Unicode
ရိထင်း အိပ်ဆောင်ထဲက ထွက်လာပြီးနောက်
တက်ကြွလန်းဆန်းနေလျက်ရှိသည်။" အရှင် ... မနက်စာသုံးဆောင်ဖို့အသင့်ဖြစ်နေပါပြီ "
လိုင်ကျင်း ဦးညွတ်ကာပြောလိုက်သော်လည်း
ရိထင်းက ဘာမှပြန်မပြောပဲ
ပြုံးဖြီးနေတဲ့ မျက်နှာနဲ့ ညီလာခံဘက်ကို
ဆက်လျှောက်သွားသည်။" အရှင် မနက်စာ ... "
" ကျစ် !! မစားချင်ဘူး ...
အဲ့ဒီအရသာမရှိတဲ့ဟာတွေကို
အကုန်လွှင့်ပစ်လိုက် ..... "ရိထင်းစကားကြောင့် လိုင်ကျင်း
ကြောင်အ,သွားလေသည်။အရှင့်ရဲ့မနက်စာဆိုတာ နတ်သုဒ္ဓါတွေလို
အရသာကောင်းမွန်တဲ့ အစားအစာတွေချည်း
လုပ်ပေးထားတာလေ ....တစ်သက်လုံးစားလာခဲ့သမျှ အခုမှ
ဘာလို့ အရသာမရှိဖြစ်သွားရတာတုန်း ....လိုင်ကျင်း အူကြောင်ကြောင်နဲ့တွေးနေရင်း
အရှင်က နန်းတော်ရဲ့ အနောက်ဘက်ကို
သွားတာကြောင့် အလျင်အမြန်လိုက်သွားရသည်။အရှင်က နန်းတော်ရဲ့အနောက်ဘက်
ပန်းမာန်တွေစိုက်ပျိုးထားတဲ့နေရာရောက်တော့ ခြေလှမ်းတို့ရပ်တန့်ပြီး
လိုင်ကျင်းကို ပြန်လှည့်ကြည့်လာသည်။" ဒီနေရာဆို ကောင်းလား "
" ဗျာ ... ဘာ ဘာကို ... "
" ထားလိုက်တော့ ...
မင်းကိုမေးလည်း သိမှာမဟုတ်ဘူး .... "အရှင်က ပြောပြီး ပန်းပင်တွေကို
လှည့်ပတ်ကြည့်ရှုနေတာမို့
လိုင်ကျင်း အူကြောင်ကြောင်နဲ့လိုက်ရပြန်သည်။" နန်းတော်ထဲက ရှိတဲ့လူတွေအကုန်
ခေါ်လိုက် ..... "" ဟုတ်ကဲ့ပါ အရှင် "
လိုင်ကျင်း ဦးညွတ်ပြီး အရှင့်အမိန့်တော်တိုင်း
ခေါ်ပေးလိုက်ရသည်။အခုချိန်ထိ အရှင်ဘာကိုရည်ရွယ်တယ်ဆိုတာသူမသိသေး ....
အရှင်ကိုက ထူးဆန်းလွန်းနေလို့
သူ့ဦးနှောက်က လိုက်မမီတော့တာလည်း ဖြစ်နိုင်သည်။ရိထင်း သူ့ရှေ့က ရောက်လာတဲ့ လူအုပ်ကြီးကိုကြည့်ကာ တစ်ချက်ပြုံးလိုက်သည်။
YOU ARE READING
ခြင်္သေ့အရှင်ရဲ့ ယုန်ဖြူလေး🔞🔞🔞( ရပ္နား)
Romance၁၈နှစ်အောက်ကလေးတွေနဲ့ အမှောင်မကြိုက်သူများအတွက် မသင့်လျော်ပါ❌❌❌