"JuYeonငါ့ကိုလွှတ်လို့......."ChangMinအော်ငိုထားသောကြောင့်အသံများပင်တိမ်ဝင်ကာအက်လာလေသည်။JuYeonလည်းကားပေါ်ChangMinကိုချီလျက်ပင်တင်လိုက်သည်။JuYeonပခုံးနားမှာလည်းChangMinရဲ့မျက်ရည်တွေဟာရွှဲစိုလို့။JuYeonလည်းသူ့သူငယ်ချင်းလေဒီလိုဖြစ်တာမြင်တော့စိတ်မကောင်း။
ChangMinမှာငိုလည်းငိုကြောက်စိတ်တွေကလည်းဝင်ဆိုတော့အားလျော့ပြီးမေ့လဲသွားသည်။
"ChangMin nah ChangMin nah...."
JuYeonလည်းခေါ်မရတော့သတိလစ်သွားမှန်းသိတာမလို့ဆေးရုံကိုအမြန်မောင်းလိုက်သည်။
................."ဟိုကောင်ကော"
"သေပြီ"
"ဟုတ်ကောဟုတ်လို့လား"
"ငါကိုယ်တိုင်သေနတ်နဲ့ပစ်ခဲ့တာ"
"ဟ.ဟ....ဘာတတ်နိုင်သေးလဲKim YoungHoonခုတော့နင့်မိဘတွေနောက်ပါသွားပြီပေါ့......"
"Jacobနဲ့Eric ဟိုကောင့်အလောင်းကိုသွားမြှုပ်လိုက်"
"ဟုတ်ကဲ့"
"ကဲကိုယ်တို့ကတော့စားသောက်ဆိုင်လေးမှာပဲဖြစ်ဖြစ်ညစာသွားစားရအောင်"
"ကောင်းပြီလေ"
နတ်ဆိုးရယ်သံနှင့်ထွက်သွားကြသောလူစိတ်မရှိလောဘနွံထဲနစ်နေကြတဲ့သူတို့နှစ်ယောက်။
သူတို့နှစ်ယောက်အတွက်ကတော့ပျော်ရွှင်စရာဆိုပေမဲ့အခြားသူတွေအတွက်ကတော့ဝမ်းနည်းစရာအတိ။
ဒါဟာYoungHoonနဲ့ChangMinတို့ရဲ့အဆုံးသတ်လေးများလား..............
...................ChangMinနိုးလာသည်။နိုးလာချင်းသူတွေ့လိုက်ရတာကမျက်နှာကျက်အဖြူရောင်.....
ဘေးကိုကြည့်လိုက်တော့သူ့လက်မှာလည်းဆေးပိုက်တန်းလန်းနှင့်။ChangMin's pov - ငါဆေးရုံရောက်နေတာလား
ထိုစဥ်အခန်းထဲကိုJuYeonဝင်လာသည်။
"ChangMin နိုးလာပြီလား"
သူ့ကိုတွေ့တွေ့ချင်းကုတင်နားJuYeonအပြေးလေးရောက်လာသည်။
"ငါ....ဆေးရုံမှာလား"
"ဟုတ်တယ်မင်းမေ့လဲသွားလို့လေ"
YOU ARE READING
My Only One - Bbangkyu (Complete)
FanfictionStarted 2021 (ပထမဆုံးရေးတဲ့ fictionပါ) Both Uni and ZawGyi ကိုယ့်ဘဝမှာတန်ဖိုးထားရတဲ့သူဆိုလိုမင်းတစ်ယောက်ပဲရှိတော့တာပါChangMinလေး(YoungHoon) ဘာပဲဖြစ်နေဖြစ်နေHyungဘက်မှာကျွန်တော်ရှိနေတာမလို့အားမငယ်ပါနဲ့နော်(ChangMin) ကိုယ့္ဘဝမွာတန္ဖိုးထားရတဲ့သူဆိုလို...