ဆွေးနွေးပြီးသွားတော့ Companyသို့ပြန်သွားသော သူဌေးseanကိုနှုတ်ဆက်လိုက်ပြီး ခုနကဆိုဖာပေါ်မှာထိုင်နေသော ကောင်လေးကိုလက်ကောက်၀တ်ကနေဆွဲကာ အိမ်တော်ပြင်ကိုခေါ်ထုတ်လာလိုက်သည်။
လက်ကိုဖြည်းဖြည်းချင်းရုန်းနေသော ကောင်လေးကို အိမ်တော်ပြင်ရှိ အလှဆင်ထားသော ရေပန်းနားထိခေါ်သွားပြီး လက်ကိုလွှတ်ပေးလိုက်တော့ သူ့လက်ကောက်၀တ်လေးကိုကိုင်ရင်း ပြန်ရန်တွေ့လာသည်။
"ကျွန်တော့်ကိုဘာလုပ်မလို့လဲ လက်တွေနာလာပြီ"
"မင်းဘာလို့ဒီကိုခေါ်လာတာလဲ"
"လုပ်ငန်းရှင်နဲ့မိတ်ဆက်ပေးမလို့လေ"
"မင်းနဲ့ငါနဲ့ကသိမှမသိပဲ"
"ကျွန်တော်ကူညီတာ ခင်ဗျားဆီက အကူအညီလိုချင်လို့"
"မင်းက Sean johnsonရဲ့သားမှန်းဘာလို့မပြောတာလဲ"
"ယုံမှာမှမဟုတ်တာ"
"ဘာအကူအညီလဲ မကူညီပေးနိုင်ဘူး"
အိမ်တော်ရှေ့က ရေပန်းနားမှာ ရန်ဖြစ်နေသော နှစ်ယောက်ပင်။ ၀မ်ရိပေါ်ရဲ့မျက်နှာက တည်နေပြီး ရှောင်းကျန့်ကိုကြည့်မရတဲ့အသွင်ဆောင်နေသည်။
"ပြီးတော့ မင်းနာမည်တောင်ငါမသိရသေးဘူး"
"ကျွန်တော့်နာမည် Sean kelvinပါ တရုတ်နာမည်ကတော့ ရှောင်းကျန့် Sean johnsonနဲ့ ရှောင်းမေယွမ်ရဲ့သား"
"မင်းကငါ့ကိုကြိုသိပြီးသားမလား မိတ်မဆက်တော့ဘူး"
"ညနေကျရင် ခဏလောက်တွေ့လို့ရမလား အန်ကယ်လ် ၀မ်"
ဘယ်လိုဘယ်လို ဆန့်ကျင့်ဘက်အရပ်ကိုကြည့်နေသော ၀မ်ရိပေါ် ရှောင်းကျန့်ရှိရာဘက်ကိုမျက်နှာလှည့်လိုက်ရတယ်။ သူ့အသက်ကဘယ်လောက်မို့လို့ အန်ကယ်လ်လို့တောင်ခေါ်ရပါလိမ့်။ ကိုယ့်ကိုယ်ကို အဖိုးကြီးလို့တောင်mood၀င်သွားတယ်။
"ဒီမှာ ကောင်လေး မင်းအသက်ဘယ်လောက်လဲ"
"ကျွန်တော့်အသက် 20ပါ"
"ကိုယ့်အသက်ရောသိလား" ကိုယ့်ရင်ဘတ်ကိုလက်ညှိုးထိုးပြီးမေးလိုက်တော့ ကောင်လေးက
ESTÁS LEYENDO
UNCLE WANG [Completed]
Fanfic"အန်ကယ်လ် ၀မ် ကို ကျွန်တော် တဖြည်းဖြည်းချင်းချစ်လာမိပြီထင်တယ်" Xiao Zhan