နောက်နေ့ကျောင်းရောက်တော့ChanHeeနှင့်SunWooမှာသူတို့မေးချင်တာတွေမေးဖို့စောင့်နေလေရဲ့။မနက်ပိုင်းကတော့YoungHoonနဲ့ChangMinအတူတူမရှိတာမလို့နေ့လည်ထမင်းစားဆင်းမှသာမေးဖြစ်လိုက်သည်။YoungHoonမှာChangMinနှင့်JaeHyunခေါ်သောကြောင့်ChanHeeတို့နှင့်အတူတူထမင်းစားဖြစ်ကြသည်။စစချင်းတူတူစားမယ်လုပ်တော့SunWooနှင့်JuYeonမှာအလွန်ပင်အံ့သြခဲ့ကြပါသေးသည်။ခုတော့အတူတူစားကြတာအဆင်ကိုပြေလို့။
"ကဲနေကြဦးငါမေးစရာရှိသေးလို့"
ChanHeeမှအားလုံးမစားခင်ထပြောလိုက်သောကြောင့်SunWooမှလွဲ၍ကျန်တဲ့သူတွေကဘာလဲဆိုသောအကြည့်ဖြင့်ကြည့်လိုက်ကြသည်။ထို့နောက်ChanHeeကChangMin
နဲ့YoungHoonမျက်နှာကိုတစ်လှည့်စီကြည့်ပြီးမေးလိုက်သည်။"ChangMin nahနင်YoungHoon sunbaeနဲ့တွဲနေပြီလား"
"ဟင်...."
ဒါကတော့JuYeonနဲ့JaeHyunတို့ဆီမှအသံဖြစ်သည်။YoungHoonနဲ့ChangMinမှာလည်းရုတ်တစ်ရက်ကြီးဆိုတော့မျက်လုံးပြူးသွားသည်။
"မဟုတ်ပါဘူးChanHeeကလည်းဘာလို့အဲ့လိုမေးတာတုန်း"
"မနေ့ကငါနဲ့SunWoo Marketသွားရင်းနဲ့နင်တို့နှစ်ယောက်ကိုတူတူတွေ့လိုက်လို့လေ"
ထိုအခါJaeHyunမှ....
"Yar...မဖြစ်နိုင်တာမပြောနဲ့YoungHoonလိုကောင်ကMarketမှာသွားပြီးစျေးဝယ်နေမဲ့ကောင်မဟုတ်ဘူး"
"မဟုတ်ပါဘူးငါတို့တစ်ကယ်တွေ့ခဲ့တာ"
ထိုအခါမှYoungHoonက....
"အော်...အဲ့တာက.....ဟို.......ငါနဲ့ChangMinနဲ့မထင်မှတ်ပဲတွေ့လို့စကားပြောနေကြတာပါငါကငါ့အဒေါ်ဝယ်ခိုင်းလိုက်လေးရှိလို့လေ"
"ဟုတ်တယ်ငါလည်းအိမ်အတွက်ဝယ်စရာတွေရှိလို့ဝယ်ရင်းနဲ့Hyungနဲ့တွေ့တာ"
အဲ့တော့မှSunWooက.....
"အော်...အဲ့လိုကိုး...မသိဘူးလေမင်းတို့နှစ်ယောက်ပုံစံကြည့်ရတာကကြင်စဦးလင်မယားတွေစျေးဝယ်လာကြသလိုပဲ"
SunWooပြောလိုက်တဲ့စကားကြောင့်တစ်ဝိုင်းလုံးမစားရသေးတဲ့ထမင်းတောင်နင်သွားသလိုပင်။
YOU ARE READING
My Only One - Bbangkyu (Complete)
FanfictionStarted 2021 (ပထမဆုံးရေးတဲ့ fictionပါ) Both Uni and ZawGyi ကိုယ့်ဘဝမှာတန်ဖိုးထားရတဲ့သူဆိုလိုမင်းတစ်ယောက်ပဲရှိတော့တာပါChangMinလေး(YoungHoon) ဘာပဲဖြစ်နေဖြစ်နေHyungဘက်မှာကျွန်တော်ရှိနေတာမလို့အားမငယ်ပါနဲ့နော်(ChangMin) ကိုယ့္ဘဝမွာတန္ဖိုးထားရတဲ့သူဆိုလို...