နေ့လည်စာနားချိန်မှာ သူမယူလာတဲ့ ထမင်းချိုင့်ကိုသွားယူမလို့လုပ်ချိန် သူမထားခဲ့တဲ့နေရာမှာမရှိတာမို့
ဘေးနားလိုက်ကြည့်လိုက်တော့ သူမခြင်းတောင်းကိုရှာတွေ့သွားတာကြောင့် ယူရန်သွားလိုက်ချိန် သူမဘေးနားမှာလူတစ်ယောက်ကလည်းသူမခြင်းတောင်းနားရောက်လာတယ်။
သူမထမင်းဘူးကိုကြည့်လိုက်တော့ သူမဟာမဟုတ်ဘူးဆိုတာသိလိုက်တယ်။
ဘေးနားခြင်းတောင်းတွေကိုဝေ့ဝဲကြည့်လိုက်တော့
သူမဘေးခြင်းတောင်းထဲမှာ သူမထမင်းဘူး
သူမလက်ထဲက ထမင်းဘူးမှာ သူမဘေးနားလာရပ်တဲ့ သွေးသီဟရဲ့ထမင်းဘူး
သူစိတ်ထဲတွေးလိုက်တယ်
*$လုပ်လာရှုပ်နေပြန်ပြီ လက်တွေကအားယားနေတဲ့ဟာတွေပဲ*"အဲ့တာငါ့ဟာ ဒီမှာ မင်းဟာ"
သူမ သွေးသီဟကိုလှမ်းပြောရင်း ထမင်းဘူးပြန်လဲလိုက်ကာ"ငါ့ဟာက ဘယ်လိုလုပ်"
"ငါဘယ်လိုလုပ်သိမှာလဲ"
သူမထိုင်ခုံဆီသို့ပြန်လာလိုက်ကာ ထမင်းဘူးဖွင့်ကာစားလိုက်ရင်း
*ငါ့က်ိုလာရှုပ်နေကြတာပဲ ကိုယ့်ဘာသာမနေကြဘူးလားဟာ ထမင်းဘူးလာလဲနေတာ 2 ခေါက်တောင်ရှိနေပြီ ကလေးကွက်တွေဟူးးးစိတ်လေတယ်*သူ့မှာယောကျာ်းဘဝကနေ မိန်းမဘဝ ဥပျောက်တဲ့ဘဝရောက်နေလို့ စိတ်ညစ်ရတဲ့အထဲ ကလေးအကွက်တွေနဲ့လာခေါင်းနောက်နေရတဲ့ ဘဝကတစ်မျိုး
သူမကျောင်းလွတ်လို့ အိမ်ပြန်တဲ့လမ်းမှာသူတို့အတန်းထဲက ကောင်လေးတွေက
"စန္ဒာ တစ်ယောက်ထဲပြန်မလို့လား
သီဟကိုလိုက်ပို့ခိုင်းလေ"သူမစိတ်ထဲမှာ
အခုလမ်းပေါ်မှာ လူအများကြားထဲမှာမို့လို့နော် မဟုတ်ရင် အကုန် ငါဆဲပြီးပြီ
စိတ်ထဲကပြောရင်း မျက်နှာပေါ်မှာတော့ ပြုံးပြလိုက်ရင်း
"ငါတစ်ယောက်ထဲပြန်တတ်တယ်
သွားပြီ ""သီဟ သူမ မင်းကိုမကြိုက်တော့ဘူးနဲ့တူတယ်"
"ကောင်းတာပေါ့ ငါလဲစိတ်ရှုပ်သက်သာတယ် "
"တစ်ကယ်ဟုတ်လို့လား သူက မင်းမိန်းကလေးတွေနဲ့စကားပြောဖို့စိတ်မဝင်စားတဲ့အချိန်ထဲက သူမနဲ့အရင်ခင်ခဲ့ပြီး မင်းကအစ သူ့ဘေးနားမှာပဲရှိနေခဲ့တာလေ။"

ВЫ ЧИТАЕТЕ
System ထဲရောက်ပြီးနောက် FA ဘဝက ကျွတ်သွားတယ်(System ထဲရောက်ပြီးနောက် Fa ဘဝက ကျွတ်
Любовные романы????This is not Translation. ????This is my 2nd Own creation. 21ရာစုမှ လင်းခေတ်တရာ ဟာ ခါးပိုက်နှိုက်တစ်ယောက်နောက်ကိုလိုက်ရင်း ဓားထိုးခံရကာ သေသွားတာကြောင့် $ကျိုးနဲတာပဲ မတရားဘူး လို့ဆဲရင်း အဆင်မှန်သမျှဝိုက်မဲ့ system နဲ့တွေ့လိုက်ရချိန်........ 21ရာ...