"ကလေးရေ"ChangMin CanteenမှာChanHeeနဲ့ထိုင်နေတုန်းYoungHoonဆီမှခေါ်သံကြားလိုက်သဖြင့်ChangMinအတတ်နိုင်ဆုံးပြုံးပြလိုက်သည်။ရင်ထဲတွင်နာကျင်နေသော်လည်းမသိမသာစေရန်အပြုံးများဖြင့်ဖုံးကွယ်လိုက်သည်။
"ကလေးကိုယ့်ကိုစောင့်နေတာလား"
ChangMinပြုံးရင်းပင်ခေါင်းငြိမ့်ပြလိုက်သည်။
"Sorryနော်ကိုယ်မနက်ပိုင်းအလုပ်ရှိလို့ပါ"
"ရပါတယ်Hyungရဲ့"
အမှန်တစ်ကယ်ကဒီနေ့YoungHoonကChangMinနဲ့တူတူကျောင်းကိုလာဖို့လုပ်ထားပေမဲ့မဖြစ်မနေမစည်းအဝေးတက်ရမည်ဖြစ်တာမလို့မနက်တစ်ပိုင်းကျောင်းခွင့်တိုင်လိုက်ခြင်းဖြစ်သည်။YoungHoonလည်းစိတ်မကောင်းသူ့ကလေးနဲ့တူတူသွားမယ်ဟုပြောထားခါမှခုလိုဖြစ်ရတယ်လို့။
"ကလေးနေမကောင်းဘူးလား"
ChangMinကိုကြည့်ရတာမျက်နှာကဖျော့နေသလိုပြီးတော့မျက်လုံးလေးတွေအနည်းငယ်ဖောင်းနေသယောင်ရှိတာမလို့YoungHoon ChangMinနှဖူးလေးကိုစမ်းရင်းမေးလိုက်သည်။သူ့ကလေးထူးဆန်းနေသည်ကသူ့ကိုမကြည့်ဘဲဘေးကိုအကြည့်လွှဲထားခြင်းဖြစ်သည်။
"မဟုတ်ပါဘူးကောင်းပါတယ်Hyungရဲ့"
သူတို့နှစ်ယောက်ရှေ့မှာထိုင်နေတဲ့ChanHeeကတော့ChangMinကိုကြည့်ပြီးမျက်နှာမကောင်း။
"ဘာလဲ..ကိုယ်ကတူတူကျောင်းမသွားလို့စိတ်ဆိုးနေတာလား"
"မဟုတ်ပါဘူးHyungရယ်....ကျောင်းကနောက်နေ့တွေလည်းတူတူသွားလို့ရပါတယ်"
"ဟုတ်ပါပြီအာ့ဆိုလည်းမနက်ဖြန်ကျရင်ကျေင်းကိုတူတူလာမယ်နော်"
"အင်း"
"ဟိုဟာ...Hyungကျွန်တော်Mathsအိမ်စာထပ်ရဦးမှာမလို့အရင်သွားတော့မယ်နော်"
"အော်...အင်းအင်းဟုတ်ပါပြီ"
"ChanHee yah သွားမယ်လေ"
"နင်ပဲငါ့စာအုပ်ကိုထပ်ပေးပါလားငါSunWooကိုစောင့်လိုက်ဦးမယ်"
"အင်းအင်းရတယ်လေ"
ChanHeeသိပါသည်။ဘာလို့ChangMinအိမ်စာစာအုပ်ထပ်စရာမလိုဘဲသွားတာကို။ChangMinရဲ့ငိုမဲ့မဲ့မျက်နှာလေးကိုလည်းသူမြင်ဖြစ်အောင်မြင်လိုက်ပါသေးသည်။ထို့ကြောင့်ChangMinသူ့ကိုစိတ်ဆိုးလည်းဆိုးတော့...YoungHoonကိုပြောပြဖို့ဆုံးဖြတ်လိုက်သည်။
YOU ARE READING
My Only One - Bbangkyu (Complete)
FanfictionStarted 2021 (ပထမဆုံးရေးတဲ့ fictionပါ) Both Uni and ZawGyi ကိုယ့်ဘဝမှာတန်ဖိုးထားရတဲ့သူဆိုလိုမင်းတစ်ယောက်ပဲရှိတော့တာပါChangMinလေး(YoungHoon) ဘာပဲဖြစ်နေဖြစ်နေHyungဘက်မှာကျွန်တော်ရှိနေတာမလို့အားမငယ်ပါနဲ့နော်(ChangMin) ကိုယ့္ဘဝမွာတန္ဖိုးထားရတဲ့သူဆိုလို...