(Unicode)❄⛄တူတူအိပ်ကြမယ်လေ⛄❄
နောက်ထပ် သုံးလေးရက်ကြာပြီးနောက် ဂူအပြင်ထုတ်ထားသော ကျားအရေခွံမှာ လုံးလုံးခြောက်သွေ့နေပြီဖြစ်၏။
အက်ဂါက ကျားအရေခွံကို အယ်ကာလီဓာတ်ပါသော ပြာများဖြင့်အကြိမ်ကြိမ်ပွတ်တိုက်ခဲ့သော်လည်း အရေခွံမှာ ယခုထိ မပျော့ပြောင်းနိုင်သေးပေ။ ထို့ကြောင့် ကျားအရေခွံအား အဝတ်အစားအဖြစ်လုပ်၍မရပဲ အောက်ခံတစ်ခုခုသာ လုပ်၍အဆင်ပြေနိုင်၏။
ရှုရှုက နေလှန်းထားသော ကျားအရေခွံကိုသယ်ကာ သူ၏အိပ်ယာလေးထဲခင်းလိုက်၏။ ထို့နောက် ရှုရှုက ပိုင်ဆိုင်မှုပြင်းပြသော မျက်လုံးများဖြင့် ကျားအရေခွံအား ပွတ်သပ်နေမိ၏။
ကျားအရေခွံကြီး...။ တကယ့်ကို ကျားအရေခွံအစစ်ကြီးးအားးး။
ကျားဆိုသည့်သားရဲက မျိုးတုံးမည်ဆိုး၍ကာကွယ်ထားသော သားရဲဖြစ်ကြ၏။ ကမ္ဘာကြီးမှာ ရှုရှု့လို ကျားအရေခွံကြီး အိပ်ယာပေါ်ခင်းအိပ်နိုင်တဲ့သူ ဘယ်နှစ်ယောက်များရှိမှာလဲ...ဟမ်။
တီဗွီထဲတွင် အလွန်ချမ်းသာသော လူအချို့ကသာ ကျားအရေခွံစောင်များကို သုံးစွဲနိုင်၏။ ယခု ရှုရှု့မှာလည်း ကျားအရေခွံစောင်ကြီးရှိနေပြီ။
ရှုရှုက ကျားကိုမကြိုက်သော်လည်း ကျားအရေခွံကိုတော့ကြိုက်၏။ ကျားအရေခွံကြီးက အနွေးဓာတ်ပေး၍ ဘာမျှမဝတ်ပဲ တစ်ကိုယ်လုံးကျားအရေခွံပတ်ထားလိုက်ချင်မိ၏။
ရှုရှု၏ အိပ်ခန်းက ဧည့်ခန်းနှင့် ချိတ်ဆက်နေ၏။ ညအိပ်ချိန်တွင် ရှုရှုက အိပ်ခန်းအပေါက်ကို တစ်ခုခုဖြင့်ပိတ်ဆို့ထားတတ်သော်လည်း နေ့လည်ခင်းအချိန်တွင် မပိတ်ထားပေ။ အက်ဂါက တောဝက်အားဖမ်းကာပြန်လာစဥ် သားရဲတစ်ပိုင်းလူသားလေးက ကျားအရေခွံအား ပွတ်သပ်နေသည်ကိုတွေ့လိုက်ရ၏။
အက်ဂါက စိတ်အခြေအနေမှာ ချက်ချင်းပင် မှောင်မိုက်သွားရ၏။ ထင်တဲ့အတိုင်းပဲ...သားရဲတစ်ပိုင်းလူသားတွေက အမွှေးပါတဲ့ သားရဲတွေကိုကြိုက်တာပဲ။
အက်ဂါ၏မွေးဖေဖေနှင့် ခမည်းတော်မှာ သူ့အား အလွန်ချစ်ကြသော်လည်း အိပ်ချိန်ရောက်ပြီး သူ၏ခမည်းတော်ဆီမှအမွေဆက်ခံရရှိသော မြွေသားရဲပုံစံနှင့်ဆိုလျှင် သူတို့က ခပ်ခွာခွာမှနေကြ၏။
ESTÁS LEYENDO
Love Between Serpent Beastman & Cuttie Hamster
FantasíaTitle- 天敌饲养指南 A Guide to Raising Your Natural Enemy Original Author- Jué Jué/决绝 English Translator....Lada's BL MTL MM-Translator...Imyour Hlaing Start date- 28.7.2021 End date - Both Zawgyi and Unicode available. (I do not own this story,I'm just...