Part (5)

13.8K 565 38
                                    

Unicode

" ပြီးတော့ ဒီနားလည်း နာနေသေးတယ် !!! "

ယုန်ပိစိက အန္တရာယ်ကိုမမြင်စွာ မှောက်ပြီးသူ့မက်မွန်သီးတွေကို ပုတ်ပြသည်။

ရိထင်းမှာ ထိုမြင်ကွင်းကြောင့်
နှာခေါင်းသွေးလျှံချင်လာသည်။

" နာတယ်လို့ !! "

" အင်း ... ဟုတ်ပြီ .. ဟုတ်ပြီ "

ရိထင်းမျက်စိမှိတ်ပြီး ယုန်ပိစိလေးရဲ့မက်မွန်သီးနှစ်လုံးပေါ် လက်တင်ကာ
စွမ်းအင်အနည်းငယ်ကို စီးဆင်းစေလိုက်သည်။

အနာသက်သာစေရုံလောက်ပဲမို့
အန္တရာယ်တော့ မရှိလောက် .....

" မနာတော့ဘူး .. ဟီး ... "

ယုန်ပိစိလေးက ပြောပြီး ထထိုင်လိုက်တာမို့
ရိထင်းလက်ကိုအမြန်ရုတ်လိုက်သည်။

" ယွီယွီဗိုက်ဆာတယ် ... "

ဗိုက်လေးကို ပွတ်ကာ အောက်နှုတ်ခမ်းလေး
ထော်ပြီးပြောနေတာမို့ ရိထင်းမှာ
ဖျစ်ညစ်ပစ်ချင်စိတ်ကို မနည်းထိန်းထားရသည်။

" အင်္ကျီအရင်၀တ်ရမယ် ... ပြီးရင်
ကိုယ်နဲ့အတူ စားဖိုဆောင်ကို သွားမယ် ... "

" အွန်း .... "

ပါးဖောင်းဖောင်းနဲ့ ခေါင်းတညိမ်ညိမ့်
လုပ်လာတာ အသည်းယားစရာ .....

ရိထင်း ယုန်ပိစိလေးရဲ့အင်္ကျီတွေကို
ကြည့်မိတော့ အကုန်စုတ်ပြဲနေပြီ ....

အခုလောလောဆယ်တော့
သူ့၀တ်ရုံတွေကိုသာခဏပေး၀တ်ထားရမည်။

နောက်ရက်မှ သေချာချုပ်ပေးဖို့
စီစဥ်ရမည်။

အတွေးနဲ့အတူ သူ့၀တ်ရုံရှည်တွေထဲက
တစ်ခါမှမ၀တ်ခဲ့ဖူးသည့် အဖြူရောင်ကို
ရွေးထုတ်လာကာ ကလေးပေါက်စကို
၀တ်ဆင်ပေးလိုက်သည်။

ရိထင်းနဲ့ယုန်ပိစိက ခန္ဓာကိုယ်ချင်း
နှစ်ဆလောက်ကွာတာမို့ ၀တ်ရုံကြီးက
ပွယောင်းပြီး တရွတ်တိုက်နေရှာသည်။

ယုန်ပိစိလေးရဲ့ အဆင်မပြေတဲ့ပုံကြောင့်
ရိထင်းစွေ့ကနဲ ကောက်ချီပစ်လိုက်သည်။

" အား !! ဘာလုပ်တာလဲ ...
ချပေး .. ချပေး ... လမ်းလျှောက်မှာ ...
လမ်းလျှောက်မှာလို့ !!! "

ခြင်္သေ့အရှင်ရဲ့ ယုန်ဖြူလေး🔞🔞🔞( ရပ္နား)Where stories live. Discover now