Unicode
တိတ်ဆိတ်ငြိမ်သက်၍ အုံ့ဆိုင်းနေသော
ချန်ရှန်းတောတွင်းတစ်နေရာ၌ တောအုပ်တို့ရဲ့ အရှင်သခင်ခြင်္သေ့ကြီး ရှောင်းလော့ရိထင်း လမ်းလျှောက်နေလျှက်ရှိသည်။ခြင်္သေ့ကြီးဆိုသော်ငြားလည်း
အရှင်ရိထင်းက ခန့်ညားပြီး ကြည့်ကောင်းတဲ့
ဥပဓိရုပ်မျိုးရှိသည်။အေးစက်ကြမ်းကြုတ်ပြီး အညှာတာကင်းတဲ့
ရိထင်းကို တောတွင်းရှိ ကျန်သတ္တ၀ါအားလုံး
ကြောက်ကြရသည်။ရိထင်းတို့ လောက,က လူသားလောကနဲ့
တစ်လွှာသာ ခြားထားလေသည်။ရိထင်းတို့က လူယောင်ဖန်ဆင်းပြီး
လူ့လောကထဲ သွားလာလို့ ရပေမယ့်
လူသားတွေကတော့ ရိထင်းတို့လောကထဲ
ယောင်၍ပင် ၀င်လာမရ။တားထားသည့် စည်းတွေက လူသားတွေကို
အမှုန့်ဖြစ်အောင် ၀ါးမြိုသွားတတ်လေသည်။ထို့ကြောင့် လူသားတွေက တောနက်ထဲ
မလာရဲကြ။သို့သော် ချန်ရှန်းတောင်ကိုတော့ လူသားတွေ
လာလို့ ရနေလေသည်။အဘယ်ကြောင့်ဆိုသော် မိုးနတ်မင်းက
ချန်ရှန်းတောင်ကို လူသားတွေအပိုင်လို့လည်း
မသတ်မှတ်ထားသလို ရိထင်းတို့အပိုင်လို့လည်း မဆိုထားခြင်းကြောင့်ပင်။ချန်ရှန်းတောင်က လောကကိုဖန်ဆင်းခဲ့သည့် နတ်မင်းကြီး လွဲ့ဟုန်ရဲ့ အနှစ်ခြိုက်ဆုံး
နေရာဖြစ်သည်။သို့ဆိုသော်လည်း ထိုနတ်အိုကြီးက
အတားအဆီးအထပ်ထပ်နဲ့ သေချာထိန်းသိမ်းထားခြင်းမဟုတ် ...သူစိတ်ကူးပေါက်မှသာ
လူယောင်ဖန်ဆင်းပြီး လာတတ်သည်။ချန်ရှန်းမှာ ပြဿနာတက်လျှင်
ရိထင်းက ဒိုင်ခံရှင်းပေးရသည်။နတ်အိုကြီးကတော့ နတ်ပြည်မှာ
အစည်းအဝေးရှိတာနဲ့ တရားကျင့်နေတာနဲ့
အမျိုးမျိုးအကြောင်းပြပြီး လာရောက်ခြင်း
မရှိခဲ့။ကြာတော့ ချန်ရှန်းမှာ လူသားတွေနဲ့
ရိထင်းတို့လောကကြား ခဏခဏပြဿနာတက်လာကြသည်။တစ်နေ့တမျိုးမရိုးနိုင်တဲ့ ပြဿနာတွေကို
ရိထင်းက ဖြေရှင်းပေးရစမြဲသာ။
YOU ARE READING
ခြင်္သေ့အရှင်ရဲ့ ယုန်ဖြူလေး🔞🔞🔞( ရပ္နား)
Romance၁၈နှစ်အောက်ကလေးတွေနဲ့ အမှောင်မကြိုက်သူများအတွက် မသင့်လျော်ပါ❌❌❌