Unicode 28

2.9K 228 24
                                        

_K pop အဆိုတော် Minjo မူးယစ်ဆေးများဖြင့် ဖမ်းဆီးရမိ_

_Minjo က BLACKPINK Jennie ကို Rape ဖို့ ကြိုးစားခြင်း_

_Jennie နဲ့ Minjo ကြားက ပြဿနာ_

ရက်ပိုင်း အတွင်း တစ်ကမ္ဘာလုံး ရှိ သတင်းစာများ TV channel များကို ဖုံးလွှမ်းသွားစေသော သတင်းများက ခေါင်းစဉ် အမျိုးမျိုးဖြင့် အကြောင်းအရာ တစ်ခုတည်း။

"အဆင်ပြေသွားမှာပါ။ စိတ်လျှော့နော်"

Jisooနှင့်Rose တို့နှစ်ယောက် Jennie ကို ဒီထက်ပိုပြီး နှစ်သိမ့်ပေးစရာ စကားလုံး
ရှာမတွေ့တော့။

ပြဿနာ မျိုးစုံ တက်သွားသည်မို့ Jennie ၏ တစ်ကိုယ်တော် Album ထုတ်ဝေခွင့် မရတော့။

တစ်ဖက်အခန်းမှာ အကြောဆေး သွင်းနေရဆဲ Lisa လဲ ဆေးပုလင်းကို လက်က ဆွဲကိုင်ကာ Jennie အနား လာထိုင်၍ လက်ကလေးကို ခပ်ဖွဖွ ဆုတ်လျက်သား။

"ငါ အဆင်ပြေပါတယ်။ ဝမ်းနည်းတာကတော့ တားလို့မရပဲကိုး။ Lili ရဲ့ စကားတွေက ငါ့ကို သက်သာရာ ရစေတယ်လေ။ အကြောင်းရှိလို့ အကျိုးဖြစ်တာ ဆိုလား ဘာလား။"

"အင်း။ ညီမတို့ ဗုဒ္ဓ ဘာသာက မြတ်စွာဘုရားရဲ့ တရားတော်တွေပေါ့။ unnie အဆင်ပြေရင် ကျေနပ်ပါပြီ။ စိတ်ကို လျှော့ထားရမယ်နော်"

"Minjo က တရားရင်ဆိုင်ရမှာပေါ့။ မူးယစ်ဆေး အမှု ဆိုတော့ အမှု ကြီးနိုင်တယ်"

"သူ ရင်ဆိုင်ရတာ အရေးမကြီးဘူး။ Jennie Unnie ပါ တရားရုံး လိုက်နေရရင် ဘယ်လိုလုပ်မလဲ"

"အေးနော်။ စိတ်ညစ်စရာပဲ"

သူမတို့ အားလုံး Jennie ၏ ခုတင် ပတ်လည်မှာ ဝိုင်းထိုင်ကာ စကား လုပြောနေကြဆဲ အခန်းထဲ ဝင်လာသူက....

"Yang Papa...."

Rose ၏ အာမေဍိတ်သံက တိုးဖွဖွ။

မှန်ပါသည်။
အခန်းထဲကို ဝင်လာသူက YG ၏ ဥက္ကဌဟောင်း Mr.Yang.

သူ့နောက်တွင် ဆေးရုံဝန်ထမ်း ကောင်မလေး နှစ်ယောက်က ပန်းစည်းနှစ်စည်းနှင့် အစားအစာ ခြင်းများ ကိုင်လျက်။

"ပန်းစည်းကတော့ လူနာတွေ့ရင် ယူရတဲ့ အစဉ်အလာ ဖြစ်နေလို့ ယူလာတာ။ ပျော်စရာ အချိန် မဟုတ်မှန်း သိပါတယ်။ အဆင်ပြေကြတယ်မဟုတ်လား ကောင်မလေးတို့"

အချစ်နဲ့ လက်တစ်ကမ်း(Completed)Donde viven las historias. Descúbrelo ahora