YoungHoonလည်းChangMinလေးကိုဖက်ထားတာမလွှတ်ပေးချင်ပေမဲ့ခုတော်တော်ကြာကြာဖက်ထားမိတာဆိုတော့သူ့ကလေးလေးမွန်းနေလောက်ရောပေါ့။ပြီးတော့သူဒီကလေးလေးကိုအူယားနေတာလည်းပါတော့ChangMinလက်လေးနှစ်ဖက်ကိုသူ့လည်တိုင်တွေဆီကိုပို့လိုက်ပြီးသူကတော့ChangMinရဲ့ခါးလေးကနေမချီလိုက်ကာChangMinခြေထောက်ကလေးနှစ်ဖက်ကိုသူ့ခါးမှာခွစေလိုက်တယ်။ChangMinမှာတော့ငိုထားတာဖြစ်သည်အတွက်တစ်ကယ့်ကလေးလေးနှယ်YoungHoonပခုံးလေးကိုမှီကာလိုက်လာလိုက်တယ်။YoungHoonလည်းအဲ့အတိုင်းလေးချီကာအိမ်ထဲကိုဝင်လာလိုက်တယ်။ခြံထဲမှာရှိနေတဲ့အတွင်းရေမှူးMoonနဲ့တစ်ခြားအဖွဲ့သားတွေကတော့အံ့သြစွာကြည့်နေကြတာပေါ့။ဒါလည်းYoungHoonကဂရုမစိုက်ပဲအိမ်ထဲကိုဝင်ကာဧည့်ခန်း၏ဆိုဖာပေါ်တွင်ထိုင်လိုက်သည်။ထိုင်လည်းထိုင်လိုက်တော့ChangMinလေးကအလိုလိုသူ့ပေါင်ပေါ်လေးမှာခွရက်သားထိုင်ပြီးလေးဖြစ်သွားတာပေါ့။ပြီးတော့YoungHoonကိုမှီထားရာကနေထလိုက်ပြီးYoungHoonမျက်နှာလေးကိုသေချာစွာကြည့်လိုက်သည်။
"ကလေးလေး..ဘာဖြစ်လို့တုန်း"
"ဟာ...Hyungကလည်းဘာကလေးတုန်းကျွန်တော်က ကလေးမဟုတ်ပါဘူးနော်"
"ကလေးမဟုတ်ဘူးသာပြောတယ်လုပ်နေတဲ့အပြုအမူလေးတွေကမူကြိုကလေးလေးအတိုင်းပဲဆိုတာကောသိရဲ့လား"
ChangMinလေးမှာပါးချိုင့်လေးတွေပေါ်အောင်ပြုံးမိလိုက်သည်။
"ကိုယ်တို့ဒီနေ့ကစပြီးတွဲလို့ရပြီမလား"
"အင်း....ဒါပေမဲ့လေHyungကျွန်တော်တို့တွဲတာHyungအဒေါ်သိသွားရင်......"
"ရှူး.....ကလေးလေးအဲ့လိုတွေမတွေးပါနဲ့ဆိုကွာ....ကိုယ်ပြောပြီးပြီးပဲကိုယ်တို့နှစ်ယောက်ကချစ်တယ်ဆိုရပြီအဲ့တာကိုဘယ်သူမှတားလို့ရမှာမဟုတ်ဘူးသိပြီလား"
"ဟုတ်ကဲ့"
"ဒါဆိုခုကလေးပြန်တော့မလား"
"အင်း...ပြန်မယ်လေHyungလည်းနားရဦးမှာဆိုတော့"
"ဟုတ်ပါပြီအဲ့တာဆိုဆင်းဦးကိုယ်ကားသွားထုတ်လိုက်ဦးမယ်"
ChangMinလည်းYoungHoonပေါ်မှဆင်းကာအိမ်ရှေ့ကိုတူတူထွက်လိုက်ပြီးYoungHoonကားထုတ်တာကိုစောင့်နေလိုက်သည်။ဒီလိုနဲ့ပဲသူတို့ရဲ့first dayလေးစတင်ခဲ့တာပေါ့နော်။
................................
YOU ARE READING
My Only One - Bbangkyu (Complete)
FanfictionStarted 2021 (ပထမဆုံးရေးတဲ့ fictionပါ) Both Uni and ZawGyi ကိုယ့်ဘဝမှာတန်ဖိုးထားရတဲ့သူဆိုလိုမင်းတစ်ယောက်ပဲရှိတော့တာပါChangMinလေး(YoungHoon) ဘာပဲဖြစ်နေဖြစ်နေHyungဘက်မှာကျွန်တော်ရှိနေတာမလို့အားမငယ်ပါနဲ့နော်(ChangMin) ကိုယ့္ဘဝမွာတန္ဖိုးထားရတဲ့သူဆိုလို...