Part-19

4.7K 447 15
                                    

"ဟင်းးးးးး"

အိပ်ရာကနေ ညီးညူကာထလာတဲ့ ရှောင်းကျန့်ကြောင့် ၀မ်ရိပေါ် ကုတင်နားကိုအပြေးသွားရတယ်။

"ကလေး နိုးပြီလား"

"ဟုတ် ကျွန်တော်ဘာဖြစ်သွားတာလဲဟင်"

"ကော်ဖီနဲ့မတည့်တာကို ကော်ဖီစားလိုက်လို့ အလဂျစ်ဖြစ်ပြီး မေ့လဲသွားတာတဲ့"

"ကျွန်‌တော် ရုတ်တရတ်ဆိုတော့ဘာမှမသိလိုက်တာထင်တယ်"

"ကော်ဖီနဲ့မတည့်တာကိုဘာလို့စားတာလဲ"

"ကျွန်တော်စားတာ နို့တွေပါ"

"ကော်ဖီတွေပါမပါ ကိုယ်အစားအသောက် သုတသနဌာနကိုစစ်ဆေးခိုင်းထားတယ်"

"ဟုတ်"

"သက်သာလား ဘာတွေဖစ်သေးလဲ"

"နည်းနည်းစပ်ဖျင်းဖျင်းနဲ့ယားနေသေးတယ် အသားတွေက"

"သိပ်မကုတ်နဲ့ ပွန်းပဲ့သွားမယ်"

သန့်စင်ခန်းသွားချင်သည်ဆိုတာကြောင့် တွဲပြီးလိုက်ပို့တော့ မလိုပါဘူး ဦး၀မ်ဆိုပြီး တွဲထားတဲ့လက်ကိုဖြုတ်ပြီး မပြေးရုံတမယ်လေး၀င်သွားတဲ့ကောင်လေး။

"အားးးး"

ရေချိုးခန်းထဲကအော်သံကြောင့် သူပြေးကြည့်တော့ မှန်ရှေ့မှာရပ်နေကာ သူ့ပါးနှစ်ဖက်သူကိုင်နေတဲ့ကောင်လေး။

"ကလေး ဘာဖြစ်တာလဲ"

"ဦး ကျွန်တော့် မျက်နှာ အနီတွေနဲ့ အီး.....
မလှတော့ဘူး အီး....ဟီး.....ဟင့်"

ပြောရင်းရိူက်ကာ ငိုနေပြီး လက်မဖိုးများနဲ့မျက်ရည်များကိုဆွဲသုတ်နေတာကြောင့် မျက်လုံးနားက လက်လေးတွေကိုယူလိုက်ကာ ဖွဖွလေးလက်မလေးကိုအသုံးပြုကာ ‌သုတ်ပေးလိုက်တော့ မော့ကြည့်လာသည်။

"အဲ့လိုသုတ်ရဘူးလေ မျက်တောင်လေးတွေကျွတ်ကုန်မယ်ကလေးရယ်"

"ကျွန်တော် မျက်နှာကမချောတော့ဘူး ဦး
ဦး၀မ် ကျွန်တော့်ကိုမကြည့်နဲ့"

"လာပါဦး ကလေးရယ်"

ရင်ခွင်ထဲကိုဆွဲသွင်းလိုက်တော့ ငြိမ်ငြိမ်လေးပါလာတယ်။ ဆံသားနု နက်နက်လေးတွေကိုဆွဲဖွလိုက်ပြီး လေသံအေးအေးလေး‌နဲ့ပြောတော့ ရင်ခွင်ထဲက မုန်လာဥလေးက ငြိမ်နေသည်။

UNCLE WANG [Completed]Donde viven las historias. Descúbrelo ahora