Part (18)

6.1K 355 12
                                    

Unicode

အိပ်ချိန်ကြာသွားတော့ ယုန်ပိစိ
နိုးလာသည်။

အရင်ဆုံးမျက်လုံးမဖွင့်သေးပဲ
လက်က အိပ်ယာပေါ်လျှောက်စမ်းကာ
ရိထင်းကိုရှာနေသည်။

လက်နဲ့စမ်းလို့မတွေ့တော့
အိပ်မှုန်စုံဝါးဖြစ်နေတဲ့ မျက်လုံးကို
ဖိပွတ်ပြီး ထထိုင်လိုက်သည်။

ထို့နောက် မျက်လုံးတို့ကို
​ဖြေးဖြေးချင်းဖွင့်ရင်း နံဘေးကို
ကြည့်လိုက်သည်။

စောင်ကလွဲပြီး ဘာမှရှိမနေ။

အခန်းထဲဝေ့ဝဲ​ကြည့်မိတော့လည်း
ငြိမ်သက်တိတ်ဆိတ်နေပြန်သည်။

အရှင်သူ့ကိုထားသွားပြန်ပြီလားဆိုတဲ့
အတွေးက ရင်ဝကိုဆောင့်တက်လာတာမို့
မျက်ရည်က ဝိုင်းကနဲ ..... 

" ဟင့် .... အရှင် ... အူးဝါး ...
ယွီယွီ့ကို ထားခဲ့ပြန်ပြီ ... အင့် ... ဝါး "

ဝူယွီငို​ရင်း အိပ်ယာပေါ်ကဆင်းကာ
တံခါးဆီအပြေးသွားမိသည်။

အရှင်နဲ့ မခွဲနိုင်ဘူး .....

အရှင် သူ့ကိုဒီလိုမျိုးထားခဲ့လို့မရဘူး ....

အရှင့်နောက်လိုက်သွားမှာ ..... 

အခုချက်ချင်းလိုက်မှာ ....

" ဟင့် ... လိုက်မှာ ...
ယွီယွီ အရှင့်နောက်လိုက် .... အင့် !! "

ဝူယွီအလောတကြီးပြေးရင်း
တံခါးဆီမရောက်ခင်
တစ်စုံတစ်ခုကို ဝင်တိုက်မိတာကြောင့်
မျက်ဝန်းတို့ကို
အလန့်တကြားမှိတ်လိုက်မိသည်။

ကြောက်ရွံမှုကြောင့် ခေါင်းပေါ်က
နားရွက်ရှည်လေးတွေ
ပေါ်လာတာကိုလည်း ခံစားလိုက်မိသည်။

နောက်ပြန်လဲကျသွားမယ်ထင်ခဲ့ပေမယ့်
ခါးထက်မှာ မြဲ​မြံနေတဲ့လက်တစ်စုံက
ပြန်ဆွဲယူလိုက်တာကြောင့်
အေးစက်စက်တစ်စုံတစ်ရာကြား
တစ်ကိုယ်လုံးနစ်မြုပ်သွားရ​ပြန်သည်။

" ဝူယွီလေး .... "

" အ .. အရှင် ? "

အံ့ဩတ​ကြီးနဲ့မျက်လုံးတို့ကိုဖွင့်ကြည့်မိတော့
အရှင့်ရင်ခွင်ထဲရောက်နေသည်ကို
တွေ့ရသည်။

ခြင်္သေ့အရှင်ရဲ့ ယုန်ဖြူလေး🔞🔞🔞( ရပ္နား)Where stories live. Discover now