Part-30

5.4K 418 10
                                    

Londonက ယောက္ခမတွေက ချက်ချင်းကြီးမလိုက်လာဖို့နားချတာကြောင့် တစ်ပါတ်လောက်စောင့်မည်ဟုဆုံးဖြတ်လိုက်သည်။
ဟိုရက်ကနေမကောင်းဖြစ်တာတွေရော ကိုယ်ရေးကိုယ်တာ ကိစ္စနဲ့ companyကိုဂရုမစိုက်ဖြစ်အားသေး။ ဒီရက်အတွင်းအတိုးချလုပ်မည်ဟုဆိုကာ ရုံးခန်းထဲမှာပဲ တစ်ပါတ်လောက်နေမိလိုက်တယ်။ အိမ်လဲ ကလေးလေးမရှိတာကြောင့်မပြန်ချင်တော့။

"Boss ယုလီ အကြောင်းအကုန်သိရပါပြီ"

"Ok ထားသွားလိုက်"

စုံစမ်းခိုင်းထားတဲ့လူက ယုလီရဲ့အကြောင်းတွေကို ဖိုင်တွေနဲ့ထုတ်လာတာကြောင့် စားပွဲပေါ်မှာခုနက‌တင်သွားတဲ့ဖိုင်ကိုထုတ်ကြည့်လိုက်တော့ ၀တ်လစ်စလစ်မိန်းမနဲ့ယောကျာ်းတစ်ယောက်ပုံတွေထွက်လာတယ်။ အိပ်နေတဲ့မိန်းမမျက်နှာမှာ ယုလီမှန်းသေချာသိနိုင်အောင်ကြည်လင်ပြတ်သားနေတယ်။

ယုလီတို့companyနဲ့ပတ်သတ်တဲ့အချက်အလက်တွေဘယ်သူနဲ့စာချုပ်ချုပ်ထားပါတယ်ဆိုတဲ့အကြောင်းအရာတွေပါ အကုန်တစုတစည်းတည်း ဒါတွေသိရဖို့လည်း သူအကုန်အကျခံထားရသည်။

ခုတော့ ယုလီက သူ့အပြစ်နဲ့သူပဲ။ ကိုယ့်ကိုဆေးခတ်ပြီး သူ့ကိုယ်သူပါဆေးခတ်လိုက်တာကြောင့် သူ့တွေးထင်သလိုဖြစ်လာမည်ထင်နေတာ။ မဖြစ်လာတော့ သူ့ရဲ့ပုံပျက်ပန်းပျက်ပုံက အသားစားချင်နေတဲ့ကျားတွေအတွက် အဆင်သင့်ထိုးကျွေးမည့်ပုံလိုဖြစ်နေသည်။ ခုဆို ယုလီက သူ့ရှေ့တောင်မျက်နှာလာမပြရဲ။ ကလေးကိုလည်း ဆိုးဆိုးရွားရွားထိခိုက်အောင်လုပ်ပါက ဒီထက်ပိုခံစားရအောင်လုပ်မလို့ပေမယ့် ခုတော့ သိပ်အများကြီးမဖြစ်သွားလို့ ဒီလောက်နဲ့ရပ်ပေးလိုက်သည်။ ထပ်ပြီးတော့လုပ်လာပါက ယုလီရဲ့companyက စီးပွားရေးလောကထဲက ပျောက်သွားမည်ပင်။

ကိစ္စတွေအားလုံးရဲ့တရားခံမှာ ပါးပါးကလည်းပါ၀င်တယ်ဆိုတာ သူသိသွားခဲ့တယ်။ ဒီနေ့ပဲ မလာနဲ့ဟုပြောထားသော မိဘတွေရှိသည့် ၀မ်အိမ်တော်ကိုခြေချမိသည်။ အိမ်တော်ထဲ၀င်၀င်ချင်း မားကို သူ့ကိုပြေးဖက်ပေမယ့် ပါးကတော့သူ့ကိုဆိုဖာပေါ်ကနေ ထပြီးတောင်မနှုတ်ဆက်။

UNCLE WANG [Completed]Donde viven las historias. Descúbrelo ahora