Unicode 17

3.5K 236 14
                                        

တဖြည်းဖြည်းနှင့် နေမင်းက အနောက်ဖက် မိုးကုတ်စက်ဝိုင်းဆီ တိုးဝင်ပျောက်ကွယ်ကာ တခြမ်းပဲ့ လငယ်လေးက တစ်စတစ်စ ထွန်းလင်းလာသည်။

Lisa က သူမ တာဝန်ယူထားသော Dancer class မှ သင်တန်းသား ကလေးငယ်များနှင့် လေ့ကျင့်ရေးရှိသဖြင့် နေ့လည်စာစားပြီးကတည်းက ထွက်သွားသည်မှာ ဘယ်အချိန်မှ ပြန်ရောက်မည်မသိ။

Jennie ကလဲ သူမ၏ တစ်ကိုယ်တော် Album အတွက် အကြိုရိုက်ကူးရေးရှိသည်မို့ မနက်မှ ပြန်ရောက်လိမ့်မည်။

Jisoo ရော Rosè ပါ ရိုက်ကူးရေး မရှိသဖြင့်
ယနေ့ တစ်နေ့လုံး အိမ်မှာ အားလပ်နေကြသည်။

Jisoo ကတော့ Rosè အား မျက်နှာချင်း
မဆိုင်လို၍ အခန်းထဲမှ မထွက်လာခဲ့။

ပုံမှန်ဆိုလျှင် ယခုလို အားလပ်ရက်မျိုးမှာ သူမတို့ မန်နေဂျာများနှင့်အတူ ဈေးဝယ်ထွက်လေ့ရှိကြသော်လည်း လွန်ခဲ့သော တစ်ပတ်က Mrs.Hwan က သူမတို့အား သတိပေးထားခဲ့သည်ပဲ။

ကိုယ်ရေးကိုယ်တာ ကိစ္စနှင့်အပြင်ထွက်မည်ဆိုလျှင် သူမကို ဦးစွာ ခွင့်တောင်းရမည် တဲ့။

ထို့ကြောင့် အရေးတကြီး ဝယ်စရာ မရှိသည့်အပြင် Jisoo ကလဲ Rosè ကို စကားမပြောသည်မို့ တိုင်ပင်မထားပါပဲ
နှစ်ယောက်လုံး အိမ်ထဲတွင် အကျယ်ချုပ် မိနေရသည်လေ။

ညနက်လာသည်နှင့်အမျှ Rosè တစ်ယောက် အတွေးပေါင်းစုံဖြင့် ဂနာမငြိမ် ဖြစ်လာသည်။

ငါ အခု သွားလိုက်သင့်တယ်။
Unnie နဲ့ နှစ်ယောက်ထဲ တွေ့နိုင်ဖို့ အခုက အကောင်းဆုံး အချိန်ပဲ။

တောင်းပန်ရမယ်။
ပြီးရင် ဖွင့်ပြောရမယ်။
Diary ကို ဖတ်မိထားတဲ့ ကိစ္စကိုတော့ ပြောလို့မဖြစ်သေးဘူး။

နောက်မှ အေးအေးဆေးဆေး ပြောရမယ်။
လောလောဆယ် ပြေလည်အောင် အရင်ကြိုးစားရမယ်။

အတွေးများနှင့်အတူ အခန်းထဲမှ ထွက်လာသူက Rosè.

Jisoo ကို အခန်းထဲတွင် ရှိနေမည် ထင်သော်လည်း Jisoo က ရေသောက်ရန် အခန်းပြင်သို့ ထွက်လာပြီး ရေခဲသေတ္တာ အရှေ့မှာ ရပ်လျက်။

စိတ်ကို တင်းပြီး ယုံကြည်မှု အပြည့်ရှိသည့်ပုံစံဖြင့် ခေါင်းတစ်ချက်ဆတ်ကာ ရေခဲသေတ္တာ တံခါးပေါ် တင်ထားသော Jisoo ၏ လက်ကို ဖြတ်ခနဲ ဆွဲဖမ်းလိုက်ပြီး

အချစ်နဲ့ လက်တစ်ကမ်း(Completed)Where stories live. Discover now