ကိစ္စတွေလည်းပြီးစီးသွားတော့ညနေမှChangMinကိုYoungHoonအိမ်ပြန်လိုက်ပို့ပေးလိုက်သည်။
"ကလေးအိမ်ထဲဝင်တော့လေ"
"ဟုတ်ကဲ့"
သူတို့နှစ်ယောက်လည်းအပြင်မှာနှုတ်ဆက်နေတုန်းခြံထဲမှChangMin Ommaကရောက်လာပြီး.....
"ဟယ်.....သားYoungHoonမလား"
"ဟုတ်ပါတယ်အန်တီ"
"အော်....သားအချိန်ရသေးရင်အန်တီတို့နဲ့ညစာအတူတူစားပါလား"
"ဗျာ...."
"ဟုတ်တယ်Hyungတူတူစားပါလား"
"ဟုတ်ကဲ့"
"အဲ့တာဆိုအထဲဝင်လေသားတို့"
YoungHoonလည်းChangMinနဲ့အတူအိမ်ထဲဝင်လာလိုက်သည်။ChangMinရဲ့Ommaနဲ့Noonaတို့ဟာYoungHoonအကြောင်းကိုChangMin Appaပြောပြထားသည်မလို့အကုန်သိပြီးကြပါပြီ။သူတို့တွေလည်းYoungHoonအတွက်အတော်လေးပင်စိတ်မကောင်းဖြစ်ကြပါသည်။
မိဘတွေကလည်းဆုံးရှုံးထားရသေးတယ်အဒေါ်ဖြစ်သူကလည်းမကောင်းဆိုတော့YoungHoonဘယ်လောက်တောင်ပင်ပန်းနေလိုက်မလဲ။သူတို့သားChangMinလေးနဲ့YoungHoonတို့ချစ်သူတွေမှန်းသိသွားကြတော့သူတို့ဘယ်စိတ်ဆိုးရက်ပါ့မလဲ။နားလည်ပေးကြပါသည်။
"သားYoungHoonလေးဒါထည့်စားကြည့်"
"ဟုတ်ကဲ့ဗျ"
"Ommaကလည်းHyungသူ့ဟာသူစားပါစေပန်းကန်တစ်ခုလုံးလည်းဟင်းတွေချည်းပဲ"
"ကိုယ်ကရပါတယ်"
ထိုစဥ်ChangMin Noonaလတ်မှ....
"ထည့်ပေးတဲ့ကိစ္စတွေပြီးရင်လည်းစားရအောင်လေ"
ဒီလိုနဲ့YoungHoonလည်းပျော်ရွှင်စရာကောင်းပြီးနွေးထွေးတဲ့ညစာထမင်းဝိုင်းလေးကိုသဘောကျနေမိပါသည်။သူဒီလိုနွေးထွေးမှုမျိုးမရခဲ့သည်မှာကြာပြီလေ။ဒီလိုမျိုးChangMinရဲ့မိသားစုကသူ့ကိုမငြင်းဘဲလက်ခံပေးတာကိုသူအတော်လေးကျေးဇူးတင်မိပါသည်။သူ့အကြောင်းတွေကိုလည်းအကုန်သိပြီးတော့အကုန်နားလည်ပေးသည်။သူကြောင့်ChangMinလေးထိခိုက်မိသွားတာကိုသူအတော်လေးအားနာမိသည်။
ဒါကြောင့်သူစားနေရင်းရုတ်တစ်ရက်......
YOU ARE READING
My Only One - Bbangkyu (Complete)
FanfictionStarted 2021 (ပထမဆုံးရေးတဲ့ fictionပါ) Both Uni and ZawGyi ကိုယ့်ဘဝမှာတန်ဖိုးထားရတဲ့သူဆိုလိုမင်းတစ်ယောက်ပဲရှိတော့တာပါChangMinလေး(YoungHoon) ဘာပဲဖြစ်နေဖြစ်နေHyungဘက်မှာကျွန်တော်ရှိနေတာမလို့အားမငယ်ပါနဲ့နော်(ChangMin) ကိုယ့္ဘဝမွာတန္ဖိုးထားရတဲ့သူဆိုလို...