်းအလယ် မှာ အိပ်ပျော်နေတာကို ဘေးနားမှာ ထိုင်နေတဲ့ကောင်လေးက နဖူးကို နမ်းလိုက်တာကို သူမမြင်လိုက်မိတယ်။
သူသေချာကြည့်လိုက်တော့ အဲ့ကောင်လေးဟာ ပျောက်နေတယ်လို့ သတင်းထွက်နေတဲ့ ဘုရင်ပဲ
*စိတ်ပျက်ဖို့ကောင်းလိုက်တာ
ငါ့မှာတော့ လိုက်ရှာလိုက်ရတာ တွေ့မဲ့တွေ့တော့ ငါ့ရဲ့စံအိမ်မှာ အဲ့တာအပြင် ရွံဖို့ကောင်းအောင် ငါ့ရဲ့မွေးစားအဖေနဲ့ ဘာဖြစ်နေတာလဲ
ဒါပေမဲ့ လည်း ငါ့မွေးစားအဖေက ပြန်တော့မကြိုက်လောက်ပါဘူး ငါဒီစံအိမ်ကို ပြန်လာသင့်ပြီထင်တယ်
စိတ်မရှိပါနဲ့ သူက ကျွန်မအတွက်ပဲ ဖြစ်ရမယ်*
![](https://img.wattpad.com/cover/265685393-288-k654713.jpg)
VOCÊ ESTÁ LENDO
System ထဲရောက်ပြီးနောက် FA ဘဝက ကျွတ်သွားတယ်(System ထဲရောက်ပြီးနောက် Fa ဘဝက ကျွတ်
Romance????This is not Translation. ????This is my 2nd Own creation. 21ရာစုမှ လင်းခေတ်တရာ ဟာ ခါးပိုက်နှိုက်တစ်ယောက်နောက်ကိုလိုက်ရင်း ဓားထိုးခံရကာ သေသွားတာကြောင့် $ကျိုးနဲတာပဲ မတရားဘူး လို့ဆဲရင်း အဆင်မှန်သမျှဝိုက်မဲ့ system နဲ့တွေ့လိုက်ရချိန်........ 21ရာ...