အပြင်ကပြန်လာလာချင်း ရင်ခွင်ထဲ၀င်နေတဲ့ကလေးလေးက သူ့ကိုဘာစကားမှမေးခွင့်မပေး ဖက်ထားချင်သည်ဆိုကာ တိတ်နေတာကြောင့် သူကအလိုက်တသိ ဖက်ထားပေးလိုက်သည်။နေ့တိုင်း ဒီလိုပျော့အိအိ ဂျုံဖြူလုံးလေးကိုဖက်ထားချင်မိတာ။
ဖက်ထားတာကိုခွာလိုက်ပြီး သူ့ကိုမော့ကြည့်လာကာ ဘာမှမပြောသေးပဲ မျက်၀န်းတွေကိုစိုက်ကြည့်နေသည်။ ဒါသူတို့နှစ်ယောက် မျက်လုံးချင်းအဓိပ္ပာယ်ဖွင့်ဆိုနေကြတာပဲ။
"ဒီနေ့ ဦး၀မ်စီလာမအိပ်တော့ဘူးနော်"
"ဘာလို့လဲ"
"ဘာမှမဖြစ်ပါဘူး ဒီနေ့ ကျွန်တော်တစ်ရက်ကျွန်တော် တစ်ယောက်လုံးနားချင်လို့ပါ"
"အွန်းလေ ကလေးသဘောနော်"
အရင်ရက်တွေက မျက်၀န်းကြည်ကြည်လေးတွေက ဒီနေ့တော့ အနည်းငယ် မှေးမှိန်နေသလိုပဲ။ နှုတ်ခမ်းထောင့်စွန်းနားက မှဲ့နက်လေး တွန့်သွားရုံလောက် ပြုံးပြသွားပြီး အိမ်ပေါ်ထပ်ကိုတက်သွားတယ်။
ရှောင်းကျန့်ဘာဖြစ်လာလဲသူမသိပေမယ့် တစ်ခုခုတော့ ဖြစ်လာမှန်းသူရိပ်မိလို့ရပါတယ်။ ကလေးမပြောမှတော့ သူလည်းအတင်းမမေးချင်ပါ။ အရာအားလုံးမှာ သူ့အကြောင်းကိစ္စနဲ့သူတော့ရှိတယ်လေ။
ဒီနေ့ညတော့ ကိုယ့်အခန်းထဲမှာ ကိုယ်တိတ်တဆိတ်ထိုင်နေကြတယ်။ ၀မ်ရိပေါ်က ရှောင်းကျန့် ကိုယ်လုံးသေးသေးလေးကိုလွမ်းနေသလို ရှောင်းကျန့်က ညနေက ယုလီနားထောင်ခိုင်းတဲ့ ၀မ်ပါးပါးရဲ့အသံကိုနားထဲကမထွက်ပဲ မျက်ရည်ကျမိတော့တယ်။
မနက်စာဆင်းစားပြီး နှစ်ယောက်တူတူရုံးသွားတယ်။ ဒီရက်ပိုင်း ရှောင်းကျန့်က အပင်တွေကိုတောင် ဂရုမစိုက်ဖြစ်ဘူး။ ဒါပေမယ့် သူ့အပင်တွေကို အိမ်ကအစေခံတွေက စောင့်ရှောက်ပေးထားတယ်။ကားမှန်ကတဆင့် ကြည့်လိုက်မိတဲ့မြင်ကွင်းတွေကို ရှောင်းကျန့်ကတစ်ယောက်တည်းမှတ်ချက်ချနေတယ်။ ၀မ်ရိပေါ်ကတော့ ရှောင်းကျန့်ကိုကြည့်နေတယ်။
ဘေးမှာချထားတဲ့ လက်လေးတွေကိုဆုပ်ကိုင်လိုက်တော့ မျက်၀န်းကြည်ကြည်လေးတွေနဲ့ကြည့်လာသည်။ ကိုယ်ရူးသွားနိုင်တဲ့အကြည့်တွေပါပဲ။ ကလေးလေးဘက်ကပြန်ဆုပ်ကိုင်လာတော့ သူကပိုတိုးကိုင်မိတယ်။
VOCÊ ESTÁ LENDO
UNCLE WANG [Completed]
Fanfic"အန်ကယ်လ် ၀မ် ကို ကျွန်တော် တဖြည်းဖြည်းချင်းချစ်လာမိပြီထင်တယ်" Xiao Zhan