Part (29)

1.4K 47 4
                                    

သုံးရက်လောက် ခရီးကြမ်းနှင်လာပြီးနောက်
တောတွင်း ရွာတစ်ရွာကို ရောက်ရှိလာကြသည်။

နေ့ခင်းဘက်ဖြစ်ပေမယ့်
တောအလွန်ထူတာမို့ မှောင်မှိုင်းကာ
ကြောက်ရွံ့ဖွယ်ပင်။

သာမန်လူသာဆိုလျှင်
မကောင်းဆိုးဝါးရွာဟုပင် ထင်နိုင်၏။

ဒီနေရာမှာ လူတွေ ဘာကြောင့် ခက်ခက်ခဲခဲ
ရှင်သန်နေကြမှန်း ဘယ်သူမှမသိနိုင်ပေ။

ရိထင်းတို့ ရွာထိပ်ရောက်တော့
မြင်းလှည်းသမားက ကြောက်ရွံ့ကာ
နောက်ကြောင်းပြန်လှည့်ပြေးသွားသည်။

ငွေအပုံလိုက်ပေးပေမယ့် ထိုငွေတွေရော၊
ယခင်မြင်းလှည်းခပါ မယူပဲ ရိထင်းတို့ကိုချကာ ကိုယ်လွတ်ရုန်းပြေးတော့သည်။

ရွာထိပ်တွင် ရိထင်း၊ ဝူယွီနဲ့ ကျန့်လန်သာ
ကျန်ခဲ့တော့သည်။

" အရှင် .. ဟင့် ယွီယွီ ကြောက်တယ် "

ခြောက်ကပ်နေတဲ့ ရွာကိုကြည့်ကာ ယုန်ပိစိက
မျက်ရည်လေးတွေဝိုင်းပြီး ရိထင်းဝတ်ရုံစကို
ခပ်တင်းတင်းဆွဲထား၏။

ကျန့်လန်လည်း ထုတ်မပြောပေမယ့်
ချွေးစေးတွေထွက်ကာ
တံတွေးကို ခက်ခက်ခဲခဲမြိုချနေလေသည်။

" ဒါက လူသားရွာပဲ ... မကောင်းဆိုးဝါးအငွေ့အသက်မရှိဘူး ...
ဒါပေမယ့် .... "

" ဒါပေမယ့် ဘာဖြစ်လဲဟမ် "

" အန္တရာယ်ရှိတယ် "

" အားးးး !!! "

" ဝူယွီ!! "

ဘုန်း!!!

အ့ !!

ဝူယွီ့အော်သံကြောင့် ရိထင်း
နောက်ကအရိပ်ကို ဖြတ်ကနဲ ကန်လိုက်တော့
လူတစ်ယောက် မြေပြင်ပေါ်
ဘုန်းကနဲ လဲကျသွား၏။

" အရှင် .. အီးး ဟီးး .. သ .. သရဲ "

" မကြောက်နဲ့နော် တိတ်.. တိတ် !!
ကလေးလေး ... ကိုယ်ရှိတယ် "

" အဲ့တာ ဘာ .. ဘာကြီးလဲ !! "

ကျန့်လန်ကလည်း ကြောက်လန်တကြား
ရိထင်းနောက်ဝင်ပုန်းသည်။

" လူသားတစ်ယောက်ပဲ !! "

" အာ့ ... ဧည့်သည်တွေထင်တယ် ...
လမ်းမှားလာကြတာလား "

ခြင်္သေ့အရှင်ရဲ့ ယုန်ဖြူလေး🔞🔞🔞( ရပ္နား)Where stories live. Discover now