Unicode 4

3K 242 2
                                        

"Baby..နေ့လည်စာ စားပြီးပြီလား။"

Jennie ဖုန်းမှ ဝင်လာသော message က Ros,Lisa နှင့် Jisoo တို့ ၃ ယောက်ကို ခေါင်းချင်းဆိုင်သွားစေသည်။

"အိုးမို Baby ဆိုပါလား။ Kim က နင့်ကို baby
လို့ခေါ်တာလား Jennie"

"Jennie Unnie ရေ။ message ဝင်လာတယ်ဗျို့။ ဖုန်းကို ကိုယ်နဲ့မကွာ ထားစမ်းပါ။"

Jisoo နှင့် Rose က စ နောက်ကာ ထ အော်လိုက်သည်မို့ နေရောင်ခြည်အောက်တွင် လက်သည်း အလှဆင်နေသော Jennie
တစ်ယောက် ထမင်းစားခန်းထဲ ပြေးဝင်လာသည်။

"နင်တို့မကောင်းဘူးကွာ။ သူများ message ကို ခိုးဖတ်တယ်။ကြည့်။"

"ယား..ခိုးဖတ်စရာလား။နင့်ဖုန်းကိုဘာလို့ စားပွဲပေါ် တင်ခဲ့ရတာလဲ။ ကိုယ်နဲ့မကွာ ဆောင်ထားပါ ဆိုတာကို။ သွား။သွား။ content မှာထား တာကလည်း oppa
ဆိုပဲ။ စာပြန်လိုက်ဦး။ စိတ်ကောက်နေမယ်။"

Lisa ၏ စကားကြောင့် Jennie တစ်ယောက် အရှက်ပြေ မျက်စောင်းထိုးကာ ဖုန်းယူပြီး အိပ်ခန်းထဲ ဝင်ရောက်သွားခဲ့သည်။

"Jennie လေး အဆင်ပြေနေတဲ့ ပုံပဲ။
တော်သေးတာပေါ့။"

"ဟုတ်တယ်။ Kim က အရမ်း ချစ်ပေးတာနော်။ လောလောဆယ်တော့ သတင်းထောက်တွေကို လန့်နေရရုံကလွှဲပြီး တခြားပြဿနာမရှိတာတော်သေးတာပေါ့။နောက်လ ဆိုရင် Dating News ကို Comfirm ပေးတော့မယ်ဆိုလား။ငါ ကြားခဲ့တာပါ။"

Jisoo ၏ စကားကို ထောက်ခံလိုက်သူက Lisa.

"နောက်တစ်ပတ်နေရင် ငါ MC လုပ်ရမဲ့ Show တစ်ခု ရှိလို့။ဒီနေ့ shopping ခဏ ထွက်ဦးမယ်။ လိုက်ကြမလား။"

"ငါတော့မလိုက်တော့ဘူး။ နေမကောင်း ဖြစ်ချင်နေတာ။နားဦးမယ်။"

"ငါလိုက်မယ်လေ unnie. သွားကြမယ်။"

Rose နဲ့ Jisoo တို့ Shopping ထွက်သွားချိန်
Lisa လဲ အခန်းထဲဝင်ကာ တရေးအိပ်ပစ်လိုက်သည်။
ထုံးစံအတိုင်း MP3 နားကြပ်လေး
တပ်လျက်သား။

အပြင်မှာက မိုးဖွဲဖွဲ ရွာသွန်းလျက်။
________

Jisoo ကရိုက်ကူးရေး ရှိသည်မို့မနက်စောစောကတည်းက အိမ်မှ ထွက်ခွာသွားပြီ။

Ros နှင့် Lisa က Jisoo ၏ shooting သို့သွားရောက်အားပေးကြရန် တိုင်ပင်ထားပြီး ပြင်ဆင်နေကြဆဲ။

အချစ်နဲ့ လက်တစ်ကမ်း(Completed)Tempat cerita menjadi hidup. Temukan sekarang