Part (15)

6K 397 24
                                    

Unicode

ရိထင်း သူ့ယုန်ပိစိလက်ကိုဆွဲပြီး
နန်းတော်ရှေ့ကို ထွက်လာသည်။

" အရှင်ရိထင်းကို ဂါရဝပြုပါတယ် "

ကောင်းကင်ဘုံက
လာခေါ်သော နတ်သူငယ်က
ရိထင်းကိုမြင်တော့ ဦးညွတ်ကာ
အရိုအသေပေးသည်။

ဝူယွီကိုတော့ ဘယ်သူမှန်းသူမသိတာကြောင့်ခေါင်းငြိမ့်၍သာ ပြုံးပြလိုက်သည်။

" ကောင်းကင်တံခါးက ထပ်ပွင့်နေပြန်ပြီလား "

" မဟုတ်ပါဘူး အရှင် .....
ဧကရာဇ်က အရှင်နဲ့အရေးကြီးကိစ္စ
ဆွေးနွေးစရာရှိတာမို့
ဆင့်ခေါ်ခိုင်းလိုက်တာပါ "

" ကောင်းပြီ .... သွားကြတာပေါ့
ကိုယ့်လက်ကိုသေချာကိုင်ထားနော်
ဝူယွီလေး "

" နေ ... နေပါဦး အရှင်
ခဏ !! "

" ဘာဖြစ်တာလဲ !! "

ရိထင်း အသည်းအသန်တားလာတဲ့
နတ်သူငယ်ကို မျက်မှောင်ကျုံ့ကာ
ကြည့်လိုက်မိသည်။

ရိထင်းရဲ့ အလိုမကျတဲ့အကြည့်ကြောင့်
နတ်သူငယ်က အနည်းငယ်ရှိန်သွားပြီး

" ဟို ... ဧ .. ဧကရာဇ်က
အရှင်တစ်ယောက်ထဲ လာခဲ့ခိုင်းတာပါ "

" ဘာ !! "

" အရှင် ဟင့် .... "

ရိထင်းအသံကျယ်သွားတော့
ယုန်ပိစိက မျက်နှာငယ်လေးနဲ့တားလာသည်။

ရိထင်း စိတ်ကိုလျော့ချပစ်ရင်း

" ဧကရာဇ်က တကယ်ပဲအဲ့လို
ပြောလိုက်တာလား "

" တကယ်ပါ အရှင် .....
ကျနော်မျိုး မလိမ်ရဲပါဘူး .....
ဧကရာဇ်က အရှင်တစ်ယောက်ထဲကို
သီးသန့်ခေါ်ခဲ့ဖို့ မှာလိုက်တာပါ ....
အိမ်ရှေ့စံ မသိစေနဲ့လို့လည်း မှာလိုက်ပါတယ် "

ရိထင်း တစ်ချက်တော့စဥ်းစားသွားသည်။

ကျန့်လန်ကိုတောင် မသိစေချင်တဲ့ကိစ္စက
တော်ရုံကိစ္စတော့ ဟုတ်မည်မထင်။

ဧကရာဇ်မှာ ဘယ်လိုပြသနာတွေ
ကြုံနေရပြီလဲ .....

တိတ်ဆိတ်မှုနဲ့ငြိမ်သက်နေတဲ့
ရိထင်းမျက်နှာကို ကြည့်ပြီး
ယုန်ပိစိက ရိထင်းဆုပ်ကိုင်ထားတဲ့
သူ့လက်လေးကို ဖြေးဖြေးရုန်းလိုက်သည်။

ခြင်္သေ့အရှင်ရဲ့ ယုန်ဖြူလေး🔞🔞🔞( ရပ္နား)Where stories live. Discover now