🥀Unicode 🥀
"တီ.....တီ....တီ....တီ...."
ဒီမိုကုတင်ပေါ်မှဖုန်းကိုလှမ်းစမ်းလိုက်သည် ။ screen ပေါ်မှ အမည်နာမလေးသည် ဒီမို့မျက်လုံးများကိုပြူးကျယ်စေသည် ။
အဝင်ကောလ်မရှိသလောက်ရှားသည့် ဒေါ်မေရှင်းခ၏ဖုန်းကောလ်။ ည ၉နာရီထိုးသည် ဒီမို့အတွက် အိပ်ချိန်ပင်ဖြစ်သည် ။
"ဟဲလို......."
"အင်း....သား....နေကောင်းရဲ့လား"
မကြားရတာကြာပြီဖြစ်သောမိခင်အသံသည် ဒီမို့အတွက် နားဝင်ချိုသည် ။
"ဟုတ်မေ....သားနေကောင်းပါတယ်... အမေရော"
"အင်း....အမေနေမကောင်းလို့လှမ်းခေါ်လိုက်တာ.....လာခဲ့မယ်မဟုတ်လား"
"အင်း....အခုလာပြီမေ....သားလာပြီနော်"
ဒီမိုလက်ထဲမှဖုန်းကိုကောင်ကိုင်ရင်း လွယ်နေကျလွယ်အိတ်ကိုလွယ်လိုက်သည် ။ အိပ်ချင်စိတ်တို့လဲ တိမ်တွေလို လွင့်ပျယ်ကုန်သည် ။
ကားလမ်းမထက်တွင် မီးရောင်စုံဖြင့် ကားတို့ကတဝှီဝှီ ။ လှုတ်ရွလှုတ်ရွရွေ့လျားနေကြသည့် လူများဖြင့် စည်းကားနေသည့် ရန်ကုန်မြို့၏ညတစ်ည ။
ရွှေတိဂုံဘုရားကြီးအား စိတ်ထဲမှပင်ဖူးမျှော်ပူဇော်လိုက်ရသည် ။ ဤနေ့ည ထူးထူးဆန်းဆန်း လှပလွန်းနေသည် ။
"အမေ....."
ပြန်ထူးသံမကြားရ ။ နောက်တစ်ခေါက်ထပ်ခေါ်သော်လည်း ဗလာနတ္ထိ ။ ဒီမို့စိုးရိမ်စိတ်တို့သည် ငယ်ထိပ်အထိ ရောက်နေချေပြီ ။
အသင့်ဖွင့်ထားသော အခန်းသည် ဒေါ်မေရှင်းခအခန်းဖြစ်သည် ။ ဒီမိုစိုးရိမ်တကြီးဖြင့် အိတ်ကိုဆိုဖာပေါ်ပြစ်တင်ရင်း ဝင်လိုက်သည် ။
ဒုန်းကနဲအသံနှင့်အတူ အခန်းတံခါးပိတ်သွားသည် ။
"အမေ....အမေလား"
အခန်းတံခါးအား တွန်းဖွင့်သော်လဲပွင့်မလာ ။ အခန်းတစ်ထုလုံး မဲမှောငိနေသည် ။ ဘာဆိုဘာမှမမြင်ရ။
"ဒီမို....အမေအကြွေးတွေနစ်နေပြီ.....အိမ်လည်းပေါင်းထားရပြီ"
"ဗျာ....."
YOU ARE READING
ပန်းရိုင်း (Completed)
Romanceပန်းရိုင်းတစ်ပွင့်အား ခူးယူပန်ဆင်မည့်လူလဲမရှိပါချေ။ အမြတ်တနိုးနမ်းရှိုက်မည့်လူလဲ မရှိပါချေ။ နင်းချေဖျက်ဆီးမည့်လူသာရှိပါ၏။ ကျွန်ုပ်သည်လဲ ထိုပန်းရိုင်းနှင့်သဏ္ဍန်တူ၏။