Part (20)

5.9K 283 29
                                    

Unicode

မြို့တော်တွင်း စည်ကားလှသည့်
စျေးတစ်နေရာ ......

အရောင်အသွေးစုံစုံလူတွေကြား
ခရမ်းရောင်ပိုးထည်ဝတ်စုံကို
ခန္ဓာကိုယ်နှင့်ကွက်တိကျအောင်
ဝတ်ဆင်ထားပြီး ဖြူနုနုလက်တစ်ဖက်က
ဓားကိုတင်းကြပ်စွာဆုပ်ကိုင်ထားသည့်
လူငယ်တစ်ဦးရှိလေသည်။

ထိုလူငယ်၏နောက်တွင်
အမျိုးသမီးတစ်ဦးပါရှိနေပြီး
အဖြူရောင်ဦးထုပ်ရှည်ဖြင့်
မျက်နှာကိုဖုံးအုပ်ထားတာကြောင့်
သဲကွဲစွာမမြင်ရချေ။

ထိုလူငယ်ကို ရုတ်တရက်ကြည့်လျှင်
မင်းသားတစ်ပါးသို့မဟုတ်
သခင်ငယ်တစ်ဦးကဲ့သို့ထင်ရသော်လည်း
မသေမျိုးလောကသားများမှာ
စွမ်းအားကြီး မိစ္ဆာ​တွေမှန်းတန်းသိကာ
ခပ်ဝေးဝေးကရှောင်ရှားသွားကြလေသည်။

လူငယ်ကမူ ပတ်ဝန်းကျင်ကို
ဂရုမစိုက်ပဲ
ရှေ့တူရူကိုသာ တည့်တည့်မတ်မတ်ကြည့်ပြီး
ခြေလှမ်းတို့က မြို့ပြင်ကို ဦးတည်နေ​လေသည်။

" မုန်လာဥတွေ ရမယ် ..... မုန်လာဥတွေ
လတ်ဆတ်တယ်နော် မုန်လာဥတွေ "

" ...... "

​ဝေ့ချန် စျေးထဲလမ်းလျှောက်လာရင်း
ရင်းနှီးလှသည့်အသံကြားရတာကြောင့်
ခြေလှမ်းတွေကို ရပ်တန့်ကာ
အသံလာရာဆီကြည့်လိုက်မိသည်။

" မုန်လာဥချိုချို​​လေးတွေနော် မိတ်ဆွေတို့....
စွပ်ပြုတ်လုပ်သောက်မလား
ယုန်လေးတွေကို ကျွေးမလား ....
အကုန်လတ်ဆတ်တယ်နော် "

အညိုရောင် ခပ်နွမ်းနွမ်းဝတ်စုံကြီးကို
ဝတ်ဆင်ထားသည့် စျေးသည်အမျိုးသားကို
ကြည့်ရင်း ဝေ့ချန်ရင်ဘတ်ထဲ
တင်းကြပ်ဆို့နင့်မှုနှင့်အတူ လွမ်းဆွတ်မှုကိုပါ
တစ်ပါတည်းခံစားလိုက်ရတာကြောင့်
သူ့နှလုံးသားနေရာကို တင်းကြပ်စွာ
ဆုပ်ကိုင်လိုက်မိသည်။

ဒီခံစားချက် !!!

လွန်ခဲ့တဲ့နှစ်ပေါင်းသုံးရာက
နတ်ဘုရားတစ်ပါးကို
မတော်တဆထိတွေ့မိလိုက်ချိန်ကလို
ခံစားချက်မျိုး။

" ဒီလူက ထူးဆန်းတယ် "

အနောက်မှာကပ်ပါလာတဲ့ ဝမ်ထင်က
​ဝေ့ချန်ငေးကြည့်နေတဲ့ မုန်လာဥသည်ကို
ကြည့်ပြီး ​​ပြောလိုက်သည်။

ခြင်္သေ့အရှင်ရဲ့ ယုန်ဖြူလေး🔞🔞🔞( ရပ္နား)Where stories live. Discover now