UNICODE END

5.1K 241 22
                                        

"Unnie ရေချိုးမယ် မဟုတ်လား။ ညီမ ပြင်ပေးမယ်နော်။"

Lisa က ညာဖက်လက် တစ်ဖက် ကို ပတ်တီးစည်းထားရရုံကလွဲလို့ အခြားဒဏ်ရာ မရှိတော့။

အကြောဆေးကလဲ သွင်းစရာ မလိုတော့သည်မို့ ခြေထောက် ကျောက်ပတ်တီး မဖြည်ရသေးသော Jennie နားမှာသာ
တကပ်ကပ် ။

"အာ။ မလုပ်နဲ့။ ခဏနေမှ special nurse တွေလာ...."

"ဘာလဲ။ special nurse တွေ ကို ရေချိုးပေးခိုင်းမယ်ပေါ့။ ညီမ တစ်ယောက်လုံး ရှိနေတာကိုတောင် တခြား ကောင်မလေးတွေဆီက အကူညီ ယူမယ်ပေါ့။ ဟုတ်လား"

"အာ။ မဟုတ်ဘူးလေ။ unnie ပြောချင်တာက"

"ဘာမှ မပြောချင်နဲ့။ ဆေးရုံ ရောက်ကတည်းက ရေသဘက်ပဲ တိုက်နေတာ
မလား။ special nurse တွေကိုလဲ အကူညီ
မတောင်းဘူးမလား။ မလိမ်နဲ့။ ညီမ အကုန်သိတယ်။ညစ်ပတ်အိုး Jenduke "

"Air conditioner တွေတပ်ထားတဲ့ special room ထဲမှာ နေတာလေ။ ဘယ်နားက ညစ်ပတ်နေလို့လဲ"

Jennie ၏ စကားကို တုန့်ပြန် မပြောတော့ပဲ ရေစိုခံ ပလတ်စတစ် ခြေအိတ်ရှည်ကြီး နှစ်ခုကို ယူကာ Jennie ၏ ခြေထောက်အစုံကို ဝတ်ဆင်ပေးလိုက်သည်။

"ငါ့ကို nurse လို့ သဘောထားလိုက်။ ဟုတ်လား။ ငြိမ်ငြိမ်နေ။ ဘာမှ မပြောနဲ့"

လူနာ Jennie က မျက်လုံး အကြောင်သားဖြင့် Lisa လုပ်နေသမျှကို စိုက်ကြည့်နေသော်လည်း nurse Lisa ၏ လက်ချောင်းများက တုန်‌ရီလျက်။

"Nurse ရဲ့ လက်က ဘာလို့ တုန်နေရတာလဲ။ ဟမ်။ အလုပ်ဖြုတ်ပစ်ရမယ်ထင်တယ်"

"အခုမှ အလုပ်သင် သူနာပြုပါဆို။ လူနာကလည်း စိတ်ကြီးပဲ"

ပြောပြောဆိုဆို Jennie ကို wheel chair ပေါ် ထိုင်စေကာ ရေချိုးခန်း ရှိရာသို့ ခေါ်ဆောင်ခဲ့လိုက်သည်။

Special roomရေချိုးခန်း ဖြစ်သော်လည်း ရေချိုးကြွေဇလုံ မရှိ။

"ဒီမှာ ပြောင်းထိုင်လိုက်လေ။ နော်။ ခြေထောက်ကို ဒီခုံပေါ်တင်လိုက်။ အရင်ဆုံး ခေါင်းလျှော်ပေးမယ်"

ဘိုထိုင် အိမ်သာပေါ် ထိုင်စေလိုက်ပြီး ရေပန်းရေကို အပူအအေးမျှအောင် အရင် ရောစပ်လိုက်သည်။

အချစ်နဲ့ လက်တစ်ကမ်း(Completed)Donde viven las historias. Descúbrelo ahora