2.5K 641 10
(Unicode)
"မြွေကြီး... ကျွန်တော်ခင်ဗျားကို ကျင့်ကြံတဲ့နည်းသင်ပေးမယ်။ ကျွန်တော်နဲ့ ပြန်လိုက်ခဲ့ပါနော်" ရှုရှုက ကျင့်ကြံခြင်းအား ဆင်ခြေတစ်ခုကဲ့သို့သုံးကာ မဲဆွယ်နေလေသည်။ တစ်ချိန်တည်း၌လည်း သူကပျော်ရွှင်စွာပြောလိုက်၏။
"ခင်ဗျားသာ...ကျင့်ကြံရင် ဆောင်းခိုပြီးအိပ်နေစရာမလိုတော့ဘူး"
ကျင့်ကြံတဲ့မြွေတစ်ကောင်က ဆောင်းခိုစရာမလိုလောက်ပါဘူးနော်။ ဖြစ်နိုင်တယ်....ယခုဆောင်းခိုစရာလိုလည်း နောင် မြွေကြီးကျင့်ကြံပြီးရင် သေချာပေါက်မလိုတော့ဘူးပေါ့။
 အက်ဂါက ရှုရှုပြောသည့် ကျင့်ကြံခြင်းအား နားမလည်ပါချေ။ သူက ရှုရှုက စိတ်ရှုပ်ထွေးစွာကြည့်ရင်း တစ်ချိန်တည်းမှာပင် ပျော်ရွှင်နေမိ၏။ ရှုရှုက သူ့ကိုတားတယ်...သူနဲ့အတူပြန်လိုက်ဖို့လည်းခေါ်တယ်...ဆိုတော့ ရှုရှုက သူ့ကိုအရမ်းတန်ဖိုးထားတာပဲ။
"မြွေကြီးး..မလှုပ်ဘူး" ရှုရှုက အက်ဂါအား ပြောလိုက်၏။
 အက်ဂါက တပည့်ကောင်းလေးပီသစွာ နာခံပြီး မလှုပ်တော့ပေ။
အေးစက်စက်လေတစ်ချက်အဝှေ့၌ ရှုရှုတုန်ယင်သွားရ၏။ သူကသားမွေးအား တင်းကျပ်အောင်စုကိုင်ကာ မြွေကြီးနားသွားလိုက်ပြီး လက်တစ်ဖက်အား မြွေကြီးပေါ် တင်လိုက်၏။
ရှုရှုက မြွေကြီးအား ကျင့်ကြံခြင်းနည်းသင်ပေးလိုသည်မှာ ကြာနေပြီဖြစ်၏။ သို့သော် သူက သင်ပေးရာ၌အတွေ့အကြုံမရှိသလို မြွေကြီးကလည်း နားလည်မည်မဟုတ်ပေ။ ထို့ကြောင့် စကားဖြင့်ရှင်းပြနေရလျှင် အဆင်မပြေချေ။
 သူက ကျင့်ကြံရာ၌ မကျွမ်းကျင်ပဲ ကမောက်ကမဖြစ်တတ်၏။ ကျင့်ကြံခြင်းကို တခြားသူအပေါ် သင်ပေးတယ်ဆိုတာ ဘုရားပဲလုပ်တတ်လိမ့်မယ်...!!
ယခုတော့ မြွေကြီးထွက်မသွားစေရန် ရှုရှုကျင့်ကြံခြင်းအား သငိပေးရတော့မည်။
 ရှုရှုက မြွေကြီးဒဏ်ရာများကို သူ၏စိတ်ဝိညာဥ်စွမ်းအားဖြင့် ကုသပေးခဲ့ဖူး၍ မြွေကြီး၏ ဒန်တျန်း(စွမ်းအင်​ဗဟို)​ရှိသော နေရာအားသိလေသည်။ သို့သော် မြွေကြီး၏တည်ဆောက်ပုံက သူ၏ဟမ်းစတားပုံစံနှင့် ယခုလက်ရှိလူပုံစံတို့နှင့် ကွဲပြားလေရာ မြွေကြီးကိုယ်တွင် စွမ်းအင်က မည်သည့်လမ်းကြောင်းဖြင့် ပတ်ရမည်ကို ရှုရှုလုံးဝမသိချေ။
Love Between Serpent Beastman & Cuttie HamsterWhere stories live. Discover now