မနက်ကတည်းက ကိုယ့်ကိုအခန်းထဲပို့သွားသော ဦး၀မ်သည် ညနေစောင်းတဲ့အချိန်ထိ တံခါးလည်းလာမခေါက်ခဲ့ပါ။ တစ်နေကုန်လုံး ဘာမှလုပ်စရာမရှိတာကြောင့် ကုတင်မှာအိပ်ပြီး TVကြည့်လိုက် အိပ်လိုက် အိမ်ပေါ်ထပ်ကနေ ခြံတစ်ခုလုံးကိုကြည့်လိုက်နဲ့ ဒါပဲလုပ်စရာရှိတယ်။ ရောက်ရောက်ချင်းတော့ မားဆီဖုန်းဆက်ဖြစ်သည်။ ရောက်ပြီဆိုတဲ့အကြောင်းကိုအသိပေးရသည်။
ညနေစောင်းဝောာ့ တံခါးခေါက်သံထွက်လာသည်။ ဖွင့်လိုက်တော့ သက်လတ်ပိုင်းလူကြီးတစ်ယောက် အိမ်ထဲရောက်ရောက်ချင်းတုန်းက အစေခံတွေကို အမိန့်ပေးနေတာကြောင့် အိမ်တော်ထိန်းဖြစ်မည်ဟု မှတ်ချက်ချလိုက်မိသည်။
"သခင်လေး ညစာစားရအောင် သခင်ကြီးစောင့်နေပါတယ်"
"ဟုတ်" ဆိုပြီး အိမ်တော်ထိန်းနဲ့အတူ လှေကားတစ်လျှောက်ဆင်းလာကာ ထမင်းစားခန်းထဲရောက်တော့ ဦး၀မ်ရဲ့ကျောပြင်ကိုတွေ့သည်။
စားပွဲခုံတစ်ခုမှာ၀င်ထိုင်လိုက်တော့ ဦး၀မ်ကမော့ကြည့်လာသည်။ သူလည်းမစားသေးဘူး စားပွဲဝိုင်းမှာဘာစားစရာမှမရှိပေ။ ဦး၀မ်ကmacbookနဲ့ အလုပ်ကိစ္စများကိုလုပ်နေသည်ထင်တယ်။ သူလာတော့ Macbookကိုဘေးချကာပိတ်လိုက်ပြီး စားစရာတွေကိုယူလာခိုင်းလိုက်တယ်။
ထမင်းစားခန်းတွင်း ဇွန်းသံ ပန်းကန်သံကလွှဲပြီး ဘာမှမကြားရ အစေခံတွေကလည်းထမင်းတွေခူးခပ်ထည့်ပေးကာ အနောက်သို့ပြန်၀င်သွားကြသည်။ ဟင်းအမယ်တွေကမျိုးစုံပင် ဒါပေမယ့် သူတစ်ခါမှမစားဖူးတဲ့ အရာတွေပဲ။ လန်ဒန်မှာတုန်းက လန်ဒန်အစားအစာပဲစားခဲ့ရတာ တရုတ်သူဖြစ်တဲ့မားက မွေးနေ့တိုင်းမှာတော့ သက်ရှည်ခေါက်ဆွဲကိုသူ့အတွက်ကိုယ်တိုင်လုပ်ပေးတယ်။
စားစရာတွေကိုကြည့်ပဲကြည့်နေပြီး မစားသော သူ့ရှေ့ကလူသား ဘာတွေတွေးနေလဲသူမသိရ။ ဒါတွေကိုတစ်ခါမှမစားဖူးတာလည်းဖြစ်နိုင်သည်။ ငယ်ငယ်တည်းကလန်ဒန်မှာနေခဲ့ရတော့ စစစားရမှာ တမျိုးဖြစ်နေမည်ထင်တာကြောင့် ကိုယ်ကပဲ သူ့ကိုတမျိုးချင်းစီလိုက်ပြောပြလိုက်သည်။
"၀က်နံရိုးကိုအချိုလေးချက်ထားတာ စားလေ "
"ဟုတ် ဦး"
ESTÁS LEYENDO
UNCLE WANG [Completed]
Fanfic"အန်ကယ်လ် ၀မ် ကို ကျွန်တော် တဖြည်းဖြည်းချင်းချစ်လာမိပြီထင်တယ်" Xiao Zhan