Unicode 5

2.9K 257 6
                                        

"ငါ..ငါသူ့ကိုအရမ်းချစ်တယ်။ဟုတ်တယ်။နင်ပြောတာမှန်တယ်။
ငါ..ငါ unnie ကို အရမ်းချစ်တယ်။
ဘဝမှာ နောက်ထပ် မရှိနိုင်တော့တဲ့ အချစ်မျိုးနဲ့ ချစ်တာ။
ငါ ဘာဆက်လုပ်ရမလဲ ဆိုတာတောင်
မစဉ်းစားနိုင်တော့တဲ့အထိ ချစ်တာ"

".ငါမေးမိတာမှားသွားတယ် Lisa ရယ်။တောင်းပန်ပါတယ်။နင့်ကိုနာကျင်စေမိပြီထင်တယ်။ငါ စည်းကျော်သွားခဲ့တယ်။"

"မဟုတ်ပါဘူး။ငါ...ငါလဲ တိုင်ပင်စရာ တစ်စုံတစ်ယောက် လိုအပ်နေတာပါ။
ငါတစ်ယောက်ထဲ မြိုသိပ်ထားရရင် ရူးတောင်သွားမလားပဲ။ကျေးဇူးတင်ပါတယ် Rosè"

လွန်ခဲ့တဲ့ တစ်ပတ်ကျော်လောက်က Rosè ရဲ့မေးခွန်းကို Lisa ဖြေဆိုခဲ့စဉ်က။

ပါးနှစ်ဖက်ပေါ်မှာ မျက်ရည်စက်တို့ စီးဆင်းလာသည်အထိ ငိုကြွေးပြီး ဖြေဆိုခဲ့စဉ်က။

ထိုအချိန်မှ စ၍ Rosè တစ်ယောက် Lisa ၏ နှလုံးသားကို ထင်ထင်ရှားရှား မြင်လိုက်ရသည်လေ။

သူငယ်ချင်းလေးအတွက် စိတ်မကောင်း ဖြစ်မိတာတော့အမှန်။ Lisa အနေနဲ့ Jennie ကို ဖွင့်ပြောမှာ မဟုတ်တာ သူမ သိပြီးသား။
______
_________

"Kim နှင့် Jennie တို့သည် ရိုးရိုးသာမန်သူငယ်ချင်းအဆင့်ထက် မပိုပါကြောင်း Kim အနေဖြင့် ရှင်းလင်းဖြေကြား"

ဆိုရှယ်မီဒီယာများတွင် ထိပ်တန်းသတင်းအဖြစ်ပါလာခဲ့သည့် ထိုသတင်းက လူထုကို ဂယက်ထ သွားစေသည့်အပြင်
အဖျားပျောက်စ Jennie ကိုလဲ သည်းထန်စွာ ငိုကြွေးစေသည်။

"တိတ်ပါ။jennie ရယ် တိတ်ပါ။အဆင်ပြေသွားမှာပါ။နော်။"

"ငါ..ငါ တကယ် နားမလည်နိုင်လို့ပါ။
ငါ တို့တွေရဲ့ နှလုံးသားရေးကိစ္စဟာ အေဂျင်စီတစ်ခုအတွက် ကစားစရာလား။ဟင်။ ငါ ..ငါ အခု အသဲကွဲလို့ ငိုတာ မဟုတ်ဘူး။ငါ စိတ်တိုရလွန်းလို့ပါ။"

မှန်ပါသည်။

Jennie ၏ သဘောတူညီမှု မရှိပါပဲ Kim တို့ Gentle Boy Group ၏ အေဂျင်စီမှ တစ်ဖက်သတ် ကြေငြာလိုက်ခြင်းပါ။

အောင်မြင်မှုတွေ သိမ်းပိုက်ထားသော Kim ကို အထိခိုက် မခံလို၍ တစ်ဖက်သတ် ဖြေရှင်းလိုက်ခြင်းသာ။

အချစ်နဲ့ လက်တစ်ကမ်း(Completed)Hikayelerin yaşadığı yer. Şimdi keşfedin