🥀Unicode 🥀
"ဂျာကြီး... ပြန်ပြီနော်"
"အေးကွာ....."
ဒီမို ဂေဟာမှပြန်လာကတည်းက ကားတစ်စီးအနောက်မှလိုက်နေသလိုခံစားနေရသည် ။ အရှိန်လျော့ပေးလိုက်သော်လဲ ထိုကားက ကျော်မတက်ချေ ။
ဒီမို ခြံရှေ့တွင်ဆိုင်ကယ်ရပ်လိုက်သည် ။ အနောက်မှပါလာသည့်ကားအား မသိမသာလှမ်းချောင်းကြည့်လိုက်သည် ။
ကျစ်....တကယ်လိုက်နေတာပဲ။
ဒီမို့အတွက်တော့ ဤအခြေအနေသည်သိပိမထူးဆန်းပါချေ။ ဒီမို့လိုအပျော်မောင်တစ်ယောက်နောက် တစ်ဦးမဟုတ်တစ်ဦးကတော့ နှောက်ယှက်နေစမြဲပင် ။
"ဒီမို...."
ဆိုင်ကယ်အုပ်ထုတ်အားဆွဲချွတ်၍ အိမ်ထဲဝင်မည်ပြုစဥ် အနောက်မှခေါ်သံကြောင့်လှည့်ကြည့်လိုက်သည် ။
ခွန်းဆက်..... ။
"မင်းငါ့နောက်လိုက်နေတာလား...."
"ဟုတ်တယ်....မင်းအခန်းရှေ့လာသေးတယ်...မင်းမရှိလို့...ဟိုလကိကအမကိုမေးတော့ မင်းရှိတဲ့နေရာပြောပြလိုက်တာ"
နေကာမျက်မှန်အား အင်္ကျီရင်ဘက်ကြားထိုးညှပ်ရင်း ပြောနေသည့်ခွန်းဆက်သည် တဇွတ်ထိုးဆန်မည့်ပုံပေါ်သည် ။
"ကျစ်....ဘာကိစ္စရှိလို့လဲ.... မင်းနဲ့အကန့်က မနေ့က ကတည်းကပြီးနေပြီ"
"ဟာ....ဒီမိုကလဲ...ငါကမင်းခြေထောက်သက်သာမသာပြန်ကြည့်တာ"
"သက်သာသွားပြီမိုလို့...မင်းကြိုက်တဲ့နေရာဒိုး"
ဒီမို့နောက်မှကပ်ပါလာသည့် ခွန်းဆက်အား ဒီမိုမတားတော့ပါ ။ လိုက်ချင်လဲလိုက်ပါစေတော့ ။
"မနေ့က...စားကောင်းလား"
ဆိုဖာပေါ်ထိုင်ချရင်း ခွန်းဆက်စကားကိုစဥ်းစားလိုက်သည်။
"ဘယ်ဟာကိုပြောတာလဲ...."
"မနေ့ကငါပို့တဲ့မုန့်လေ"
တုန်းတိနေသည့်လက်သည်းအားကိုက်ရင်း ဒီမို့အမေးကိုပြန်ဖြေလေသည် ။ ဇွဲမာန်ပိုင်မဟုတ်ခဲ့သည့်အတွက် ဒီမိုကြိတ်ရယ်မိသည် ။
YOU ARE READING
ပန်းရိုင်း (Completed)
Romanceပန်းရိုင်းတစ်ပွင့်အား ခူးယူပန်ဆင်မည့်လူလဲမရှိပါချေ။ အမြတ်တနိုးနမ်းရှိုက်မည့်လူလဲ မရှိပါချေ။ နင်းချေဖျက်ဆီးမည့်လူသာရှိပါ၏။ ကျွန်ုပ်သည်လဲ ထိုပန်းရိုင်းနှင့်သဏ္ဍန်တူ၏။