Unicode 26

2.3K 208 29
                                        

အမျိုးသမီး စစ်ရေး လေ့ကျင့်ရာ ဌာန ကြီးကို နောက်ဆုံး အနေနှင့် လှည့်ကြည့်မိသည်။

၃ပတ်တာ ကာလ ကုန်လွန်ပြီး နောက်မှာတော့ သိသင့် သိထိုက်သည်များကိုလဲ ပြည့်ပြည့်စုံစုံသိရှိခဲ့ရပြီမို့ ဆေးဗိုလ်မှူး၏ လမ်းညွှန်ချက်အရ ရက်သတ္တ တစ်ပတ်မျှ အနားယူရန် Lisa တစ်ယောက် စစ်တပ်မှ ထွက်ခွာခွင့် ရခဲ့ပြီ။

"ကြိုဆိုပါတယ် Lisa..."

"အရမ်းပင်ပန်းခဲ့မှာပဲ"

စစ်တပ် ဂိတ်ရှေ့မှာ အသင့် စောင့်ကြိုနေသော Jisoo နှင့် Rose .

Jennie ကတော့ အစတည်းက တွေ့
ခွင့်ရမှာ မဟုတ်တာ မျှော်လင့်ပြီးသားမို့
ဝမ်းနည်းယုံကလွှဲ၍ ထူးထူးခြားခြား မခံစားရ။

"အားဖြည့် ဖက်ထုပ်ပေါင်းလေး
စားလိုက်ပါဦး"

"လိမ္မော်ရည်ရောသောက်"

သုံးယောက်သား ဆုံတွေ့မိတော့ Jennie ၏ အငွေ့အသက်ကို ပို၍ လွမ်းမောစေသည်။

Jisooနှင့် Rose ကလဲ ရိပ်မိဟန်ဖြင့် စကားတွေ မရပ်မနား ပြောနေသည်။

သူမတို့ သုံးယောက် ပတ်ပတ်လည်မှာ camera တွေ ဝိုင်းအုံနေသည် မဟုတ်ပါလား။

"ညနေစာကို Tour House မှာ သွားစားကြမယ်။ Lisa စစ်မှုထမ်းပြီးတဲ့ အထိမ်းအမှတ်နဲ့"

ကားပေါ်တက်ချိန်အထိ ရယ်သံတို့က
ပေါ့ပေါ့ ပါးပါး။

ကားထဲရောက်လို့ camera တွေ ဖယ်ခွာသွားချိန်မှ Lisa ၏ မျက်ဝန်းထဲ၌ မျက်ရည်များဖြင့် ပြည့်အိုင်လာရသည်။

Jisoo က Lisa ၏ ပုခုံးကို ခပ်ဖွဖွ ထွေးဖက် နှစ်သိမ့်သည်။

"Unnie နဲ့ တွေ့ရမှာပါဟာ။ နောက် တစ်ပတ်ဆိုရင်ပဲ Album ထွက်တော့မှာ။
ငါတို့ကို ခွဲထားလို့ အဆင်မပြေတော့ဘူးလေ။ စိတ်လျှော့နော်။"

Rose ၏ အားပေးစကားက တိုးဖွဖွ။

*****

"ကျွန်မ လုံးဝ လက်မခံနိုင်ဘူး။
ဒီကိစ္စကို ဖြေရှင်းပေးပါ။"

ဒေါသများကြောင့် Jennie ၏ မျက်နှာ တစ်ခုလုံး နီရဲလျက်။

"ကိုယ်ကတော့ မင်းနဲ့ ပတ်သက်ပြီး ဘာမှ
မငြင်းချင်ဘူး Jennie...မင်းအနေနဲ့လဲ လက်ခံလိုက်ရင်ကောင်းမယ်"

အချစ်နဲ့ လက်တစ်ကမ်း(Completed)Donde viven las historias. Descúbrelo ahora